ရှင်ယောဟန် 17:10 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ပိုင်သောအရာအားလုံးတို့ကို ကိုယ်တော်ပိုင်တော်မူပြီး ကိုယ်တော်ပိုင်သောအရာတို့ကိုလည်း အကျွန်ုပ်ပိုင်သည်ဖြစ်၍ အကျွန်ုပ်သည် ထိုအရာများအားဖြင့် ဘုန်းထင်ရှားခြင်းရှိပါပြီ။ Common Language Bible အကျွန်ုပ်တွင်ရှိသမျှသောအရာတို့ကို ကိုယ်တော်ပိုင်တော်မူ၍ ကိုယ်တော်၌ရှိသမျှ သောအရာတို့ကိုလည်းအကျွန်ုပ်ပိုင်ပါ၏။ ထိုအရာများအားဖြင့်အကျွန်ုပ်၏ဘုန်း အသရေထွန်းတောက်ပါ၏။- Garrad Bible အကျွန်ုပ်ပိုင်သမျှသည် ကိုယ်တော်ပိုင်၊ ကိုယ်တော်ပိုင်လည်းအကျွန်ုပ်ပိုင်ဖြစ်သည်နှင့် ထိုသူတို့အားဖြင့်အကျွန်ုပ်၏ဘုန်းထင်ရှားပါပြီ။ Judson Bible အကျွန်ုပ်နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည်လည်း၊ အကျွန်ုပ်နှင့်စပ်ဆိုင်၍ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျွန်ုပ်ပိုင်သောသူ ရှိသမျှတို့ကို ကိုယ်တော်ပိုင်တော်မူ၍ ကိုယ်တော်ပိုင်တော်မူသောအရာ မှန်သမျှတို့ကိုလည်း အကျွန်ုပ်ပိုင်ပါ၏။ ထို့ကြောင့် ထိုအရာများအားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။ မြန်မာ အကျွန်ုပ်နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည်လည်း၊ အကျွန်ုပ်နှင့်စပ်ဆိုင်၍ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။- |
ယေရှုသည် ထိုအကြောင်းကိုကြားလျှင်“ဤနာမကျန်းဖြစ်ခြင်းသည် သေခြင်းသို့ရောက်စေရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်အတွက်ဖြစ်ပြီး ဘုရားသခင်၏သားတော်သည် ထိုအခြင်းအရာအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိစေရန်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
ဧဖက်မြို့၌နေထိုင်ကြသော ဂျူးလူမျိုးနှင့်ဂရိလူမျိုးအပေါင်းတို့သည် ထိုအကြောင်းကို ကြားသိသောအခါ သူတို့အားလုံးကြောက်ရွံ့လျက် သခင်ယေရှု၏နာမတော်ကို ချီးမွမ်းကြ၏။
ငါသည် မည်သည့်အရာ၌မျှ ရှက်ကြောက်ခြင်းမရှိဘဲ ခါတိုင်းကဲ့သို့ ယခုအခါတွင်လည်း ရဲရင့်ခြင်းအပြည့်အဝရှိလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်သည် ချီးမွမ်းခြင်းခံရမည့်အကြောင်း မျှော်လင့်တောင့်တ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။
ထိုနေ့၌ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသူတို့အားဖြင့် ဘုန်းတော်ထင်ရှားစေခြင်းကိုခံရပြီး ငါတို့၏သက်သေခံချက်ကို သင်တို့ယုံကြည်ကြသည်ဖြစ်၍ ယုံကြည်သူအပေါင်းတို့၏အံ့ဩချီးမွမ်းခြင်းကိုခံရလိမ့်မည်။
ဤသည်ကား ငါတို့၏ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်အားဖြင့် ငါတို့သခင်ယေရှု၏နာမတော်သည် သင်တို့၌ဘုန်းထင်ရှားစေခြင်းကိုခံရလျက် သင်တို့သည်လည်း ကိုယ်တော်၌ဘုန်းထင်ရှားစေခြင်းကိုခံရမည့်အကြောင်းတည်း။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။