ရှင်ယောဟန် 15:27 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည်လည်း အစအဦးကပင် ငါနှင့်အတူရှိကြသောကြောင့် သက်သေခံကြလိမ့်မည်။ Common Language Bible သင်တို့သည်လည်းအစကပင်ငါနှင့်အတူ ရှိနေသောကြောင့် ငါ၏အကြောင်းကိုပြော ကြားရကြလိမ့်မည်။'' Garrad Bible သင်တို့လည်း အစကပင်ငါနှင့်အတူရှိနေသောကြောင့် သက်သေခံကြ၏။ Judson Bible သင်တို့သည်လည်း ရှေ့ဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည်လည်း ငါအမှုတော်လုပ်ငန်း စတင်စဉ်ကပင် ငါနှင့်အတူ ရှိနေခဲ့သောကြောင့် ငါ့အကြောင်းကို သက်သေခံကြရမည်။ မြန်မာ သင်တို့သည်လည်း ရှေ့ဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။ |
ဤအခြင်းအရာကိုမြင်သောသူသည် သက်သေခံခဲ့၍ သူ၏သက်သေခံချက်သည်မှန်ကန်၏။ သင်တို့သည်လည်း ယုံကြည်ကြရန် သူသည် မှန်ကန်စွာပြောဆိုနေကြောင်း သူကိုယ်တိုင်သိ၏။
ဤအကြောင်းအရာများကို သက်သေခံ၍ ရေးထားသောသူမှာ ထိုတပည့်တော်ပင်ဖြစ်၏။ သူ၏သက်သေခံချက်မှန်ကန်ကြောင်းကိုလည်း ငါတို့သိကြ၏။
သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ဂါလိလဲနယ်မှ ဂျေရုဆလင်မြို့သို့ မိမိနှင့်အတူလိုက်ပါခဲ့ကြသောသူတို့အား ရက်ပေါင်းများစွာအတွင်း ကိုယ်ထင်ရှားပြတော်မူ၏။ ယခုအခါ ထိုသူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏သက်သေများဖြစ်ကြ၏။
သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ဆင်းလာကြသောအခါ ပေါလုသည် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဂျူးလူမျိုးတို့အား သက်သေခံလေ၏။
ထိုည၌ သခင်ဘုရားသည် ပေါလုထံပါး၌ပေါ်လာ၍“မစိုးရိမ်နှင့်။ အကြောင်းမူကား သင်သည် ဂျေရုဆလင်မြို့၌ ငါ့အကြောင်းကို သက်သေခံခဲ့သည့်နည်းတူ ရောမမြို့၌လည်း သက်သေခံရမည်”ဟု မိန့်တော်မူ၏။
အသက်ပေးပိုင်သောအရှင်ကိုမူ သင်တို့ကွပ်မျက်ကြ၏။ သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူ၏။ ငါတို့သည် ဤအမှုအရာ၏သက်သေများဖြစ်ကြ၏။
အကျွန်ုပ်တို့သည် မိမိတို့ကြားရ၊ မြင်ရသောအရာတို့ကို မဟောပြောဘဲမနေနိုင်”ဟု သူတို့အား ပြန်ပြောကြ၏။
တမန်တော်တို့သည် သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြီးစွာသောတန်ခိုးဖြင့် သက်သေခံကြ၍ ကြီးမားသောကျေးဇူးတော်သည် သူတို့အားလုံးအပေါ်သို့ သက်ရောက်လေ၏။
သို့ဖြစ်၍ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်ပြီး ခရစ်တော်၏ဒုက္ခဝေဒနာများကိုသက်သေခံသူနှင့် ထင်ရှားလာတော့မည့် ကိုယ်တော်၏ဘုန်းအသရေတော်ကို မျှဝေခံစားသူဖြစ်သောငါသည် သင်တို့တွင်ရှိသောအသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်ပါ၏။
ငါသည် သစ္စာရှိသောညီအစ်ကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတစ်ဆင့် စာအနည်းငယ်ရေးလိုက်ခြင်းအားဖြင့် သင်တို့ကိုတိုက်တွန်းနှိုးဆော်ကာ ဤအရာသည် ဘုရားသခင်၏စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံ၏။ သင်တို့သည် ဤကျေးဇူးတော်၌ ရပ်တည်ကြလော့။
ခမည်းတော်သည် သားတော်ကို လောက၏ကယ်တင်ရှင်အဖြစ် စေလွှတ်တော်မူခဲ့သည်ကို ငါတို့မြင်၍ သက်သေခံကြ၏။
ယောဟန်သည်လည်း သူတွေ့မြင်သမျှသော ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုခရစ်တော်နှင့်ဆိုင်သည့် သက်သေခံချက်တို့ကို သက်သေခံလေ၏။
ယေရှု၌ဆင်းရဲဒုက္ခကိုလည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံခြင်းကိုလည်းကောင်း သင်တို့နှင့်အတူ မျှဝေခံစားသူဖြစ်သော သင်တို့၏ညီအစ်ကို ငါယောဟန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုနှင့်ဆိုင်သောသက်သေခံချက်တို့ကြောင့် ပတ်မုဟုခေါ်သောကျွန်းတွင်ရောက်နေ၏။