အီဂျစ်ပြည်၌ အကျွန်ုပ်ရသောဂုဏ်သရေရှိသမျှနှင့် သင်တို့တွေ့မြင်သောအရာရှိသမျှတို့ကို အကျွန်ုပ်၏ဖခင်အားပြောပြရမည်။ သင်တို့သည် အလျင်အမြန်သွား၍ အကျွန်ုပ်၏ဖခင်ကို ဤအရပ်သို့ခေါ်ဆောင်ခဲ့ရမည်”ဟု ဆိုလေ၏။
ရှင်ယောဟန် 17:24 - မြန်မာ့စံမီသမ္မာကျမ်း အို အဖ၊ ကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူ၍ အကျွန်ုပ်အားပေးတော်မူသောအကျွန်ုပ်၏ဘုန်းအသရေကို အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ရှုမြင်ရကြရန် သူတို့ကို အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ Common Language Bible ``အို အဖ၊ ကမ္ဘာမတည်မရှိမီကိုယ်တော်သည် အကျွန်ုပ်ကိုချစ်၍ပေးတော်မူသောဘုန်း အသရေကို အကျွန်ုပ်အားကိုယ်တော်ပေးအပ် တော်မူသောသူတို့သည်မြင်ကြစေရန် အကျွန်ုပ် ရှိရာအရပ်တွင်သူတို့အားရှိစေလိုပါ၏။- Garrad Bible အိုအဘ၊ ဤလောကမတည်မီချစ်သည့်အတိုင်းအကျွန်ုပ်အားသနားတော်မူသောဘုန်းကို ကြည့်မြင်ကြစေရန်၊ အကျွန်ုပ်နှင့်အတူ စံရာတွင်အပ်ပေးတော်မူသောသူတို့ရှိစေလိုပါ၏။ Judson Bible အို အဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသောဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှာ အကျွန်ုပ်အလိုရှိပါ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။ မြန်မာ အို အဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသောဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှာ အကျွန်ုပ်အလိုရှိပါ၏။- |
အီဂျစ်ပြည်၌ အကျွန်ုပ်ရသောဂုဏ်သရေရှိသမျှနှင့် သင်တို့တွေ့မြင်သောအရာရှိသမျှတို့ကို အကျွန်ုပ်၏ဖခင်အားပြောပြရမည်။ သင်တို့သည် အလျင်အမြန်သွား၍ အကျွန်ုပ်၏ဖခင်ကို ဤအရပ်သို့ခေါ်ဆောင်ခဲ့ရမည်”ဟု ဆိုလေ၏။
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အားကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အား ကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
သင်တို့အား ငါဆိုသည်ကား ငါ့ခမည်းတော်၏နိုင်ငံတော်၌ သင်တို့နှင့်အတူအသစ်ပြန်သောက်မည့် ထိုနေ့ရက်တိုင်အောင် ယခုမှစ၍ စပျစ်သီးမှဖြစ်သောဤအရည်ကို ငါလုံးဝသောက်မည်မဟုတ်”ဟု မိန့်တော်မူ၏။
သခင်ပြန်လာသောအခါ သတိနှင့်စောင့်နေကြသည်ကို သခင်တွေ့ရသောအစေအပါးတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိခါးကိုစည်းလျက် သူတို့ကိုထိုင်စေပြီးလျှင် အနားသို့လာ၍ သူတို့ကိုလုပ်ကျွေးပြုစုလိမ့်မည်။
ကိုယ်တော်ကလည်း“သင့်အား ငါအမှန်ဆိုမည်။ သင်သည် ယနေ့ပင် ငါနှင့်အတူပရဒိသုဘုံ၌ရှိမည်”ဟု သူ့အား မိန့်တော်မူ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုဆောင်လည်းရှိလိမ့်မည်။ မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလိမ့်မည်။
ထိုသို့သွား၍ သင်တို့အတွက်နေရာပြင်ဆင်ပြီးလျှင် ငါရှိရာအရပ်၌ သင်တို့လည်းရှိစေရန် တစ်ဖန်ပြန်လာ၍ သင်တို့ကို ငါ့ထံသို့ ခေါ်ယူသိမ်းဆည်းမည်။
ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။
အကြောင်းမှာ ကိုယ်တော်သည် သားတော်အား လူသားအားလုံးကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူပြီ။ ဤသည်ကား သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကိုပေးနိုင်ရန်အတွက်ဖြစ်ပါ၏။
အကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူတို့သည်လည်း တစ်လုံးတစ်ဝတည်းဖြစ်ကြစေရန် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောဘုန်းအသရေတော်ကို သူတို့အားအကျွန်ုပ်ပေးပါပြီ။
အို အဖ၊ ဤကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်နှင့်အတူ အကျွန်ုပ်ခံစားရသောဘုန်းအသရေတော်အားဖြင့် ယခုပင် အကျွန်ုပ်ကို အထံတော်ပါး၌ ဘုန်းထင်ရှားစေတော်မူပါ။
ငါ့အားခမည်းတော်ပေးတော်မူသောသူမှန်သမျှသည် ငါ့ထံသို့လာမည်။ ငါ့ထံသို့လာသောသူကိုလည်း ငါသည် မည်သည့်အခါမျှနှင်ထုတ်မည်မဟုတ်။
ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကား ငါ့ထံကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့တွင် တစ်စုံတစ်ဦးကိုမျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေရန်ဖြစ်၏။
ယေရှုကလည်း“သင်တို့အား ငါအမှန်အကန်ဆိုမည်။ အာဗြဟံမမွေးဖွားမီကပင် ငါရှိ၏”ဟု မိန့်တော်မူ၏။
ယခု ငါတို့သည် မှန်အားဖြင့် မှုန်ဝါးဝါးသာမြင်ရကြ၏။ ထိုအခါ၌မူကား မျက်ဝါးထင်ထင်မြင်ရကြလိမ့်မည်။ ယခု ငါသည် တစ်စိတ်တစ်ဒေသမျှသာသိ၏။ သို့သော် ငါ့ကိုစုံလင်စွာသိတော်မူသကဲ့သို့ ထိုအခါ၌မူကား ငါသည်လည်း စုံလင်စွာသိရလိမ့်မည်။
ငါတို့ရှိသမျှသည်လည်း မျက်နှာလွှားမပါသောမျက်နှာပေါ်တွင် သခင်ဘုရား၏ဘုန်းတော်ကို ထင်ဟပ်စေလျက် ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားအားဖြင့် ဘုန်းတော်မှ ဘုန်းတော်သို့ ပုံသဏ္ဌာန်ပြောင်းလဲစေခြင်းကိုခံရကြ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ”ဟု မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်တော်၏မျက်နှာတော်၌ထွန်းလင်းသည့် ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်အလင်းရောင်အား ငါတို့စိတ်နှလုံးထဲ၌ ထွန်းလင်းစေတော်မူ၏။
ငါတို့သည် ယုံကြည်စိတ်ချမှုရှိ၍ ကိုယ်ခန္ဓာမှကွာလျက် သခင်ဘုရားနှင့်အတူရှိနေရန် သာ၍အလိုရှိကြ၏။
သို့ဖြစ်၍ ငါသည် ဤနှစ်ခုကြား၌ အကျပ်ရိုက်နေ၏။ ငါသည် ဤဘဝကိုစွန့်ခွာ၍ ခရစ်တော်နှင့်အတူရှိရန် ဆန္ဒရှိ၏။ ထိုသို့ဖြစ်လျှင် များစွာသာလွန်ကောင်းမွန်၏။
ထို့နောက် အသက်ရှင်လျက်ကျန်ရစ်သောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားနှင့်တွေ့ဆုံရန် ထိုသူတို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါတို့သည် သခင်ဘုရားနှင့်အတူ အစဉ်အမြဲနေရကြလိမ့်မည်။
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။
ချစ်ရသောသူတို့၊ ယခု ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ အနာဂတ်တွင် ငါတို့မည်သို့ဖြစ်ကြမည်ကို ထင်ရှားစွာမသိရသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်ကို ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါတို့သည် ကိုယ်တော်နှင့်တူကြမည်ကို ငါတို့သိကြ၏။
ထိုမြို့၌ ဗိမာန်တော်ကို ငါမတွေ့ရပေ။ အကြောင်းမူကား အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်နှင့် သိုးသငယ်တော်သည် ထိုမြို့၏ဗိမာန်တော်ဖြစ်၏။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။