သင်တို့အား ငါဆိုသည်ကား ‘သူသည် တရားမဲ့သောသူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ဟု ရေးထားသောအရာသည် ငါ၌ပြည့်စုံရမည်။ အမှန်စင်စစ် ငါနှင့်ပတ်သက်သောအရာသည် ဆုံးခန်းသို့ရောက်နေပြီ”ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 17:4 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ဆောင်ရွက်ရန် ကိုယ်တော်ပေးအပ်တော်မူသောအမှုတော်ကို အကျွန်ုပ်သည် ပြီးမြောက်စေ၍ ကိုယ်တော်၏ဘုန်းတော်ကို မြေကြီးပေါ်၌ထင်ရှားစေပါပြီ။ Common Language Bible ဤလောကတွင်အကျွန်ုပ်သည်ကိုယ်တော်၏ ဘုန်းအသရေကိုထွန်းတောက်စေပါပြီ။ ကိုယ် တော်အကျွန်ုပ်အားပေးအပ်တော်မူသောအမှု တော်ကိုအပြီးတိုင်ဆောင်ရွက်ပြီးပါပြီ။- Garrad Bible အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်ပြီးစီးသဖြင့် ဤမြေကြီးပေါ်တွင်ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။ Judson Bible အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဖို့ အကျွန်ုပ်၌ အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျွန်ုပ်သည် ကိုယ်တော်မှာကြားတော်မူသမျှတို့ကို ပြီးမြောက်စေ၍ ဤလောကတွင် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေပါပြီ။ မြန်မာ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဖို့ အကျွန်ုပ်၌ အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။- |
သင်တို့အား ငါဆိုသည်ကား ‘သူသည် တရားမဲ့သောသူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ဟု ရေးထားသောအရာသည် ငါ၌ပြည့်စုံရမည်။ အမှန်စင်စစ် ငါနှင့်ပတ်သက်သောအရာသည် ဆုံးခန်းသို့ရောက်နေပြီ”ဟု မိန့်တော်မူ၏။
‘အို အဖ၊ ကိုယ်တော်၏နာမတော်အား ဘုန်းတော်ထင်ရှားစေတော်မူပါ’”ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ “ငါသည် ဘုန်းတော်ထင်ရှားစေခဲ့ပြီ။ နောက်တစ်ဖန်လည်း ထင်ရှားစေဦးမည်”ဟု ကောင်းကင်မှအသံတော်လာ၏။
ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်း ငါ၏နာမ၌ သင်တို့တောင်းလျှောက်သမျှကို ငါပြုမည်။
သို့ရာတွင် ငါသည် ခမည်းတော်ကိုချစ်ကြောင်း ဤလောကအားသိစေရန် ငါ့ကို ခမည်းတော်မိန့်မှာတော်မူသည့်အတိုင်း ငါပြု၏။ ထကြလော့။ ဤအရပ်မှသွားကြကုန်စို့။
ငါသည် ငါ့ခမည်းတော်၏ပညတ်ချက်များကို စောင့်ထိန်း၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာတော်၌ တည်နေသကဲ့သို့ သင်တို့သည် ငါ၏ပညတ်ချက်များကိုစောင့်ထိန်းလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
ထို့နောက် ယေရှုသည် အမှုအလုံးစုံပြီးစီးပြီဖြစ်ကြောင်း သိတော်မူ၍ ကျမ်းစာကိုပြည့်စုံစေရန်“ငါရေငတ်သည်”ဟု မိန့်တော်မူ၏။
ထိုသို့ ဝိုင်ချဉ်ကိုခံယူပြီးသောအခါ ယေရှုသည်“အမှုပြီးပြီ”ဟု မိန့်တော်မူလျက် ဦးခေါင်းတော်ငိုက်စိုက်ကျကာ အသက်ကိုစွန့်တော်မူ၏။
ယေရှုကလည်း“ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကို ဆောင်ရွက်၍ သူ၏အမှုတော်ကိုပြီးမြောက်စေခြင်းသည် ငါ၏အစားအစာဖြစ်၏။
ငါ၌မူကား ယောဟန်ထက် ကြီးမြတ်သောသက်သေခံချက်ရှိ၏။ ငါပြီးမြောက်အောင်ဆောင်ရွက်ရန် ငါ့အားခမည်းတော်ပေးအပ်တော်မူသောအမှုများဖြစ်သည့် ယခုငါပြုနေသောအမှုများကပင် ခမည်းတော်သည် ငါ့အားစေလွှတ်တော်မူကြောင်းကို သက်သေခံကြ၏။
ယေရှုက“ဤသူအပြစ်ပြုသောကြောင့်မဟုတ်၊ သူ့မိဘကအပြစ်ပြုသောကြောင့်လည်းမဟုတ်။ သူ၌ ဘုရားသခင်၏အမှုတော်များထင်ရှားစေရန်အတွက်သာဖြစ်၏။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ငါသည် ကောင်းသောတိုက်ပွဲကို တိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို စောင့်ထိန်းခဲ့ပြီ။