ထို့နောက် ကိုယ်တော်သည် သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ခွာလျက် ဗေသနိရွာသို့ကြွကာ ထိုရွာ၌ တစ်ညတာကုန်လွန်စေတော်မူ၏။
ရှင်ယောဟန် 12:1 - မြန်မာ့စံမီသမ္မာကျမ်း ပသခါပွဲတော်မတိုင်မီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ကြွတော်မူ၏။ ထိုရွာသည် သေသောသူတို့ထဲမှ ယေရှုထမြောက်စေခဲ့သော လာဇရုနေထိုင်ရာအရပ်ဖြစ်၏။ Common Language Bible ပသခါပွဲတော်ကျရောက်ရန်ခြောက်ရက်မျှ အလို၌ သေလွန်ပြီးမှပြန်၍အသက်ရှင် စေတော်မူခဲ့သူ လာဇရုနေထိုင်ရာဗေသနိ ရွာသို့သခင်ယေရှုကြွတော်မူ၏။- Garrad Bible ပသခါပွဲမတိုင်မီခြောက်ရက်က ယေရှုသည် သူသေတို့အထဲမှရှင်ပြန်ထမြောက်စေသူ လာဇရုနေရာ ဗေသနိရွာသို့ကြွရောက်တော်မူပြီးလျှင်၊ Judson Bible ပသခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပသခါပွဲတော် မကျင်းပမီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ ကြွတော်မူ၏။ ထိုရွာမှာ ယေရှုကိုယ်တိုင် သေရာမှပြန်ရှင်စေတော်မူခဲ့သော လာဇရု နေထိုင်သည့်ရွာ ဖြစ်၏။ မြန်မာ ပသခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။- |
ထို့နောက် ကိုယ်တော်သည် သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ခွာလျက် ဗေသနိရွာသို့ကြွကာ ထိုရွာ၌ တစ်ညတာကုန်လွန်စေတော်မူ၏။
ဤသို့ဖြင့် ကိုယ်တော်သည် ဂျေရုဆလင်မြို့ထဲသို့ဝင်၍ ဗိမာန်တော်သို့ကြွတော်မူ၏။ အရာရာတို့ကို လှည့်လည်ကြည့်ရှုတော်မူပြီးလျှင် ညနေချမ်းအချိန်ရောက်ပြီဖြစ်၍ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ ဗေသနိရွာသို့ကြွတော်မူ၏။
ထို့နောက် ကိုယ်တော်သည် ဗေသနိရွာသို့တိုင်အောင် သူတို့ကိုခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။
ထိုအခါ ထိုမြို့၌နေသည့် အပြစ်များသောအမျိုးသမီးတစ်ဦးသည် ဖာရိရှဲ၏အိမ်တွင် ကိုယ်တော်ထိုင်၍စားသောက်နေကြောင်းသိသဖြင့် ဆီမွှေးထည့်ထားသည့် ကျောက်ဖြူဘူးတစ်လုံးကို ယူဆောင်လာပြီးလျှင်
ထိုအခါ၌ မာရိနှင့်သူ၏အစ်မမာသတို့နေထိုင်ရာ ဗေသနိရွာမှ လာဇရုဆိုသူတစ်ဦးသည် နာမကျန်းဖြစ်နေ၏။
ထိုသို့မြွက်ဆိုတော်မူပြီးနောက် ကျယ်လောင်သောအသံဖြင့်“လာဇရု၊ ထွက်လာလော့”ဟု ဟစ်ခေါ်တော်မူ၏။
ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့၌ ပိတ်စဖြင့်ပတ်စည်းလျက် မျက်နှာကိုလည်း ပဝါဖြင့်စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက“သူ့ကို ဖြေပေး၍ သွားခွင့်ပေးကြလော့”ဟု လူတို့အား မိန့်တော်မူ၏။
ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်၍ များစွာသောသူတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစင်ကြယ်စေရန် ပသခါပွဲတော်မတိုင်မီ ကျေးလက်ဒေသမှ ဂျေရုဆလင်မြို့သို့ တက်လာကြ၏။
နောက်တစ်နေ့တွင် ပွဲတော်သို့ရောက်လာသည့် များစွာသောလူထုပရိသတ်တို့သည် ဂျေရုဆလင်မြို့သို့ ယေရှုကြွလာတော်မူမည်ဟုကြားသိသဖြင့်
ပွဲတော်တွင် ဝတ်ပြုကိုးကွယ်ရန် တက်လာကြသောသူတို့ထဲ၌ ဂရိလူမျိုးအချို့ပါ၏။
များစွာသောဂျူးလူမျိုးအစုအဝေးသည် ထိုအရပ်၌ ယေရှုရှိတော်မူကြောင်းကို ကြားသိသဖြင့် ယေရှုကြောင့်သာမဟုတ်ဘဲ သေသောသူတို့ထဲမှ ကိုယ်တော်ထမြောက်စေတော်မူသော လာဇရုကိုလည်းတွေ့မြင်ရရန် ရောက်လာကြ၏။