တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သည့် ယေရှုချစ်တော်မူသောသူသည် ကိုယ်တော်၏ရင်ခွင်တော်နားမှာ ထိုင်လျက်နေသဖြင့်
ထိုအခါသခင်ယေရှုချစ်တော်မူသော တပည့်တော်သည် ကိုယ်တော်၏လက်ယာတော် ဘက်တွင်ထိုင်လျက်နေ၏။-
ထိုအခါ ယေရှုချစ်တော်မူ၍ ရင်ခွင်တော်၌လျောင်းနေသောတပည့်တော်တစ်ပါးအား၊
ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊-
ယေရှုချစ်တော်မူသောတပည့်တော်သည် ကိုယ်တော်၏နံဘေး၌ မှီလျက်နေ၏။
ဆင်းရဲသောသူ၌မူကား သူဝယ်ယူထားသော သိုးသငယ်မလေးတစ်ကောင်မှလွဲ၍ မည်သည့်အရာမျှမရှိ။ သူသည် ထိုသိုးသငယ်မလေးကို ကျွေးမွေးပြုစုခဲ့၏။ သူနှင့်အတူနေ၍ သူ့သားသမီးနှင့်အတူကြီးပြင်းလာ၏။ သူနှင့်အတူ စား၏။ သူ့ခွက်တွင်ပင် သောက်၏။ သူ့သမီးကဲ့သို့ သူ့ရင်ခွင်တွင် အိပ်၏။
နာသန်၏သားအာဇရိသည် နယ်စားမင်းကြီး၊ နာသန်၏သားဇာဗုဒ်သည် ယဇ်ပုရောဟိတ်နှင့် ဘုရင့်အတိုင်ပင်ခံ၊
ထို့နောက် ထိုဆင်းရဲသားသည် သေလွန်သွားရာ ကောင်းကင်တမန်တို့သည် သူ့ကို အာဗြဟံ၏ရင်ခွင်ထဲသို့ ခေါ်ဆောင်သွားကြ၏။ သူဌေးသည်လည်း သေလွန်သဖြင့် သင်္ဂြိုဟ်ခြင်းကိုခံရ၏။
ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
ထို့ကြောင့် ထိုညီအစ်မတို့သည် ကိုယ်တော်ထံသို့ လူကိုစေလွှတ်၍ “သခင်ဘုရား၊ ကိုယ်တော်ချစ်ခင်တော်မူသောသူသည် နာမကျန်းဖြစ်နေပါသည်”ဟု လျှောက်ထားကြ၏။
ထိုအခါ ဂျူးလူမျိုးတို့က “ကြည့်ပါ။ လာဇရုကို အလွန်ချစ်ခင်ပါသည်တကား”ဟု ဆိုကြ၏။
ယေရှုသည် မာသ၊ သူ၏ညီမနှင့် လာဇရုတို့ကို ချစ်တော်မူ၏။
မည်သူ့ကိုရည်ညွှန်း၍ မိန့်တော်မူသည်ကိုမေးရန် ရှိမုန်ပေတရုက ထိုတပည့်တော်အား အချက်ပြလေ၏။
သို့ဖြစ်၍ ထိုတပည့်တော်သည် သူ့နေရာမှ ယေရှု၏ရင်ခွင်တော်သို့ ချဉ်းကပ်လျက် “သခင်ဘုရား၊ ထိုသူသည် မည်သူနည်း”ဟု မေးလျှောက်လေ၏။
ယေရှုသည် အနီး၌ရပ်နေသည့် ချစ်တော်မူသောတပည့်တော်နှင့် မယ်တော်ကို မြင်တော်မူလျှင် မယ်တော်အား“အသင်အမျိုးသမီး၊ ကြည့်လော့။ သင်၏သားပေတည်း”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူသည် ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ထံသို့ ပြေးသွား၍ “သခင်ဘုရားကို သင်္ချိုင်းဂူထဲမှ သူတို့ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကိုမသိပါ”ဟု ဆိုလေ၏။
ပေတရုသည် လှည့်ကြည့်လိုက်ရာ ယေရှုချစ်တော်မူသောတပည့်တော်သည် နောက်မှလိုက်လာသည်ကို မြင်လေ၏။ ထိုတပည့်တော်သည် ယခင်ညစာစားစဉ်က ယေရှု၏ရင်ခွင်တော်သို့ချဉ်းကပ်လျက် “သခင်ဘုရား၊ ကိုယ်တော်ကိုအပ်နှံမည့်သူသည် မည်သူနည်း”ဟု မေးလျှောက်ခဲ့သူလည်းဖြစ်၏။
ဤအကြောင်းအရာများကို သက်သေခံ၍ ရေးထားသောသူမှာ ထိုတပည့်တော်ပင်ဖြစ်၏။ သူ၏သက်သေခံချက်မှန်ကန်ကြောင်းကိုလည်း ငါတို့သိကြ၏။
ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က ပေတရုအား “သခင်ဘုရားပေတည်း”ဟု ဆိုလေ၏။ ရှိမုန်ပေတရုသည် သခင်ဘုရားဖြစ်ကြောင်း ကြားသောအခါ အဝတ်ချွတ်ထားသည်ဖြစ်၍ အပေါ်အဝတ်ကို ခါး၌စည်းပြီးလျှင် ပင်လယ်ထဲသို့ခုန်ဆင်းလေ၏။