အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။
ရှင်ယောဟန် 13:10 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံးစင်ကြယ်သည်ဖြစ်၍ ခြေမှလွဲ၍ ဆေးရန်မလို။ သင်တို့သည် စင်ကြယ်ကြ၏။ သို့သော် သင်တို့အားလုံးမဟုတ်”ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``ရေချိုးပြီးသူသည်တစ်ကိုယ် လုံးစင်ကြယ်ပြီးဖြစ်၍ခြေကိုသာဆေးရန် လို၏။ သင်တို့သည်စင်ကြယ်ပြီးဖြစ်၏။ သို့ရာ တွင်လူတိုင်းစင်ကြယ်သည်မဟုတ်'' ဟုမိန့် တော်မူ၏။- Garrad Bible ယေရှုက ရေချိုးပြီးသူသည် ကိုယ်လုံးစင်ကြယ်သည့်အလျောက် ခြေမှတစ်ပါးဆေးရန်မလို။ သင်တို့စင်ကြယ်ကြ၏။ သို့ရာတွင် သင်တို့ရှိသမျှစင်ကြယ်ကြသည်မဟုတ်ဟု မိန့်တော်မူ၏။ Judson Bible ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတစ်ပါး ဆေးရသောအကြောင်းမရှိ၊ တစ်ကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံးစင်ကြယ်သည်ဖြစ်၍ ခြေကိုသာ ဆေးရန်လို၏။ ယခုမှာ သင်တို့သည် စင်ကြယ်ကြ၏။ သို့ရာတွင် လူတိုင်း စင်ကြယ်သည်မဟုတ်” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတစ်ပါး ဆေးရသောအကြောင်းမရှိ၊ တစ်ကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။ |
အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။
ထာဝရဘုရားက “ထိုနေ့ရက်၊ ထိုအချိန်၌ အသက်ရှင်ကျန်ရစ်သောသူတို့ကို ငါခွင့်လွှတ်မည်ဖြစ်၍ အစ္စရေးလူမျိုး၏ဒုစရိုက်ကို ရှာသော်လည်း တွေ့မည်မဟုတ်။ ယုဒလူမျိုး၏အပြစ်ကိုရှာသော်လည်း တွေ့မည်မဟုတ်”ဟု မိန့်တော်မူ၏။
အဇာဇယ်အဖို့ ဆိတ်သငယ်ကို လွှတ်သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
ထိုအရာတို့ကိုရှို့သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
အကျွန်ုပ်တို့အပေါ် အပြစ်ကြွေးရှိသူများကို အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ခွင့်လွှတ်တော်မူပါ။
သင်တို့အားလုံးကို ငါရည်ညွှန်းပြောဆိုသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ သို့သော် ‘ငါ့မုန့်ကိုစားသောသူသည် ငါ့ကို ဖနောင့်နှင့်ပေါက်လေ၏’ဟူသောကျမ်းချက်သည် ပြည့်စုံရမည်။
ထိုအခါ ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်၏ခြေကိုသာမဟုတ်ဘဲ လက်နှင့်ဦးခေါင်းတို့ကိုပါ ဆေးတော်မူပါ”ဟု လျှောက်လေ၏။
သင်တို့အား ငါဟောပြောသောတရားစကားအားဖြင့် သင်တို့သည်စင်ကြယ်လျက်ရှိကြပြီ။
သို့ဖြစ်၍ မည်သူမဆို ခရစ်တော်၌ရှိလျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ဟောင်းသောအရာတို့သည် ကွယ်ပျောက်သွား၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြလေပြီ။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။
ချစ်ရသောသူတို့၊ ငါတို့၌ ဤသို့သော ကတိတော်များရှိကြသောကြောင့် ကိုယ်ကာယနှင့်စိတ်ဝိညာဉ်တို့၏အညစ်အကြေးရှိသမျှတို့မှ မိမိတို့ကိုယ်ကိုစင်ကြယ်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအားဖြင့် မြင့်မြတ်သန့်ရှင်းခြင်းနှင့်ပြည့်စုံကြကုန်စို့။
ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင် သင်တို့ကို အကုန်အစင်သန့်ရှင်းစေတော်မူပါစေသော။ ငါတို့၏သခင်ယေရှုခရစ်တော်ကြွလာတော်မူသောအခါ သင်တို့၏ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာကို အပြစ်တင်စရာမရှိစေရန် စောင့်ရှောက်တော်မူပါစေသော။
ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။
အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။