Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 12:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ပွဲတော်​တွင် ဝတ်ပြု​ကိုးကွယ်​ရန် တက်​လာ​ကြ​သော​သူ​တို့​ထဲ၌ ဂရိ​လူမျိုး​အချို့​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ပွဲ​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​သွား​ကြ​သော​လူ​တို့​အ​ထဲ​တွင် ဂ​ရိ​အ​မျိုး​သား​အ​ချို့​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထိုကာလ ပွဲတွင်ဝတ်ပြုကိုးကွယ်ရန်ရောက်လာသူတို့အနက် ဂရိတ်လူမျိုးအချို့ပါရှိရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကိုး​ကွယ်​ခြင်း​အ​မှု​နှင့် ထို​ပွဲ​သို့ ရောက်​လာ​သော​သူ​တို့​တွင် ဟေ​လ​သ​လူ​အ​ချို့​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ပသခါပွဲတော်​တွင် ဘုရားသခင်​ကို ဝတ်ပြုကိုးကွယ်​ရန် ဂျေရုဆလင်မြို့​သို့ လာကြသော​သူတို့​ထဲ၌ ဂရိလူမျိုး​တချို့​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 ကိုး​ကွယ်​ခြင်း​အ​မှု​နှင့် ထို​ပွဲ​သို့ ရောက်​လာ​သော​သူ​တို့​တွင် ဟေ​လ​သ​လူ​အ​ချို့​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 12:20
19 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့ရက်​၌ ယေရှဲ​၏​အမြစ်​သည် လူ​တို့​အတွက် အောင်လံ​သဖွယ်​ရပ်တည်​လိမ့်မည်​။ လူမျိုး​တို့​သည် သူ့​ကို မေးမြန်း​စူးစမ်း​ကြ​လိမ့်မည်​။ ကိန်းဝပ်​တော်မူ​ရာ​အရပ်​သည် ဘုန်းအသရေ​ရှိ​လိမ့်မည်​။


နတ်ဆိုး​ကို မိမိ​သမီး​ထဲမှ နှင်ထုတ်​ပေး​ပါ​ရန် ကိုယ်တော်​အား တောင်းပန်​လေ​၏။ ထို​အမျိုးသမီး​သည် ဆီးရီးယားဖိုနီးရှား​နယ်သူ၊ ဂရိ​လူမျိုး​ဖြစ်​၏။


ပသခါ​ပွဲတော်​မတိုင်မီ ခြောက်​ရက်​အလို​တွင် ယေရှု​သည် ဗေသနိ​ရွာ​သို့​ကြွ​တော်မူ​၏။ ထို​ရွာ​သည် သေ​သော​သူ​တို့​ထဲမှ ယေရှု​ထမြောက်​စေ​ခဲ့​သော လာဇရု​နေထိုင်​ရာ​အရပ်​ဖြစ်​၏။


ထို့ကြောင့် ဖာရိရှဲ​တို့​က “တွေ့​သလော။ သင်​တို့​လုပ်ရပ်​တစ်ခုမျှ​အကျိုး​မ​ရှိ။ ကြည့်​ပါ။ တစ်ကမ္ဘာလုံး သူ့​နောက်​သို့​လိုက်​သွား​ကြ​ပြီ”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။


ဂျူး​လူမျိုး​တို့​က​လည်း “ငါ​တို့​ရှာ​၍​မ​တွေ့​စေရန် ဤ​သူ​သည် မည်သည့်​အရပ်​သို့​သွား​ရန် ကြံရွယ်​နေ​သနည်း။ ဂရိ​လူမျိုး​တို့​ရှိ​ရာ​အရပ်ရပ်​တို့​၌ ကွဲလွင့်​ပျံ့နှံ့​နေ​သော​သူ​တို့​ထံသို့​သွား​၍ ဂရိ​လူမျိုး​တို့​ကို​သွန်သင်​ရန် ကြံရွယ်​နေ​သလော။


ပေါလု​နှင့်​ဗာနဗ​တို့​သည် ဣကောနိ​မြို့​၌​လည်း ဂျူး​လူမျိုး​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ထိုနည်းတူ ဟောပြော​ကြ​ရာ ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​အမြောက်အမြား​တို့​သည် ယုံကြည်​ကြ​၏။


ထို့နောက် ပေါလု​သည် ဒေရဗေ​မြို့​မှတစ်ဆင့် လုတ္တရ​မြို့​သို့ ရောက်​လာ​၏။ ထို​အရပ်​၌ တိမောသေ​အမည်​ရှိ တပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​သည် ယုံကြည်​သူ​ဂျူး​အမျိုးသမီး​၏​သား​ဖြစ်​သော်လည်း သူ​၏​ဖခင်​မှာ​မူ ဂရိ​အမျိုးသား​ဖြစ်​၏။


သူ​တို့​ထဲမှ အချို့​တို့​သည် ယုံကြည်​၍ ပေါလု​နှင့်​သိလ​တို့​နောက်သို့ လိုက်​ကြ​၏။ ထို​သူ​တို့​တွင် ဘုရားသခင်​ကို​ကိုးကွယ်​သော ဂရိ​အမျိုးသား​အမြောက်အမြား​ပါ​၍ ထင်ပေါ်​ကျော်ကြား​သော အမျိုးသမီး​တို့​သည်​လည်း​မနည်း​လှ​ပေ။


ဘုရားသခင်​ရှေ့​တော်​၌​နောင်တရ​ခြင်း​၊ ငါ​တို့​၏​သခင်​ယေရှု​ကို​ယုံကြည်​ခြင်း​အကြောင်း​တို့​ကို ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး နှစ်မျိုးစလုံး​တို့​အား သက်သေခံ​ခဲ့​၏။


“အစ္စရေး​အမျိုးသား​တို့၊ ကူညီ​ကြ​ပါ။ ဤ​သူ​သည် လူမျိုး​တော်​ကို​လည်းကောင်း၊ ပညတ်​တရား​ကို​လည်းကောင်း၊ ဤ​နေရာ​ကို​လည်းကောင်း ဆန့်ကျင်​လျက် အရပ်ရပ်​တို့​၌ လူ​အပေါင်း​တို့​အား သွန်သင်​နေ​သူ​ဖြစ်​၏။ ထိုမျှမက ဂရိ​လူမျိုး​တို့​ကို​လည်း ဗိမာန်​တော်​ထဲသို့​ခေါ်ဆောင်​လာ​၍ ဤ​သန့်ရှင်း​ရာ​ဌာန​ကို ညစ်ညူး​စေ​ပါ​ပြီ”​ဟု အော်ဟစ်​ကြ​၏။


ထို့ကြောင့် ဖိလိပ္ပု​သည်​ထ​၍ သွား​လေ​၏။ ထိုစဉ် အီသီယိုးပီးယား​ဘုရင်မ​ကန္ဒက်​၏​မှူးမတ်​ကြီး​ဖြစ်​ပြီး ဘုရင်မ​၏​ဘဏ္ဍာ​အားလုံး​ကို စီမံ​အုပ်ချုပ်​ရ​သော အီသီယိုးပီးယား​ပြည်သား​တစ်​ဦး​သည် ဂျေရုဆလင်​မြို့​သို့ လာရောက်​ဝတ်ပြု​ကိုးကွယ်​ပြီး


ငါ​သည် ကောင်းမြတ်​သော​သတင်း​အတွက် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ဤ​သတင်း​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ယုံကြည်​သော​သူ​အပေါင်း​တို့​အား ကယ်တင်​ခြင်း​ရရှိ​စေ​သော ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။


ဤတွင် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​တို့​ကြား​၌ ခြားနား​မှု​မ​ရှိ။ အကြောင်းမူကား တစ်ပါးတည်း​သော​အရှင်​သည် လူ​အပေါင်း​တို့​၏​အရှင်​ဖြစ်​တော်မူ​ပြီး ကိုယ်တော်​ကို​ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​အား ကြွယ်ဝ​စေ​တော်မူ​၏။


သို့ရာတွင် ငါ​နှင့်အတူ​ပါ​လာ​သော​တိတု​သည် ဂရိ​လူမျိုး​ဖြစ်​လျက်​ပင် အရေဖျား​လှီး​ခြင်း​ခံ​ရန် အတင်းအကျပ်​စေခိုင်း​ခြင်း​ကို မ​ခံ​ခဲ့​ရ​ပေ။


သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​သောကြောင့် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​ဟူ၍​မ​ရှိ။ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ယောက်ျား​နှင့်​မိန်းမ​ဟူ၍​လည်း​မ​ရှိ။


ထိုသို့​ဖန်ဆင်း​ပြုပြင်​ရာ​၌ ဂရိ​လူမျိုး​နှင့်​ဂျူး​လူမျိုး၊ အရေဖျား​လှီး​ထား​သော​သူ​နှင့်​မ​လှီး​ထား​သော​သူ၊ သကုသိ​လူ​နှင့်​လူရိုင်း၊ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ခရစ်တော်​သည် အလုံးစုံ​ဖြစ်​ပြီး အလုံးစုံ​တို့​၌​ရှိ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ