ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။
ရှင်ယောဟန် 11:48 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူကို ဤအတိုင်းလွှတ်ထားလျှင် လူအားလုံးတို့သည် သူ့ကိုယုံကြည်ကြလိမ့်မည်။ ထိုအခါ ရောမလူမျိုးတို့သည်လာ၍ ငါတို့၏အရပ်ဌာနနှင့်တကွ ငါတို့၏လူမျိုးကိုပါ သိမ်းယူကြလိမ့်မည်”ဟု ပြောဆိုကြ၏။ Common Language Bible သူ့ကိုဤသို့ခွင့်ပြုထားပါမူလူတိုင်းပင် သူ့အားယုံကြည်လာကြပါလိမ့်မည်။ ထို အခါရောမအာဏာပိုင်တို့သည်လာ၍ငါ တို့၏ဗိမာန်တော်ကိုလည်းကောင်း၊ ငါတို့ အမျိုးသားတစ်ရပ်လုံးကိုလည်းကောင်း ဖျက်ဆီးပစ်ကြပါလိမ့်မည်'' ဟုဆိုကြ၏။ Garrad Bible ထိုသို့နေစေလျှင် သူ့ကိုလူခပ်သိမ်းယုံကြည်ကြလိမ့်မည်။ ရောမလူမျိုးတို့လည်းလာ၍ ငါတို့တိုင်းပြည်နှင့်လူမျိုးကို တိုက်သိမ်းကြလိမ့်မည်ဟု ဆိုကြရာ၌၊ Judson Bible သူ့ကို ဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ ခွင့်ပြုထားလျှင် လူအပေါင်းတို့သည် သူ့ကို ယုံကြည်လာကြလိမ့်မည်။ ထိုအခါ ရောမတပ်သည် လာ၍ ငါတို့၏ဗိမာန်တော်နှင့် ငါတို့တစ်မျိုးသားလုံးကို ဖျက်ဆီးပစ်ကြလိမ့်မည်” ဟု ပြောဆိုကြ၏။ မြန်မာ သူ့ကို ဤသို့အလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။- |
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။
လမ်းဆုံလမ်းခွများသို့သွား၍ တွေ့သမျှသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်ကြလော့’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ပရောဖက်ဒံယေလအားဖြင့် မိန့်တော်မူခဲ့သည့် ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာ သည် သန့်ရှင်းသောနေရာ၌ ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ)
လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။
ကျမ်းတတ်ပုဂ္ဂိုလ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် အသိပညာသော့ကိုသိမ်းယူ၍ ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း တားဆီးကြ၏”ဟု မိန့်တော်မူ၏။
လမ်းဘေးတွင်ကျသည်ဆိုသည်မှာ ဤသို့သောသူတို့ကိုဆိုလို၏။ တရားစကားကိုသူတို့ကြားသော်လည်း ယုံကြည်၍ကယ်တင်ခြင်းမခံရစေရန် မာရ်နတ်သည်လာ၍ တရားစကားကို သူတို့စိတ်နှလုံးထဲမှနုတ်ယူလေ၏။
လူအပေါင်းတို့သည် သူ့အားဖြင့် ယုံကြည်လာမည့်အကြောင်း သူသည် အလင်း၏အကြောင်းကိုသက်သေခံရန် သက်သေအဖြစ်လာ၏။
“ဤနာမကိုအမှီပြု၍ မသွန်သင်ကြရန် သင်တို့အား တင်းကျပ်စွာအမိန့်ပေးထားသည်မဟုတ်လော။ သို့ရာတွင် သင်တို့သည် ဂျေရုဆလင်မြို့၌ သင်တို့၏သွန်သင်ချက်ကိုပျံ့နှံ့စေ၍ ထိုသူ၏သွေးကို ငါတို့အပေါ်သက်ရောက်စေရန် ကြံရွယ်ကြသည်တကား”ဟု မေးမြန်းပြောဆိုလေ၏။