သို့ဖြစ်၍ သူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့မတောင်းမီကပင် သင်တို့လိုအပ်သောအရာများကို သိနှင့်တော်မူ၏။
ရှင်ယောဟန် 16:19 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် မိမိအား တပည့်တော်တို့မေးလျှောက်လိုကြသည်ကို သိမြင်တော်မူလျှင်“ ‘ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ရကြမည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ရကြလိမ့်မည်’ဟု ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆိုနေကြသလော။ Common Language Bible သခင်ယေရှုသည်မိမိအားထိုသူတို့လျှောက် ထားမေးမြန်းလိုကြောင်းသိတော်မူသဖြင့် ``သင် တို့အချင်းချင်းအဘယ်အကြောင်းကိုမေးမြန်း ပြောဆိုလျက်နေကြသနည်း။ `အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်' ဟူ၍လည်းကောင်း၊ ထိုနောက် `အချိန် အနည်းငယ်ကြာပြန်သော်ငါ့ကိုပြန်၍တွေ့ မြင်ကြလိမ့်မည်' ဟူ၍လည်းကောင်းငါပြော သောစကားများနှင့်ပတ်သက်၍လော။- Garrad Bible ယေရှုသည် မေးလျှောက်လိုကြကြောင်းကိုသိမြင်တော်မူ၍ ခဏမျှကြာသော် သင်တို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ ခဏမျှကြာပြန်သော်မြင်ရကြလိမ့်မည်ဟု ငါပြောသောစကားနှင့်စပ်၍ အချင်းချင်းမေးမြန်းကြသလော။ Judson Bible တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် တပည့်တော်တို့ မေးခွန်းမေးလျှောက်လိုကြောင်းကို သိတော်မူသောအခါ “ ‘မကြာမီ အချိန်တွင် သင်တို့သည် ငါ့ကို တွေ့မြင်ကြရတော့မည်မဟုတ်။ သို့ရာတွင် အချိန်အနည်းငယ် ကြာပြန်သော် ငါ့ကို ပြန်လည်တွေ့မြင်ကြရလိမ့်မည်’ ဟု သင်တို့ကို ငါပြောသောစကားနှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆို နေကြသလော။ မြန်မာ တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။- |
သို့ဖြစ်၍ သူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့မတောင်းမီကပင် သင်တို့လိုအပ်သောအရာများကို သိနှင့်တော်မူ၏။
ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ မကောင်းသောအရာများကို စဉ်းစားဆင်ခြင်နေကြသနည်း။
တပည့်တော်တို့သည် ထိုစကားကို နားမလည်ကြသော်လည်း ကိုယ်တော်အားမမေးဝံ့ကြချေ။
ချစ်သားတို့၊ ငါသည် သင်တို့နှင့်အတူ ခဏတာမျှသာ နေရတော့မည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့ရာတွင် ‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ဟု ဂျူးလူမျိုးတို့အား ငါပြောသကဲ့သို့ ယခု သင်တို့ကိုလည်း ငါပြော၏။
နောက်ထပ် ခဏကြာလျှင် ဤလောကသည် ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ရကြလိမ့်မည်။ ငါသည်အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။
ခဏကြာလျှင် သင်တို့သည် ငါ့ကိုမြင်ရကြတော့မည်မဟုတ်။ သို့ရာတွင် နောက်ထပ် ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
တစ်ဖန် သူတို့က “‘ခဏကြာလျှင်’ဟူ၍ မိန့်တော်မူသောဤစကားမှာ မည်သို့နည်း။ ကိုယ်တော်မိန့်တော်မူသောအရာကို ငါတို့နားမလည်ကြ”ဟု ပြောဆိုကြ၏။
ထိုနေ့၌ သင်တို့သည် မည်သည့်အရာကိုမျှ ငါ့အားမေးမြန်းကြလိမ့်မည်မဟုတ်။ သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့သည် တစ်စုံတစ်ခုကို ငါ၏နာမ၌ ခမည်းတော်ထံ တောင်းလျှောက်ကြလျှင် ခမည်းတော်သည်ပေးတော်မူမည်။
ထိုနေ့တွင် သင်တို့သည် ငါ့နာမ၌ တောင်းလျှောက်ကြလိမ့်မည်။ သင်တို့အတွက် ခမည်းတော်ထံ ငါတောင်းပေးမည်ဟု ငါမဆိုပေ။
ကိုယ်တော်သည် အလုံးစုံတို့ကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော်ကို မေးလျှောက်စရာမလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါပြီ။ ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာတော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်ကြပါ၏”ဟု လျှောက်ကြ၏။
တတိယအကြိမ်၌ ကိုယ်တော်က“ယောဟန်၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူ၏။ ကိုယ်တော်က တတိယအကြိမ်၌“သင်သည် ငါ့ကိုချစ်ခင်သလော”ဟု မေးတော်မူသောကြောင့် ပေတရုသည် စိတ်မကောင်းဖြစ်၍ “သခင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိပါ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ယေရှုကလည်း“ငါ၏သိုးတို့ကို ကျွေးမွေးလော့။
ဤအကြောင်းအရာနှင့်ပတ်သက်၍ တပည့်တော်တို့မကျေမနပ်ပြောဆိုနေကြသည်ကို ယေရှုသည် အလိုအလျောက်သိတော်မူသဖြင့်“ဤစကားကြောင့် သင်တို့စိတ်ပျက်ကြသလော။
ထိုအခါ ယေရှုက“ငါသည် သင်တို့နှင့်အတူ နောက်ထပ် ခဏနေပြီးလျှင် ငါ့ကိုစေလွှတ်တော်မူသောအရှင်ထံသို့ သွားမည်။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။
သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။