ယောသပ်သည် အစ်ကိုတို့ထံသို့မရောက်မီ အစ်ကိုတို့သည် သူ့ကို အဝေးမှလှမ်းမြင်၍ သူ့ကိုသတ်ရန်တိုင်ပင်လျက်
ရှင်ယောဟန် 11:53 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့သည် ထိုနေ့မှစ၍ ကိုယ်တော်ကိုသတ်ရန် တိုင်ပင်ကြံစည်ကြ၏။ Common Language Bible ထိုနေ့မှစ၍ယုဒအာဏာပိုင်တို့သည် သခင်ယေရှုကိုသတ်ရန်တိုင်ပင်ကြံစည် ကြ၏။- Garrad Bible သို့နှင့်အညီ ထိုနေ့ကစ၍ ကိုယ်တော်ကိုကွပ်မျက်ရန်တိုင်ပင်ကြ၏။ Judson Bible ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်မှစ၍ ဂျူးခေါင်းဆောင်တို့သည် ယေရှုကို သတ်ရန် ကြံစည်ကြ၏။ မြန်မာ ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှာ တိုင်ပင်ကြံစည်ကြ၏။- |
ယောသပ်သည် အစ်ကိုတို့ထံသို့မရောက်မီ အစ်ကိုတို့သည် သူ့ကို အဝေးမှလှမ်းမြင်၍ သူ့ကိုသတ်ရန်တိုင်ပင်လျက်
ထို့ကြောင့် ငါက သူတို့အား “သင်တို့သည် အဘယ်ကြောင့် မြို့ရိုးရှေ့တွင် ညအိပ်ကြသနည်း။ ထိုသို့ ထပ်၍ပြုလျှင် သင်တို့ကို ဖမ်းမည်”ဟု သတိပေး၏။ ထိုအချိန်မှစ၍ ဥပုသ်နေ့တွင် သူတို့မလာတော့ချေ။
ထိုနေ့မှစ၍ ငါတို့သည် လူတစ်ဝက်အလုပ်လုပ်ပြီး ကျန်တစ်ဝက်မှာ သံချပ်အင်္ကျီဝတ်လျက် လှံ၊ ဒိုင်းလွှား၊ လေးလက်နက်တို့နှင့်တကွ ကင်းစောင့်ကြ၏။ အကြီးအကဲတို့ကလည်း ယုဒအမျိုးသားအပေါင်းတို့ကို နောက်တန်းမှထောက်မပေးကြ၏။
ကမ္ဘာမြေကြီးပေါ်ရှိရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးထားသောအရှင်ကို ဆန့်ကျင်လျက်
အကြောင်းမူကား “ပတ်လည်၌ကြောက်လန့်စရာရှိ၏”ဟူသည့် များစွာသောသူတို့၏ရှုတ်ချသောစကားကို အကျွန်ုပ်ကြားရပါ၏။ သူတို့သည် အကျွန်ုပ်တစ်ဖက်၌ အတူတကွစုဝေးကြသောအခါ အကျွန်ုပ်၏အသက်ကိုသတ်ရန် ကြံဆကြပါ၏။
အကြောင်းမူကား အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်ပြောဆိုကြပါ၏။ အကျွန်ုပ်အသက်ကို စောင့်ကြည့်နေသောသူတို့သည်လည်း အတူတကွလျှို့ဝှက်ကြံစည်ကြလျက်
ယေရမိကလည်း ဇေဒကိမင်းကြီးအား “အရှင်မင်းကြီး၊ အကျွန်ုပ်ဖြေလျှင် စင်စစ် အကျွန်ုပ်ကို မသတ်ဘဲနေမည်လော။ အကျွန်ုပ်အကြံပေးလျှင်လည်း အကျွန်ုပ်၏စကားကို အရှင်မင်းကြီး နားထောင်မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
ထိုအခါ မှူးမတ်တို့က ရှင်ဘုရင်အား “ဤသူ သေသင့်ပါ၏။ သူပြောသောစကားအားဖြင့် ဤမြို့၌ကျန်ခဲ့သော စစ်သည်တို့နှင့်လူအပေါင်းတို့ကို စိတ်အားလျော့စေပါပြီ။ သူသည် ဤလူမျိုးငြိမ်းချမ်းဖို့ထက် ဘေးအန္တရာယ်ပြုဖို့ကိုသာ ရှာကြံပါပြီ”ဟု လျှောက်ကြ၏။
ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း တိုင်ပင်ဆွေးနွေးကြ၏။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏လက်၌ ဒုက္ခဝေဒနာများစွာခံစားရပြီး အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
ထိုအခါ ကိုယ်တော်ကို စကားတစ်ခွန်းပြန်လျှောက်ရန်ပင် မည်သူမျှ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ မည်သူမျှ ကိုယ်တော်အား မေးခွန်းများမမေးဝံ့တော့ချေ။
ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့် မမှန်သောသက်သေကို ရှာကြ၏။
ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော်များကျရောက်ရန် နှစ်ရက်သာလိုတော့၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ယေရှုကို ပရိယာယ်အားဖြင့် မည်ကဲ့သို့ဖမ်းဆီးသတ်ဖြတ်ရမည်ကို ရှာကြံနေကြ၏။
ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း ဟေရုဒ်၏လူများနှင့် ချက်ချင်းတိုင်ပင်ဆွေးနွေးကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည် တရားလွှတ်တော်အဖွဲ့ကိုစုဝေးစေ၍ “ထိုသူသည် များစွာသောနိမိတ်လက္ခဏာတို့ကို ပြုနေသည်ဖြစ်၍ ငါတို့မည်သို့ပြုကြမည်နည်း။
ထို့ကြောင့် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် လာဇရုကိုလည်းသတ်ရန် တိုင်ပင်ကြံစည်ကြ၏။
ထို့နောက် ယေရှုသည် ဂါလိလဲနယ်တွင် လှည့်လည်တော်မူ၏။ အကြောင်းမှာ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ရှာကြံနေကြသောကြောင့် ယုဒနယ်၌လှည့်လည်ရန် အလိုတော်မရှိ။
သူတို့သည် ထိုစကားကိုကြားလျှင် ပြင်းစွာအမျက်ထွက်လျက် တမန်တော်တို့ကိုသတ်ရန် ကြံရွယ်ကြ၏။
ရက်ပေါင်းများစွာကြာသောအခါ ဂျူးလူမျိုးတို့သည် ရှောလုကိုသတ်ရန် ကြံစည်ကြသော်လည်း