Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 11:48 - မြန်မာ

48 သူ့​ကို ဤ​သို့​အ​လွတ်​ထား​လျှင် လူ​ခပ်​သိမ်း​တို့​သည် ယုံ​ကြည်​ကြ​လိမ့်​မည်။ ရော​မ​လူ​တို့​သည်​လည်း လာ၍ ငါ​တို့​အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း၊ ငါ​တို့​အ​မျိုး​ကို​လည်း​ကောင်း သုတ်​သင်​ပယ်​ရှင်း​ကြ​လိမ့်​မည်​ဟု ပြော​ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

48 သူ့​ကို​ဤ​သို့​ခွင့်​ပြု​ထား​ပါ​မူ​လူ​တိုင်း​ပင် သူ့​အား​ယုံ​ကြည်​လာ​ကြ​ပါ​လိမ့်​မည်။ ထို အ​ခါ​ရော​မ​အာ​ဏာ​ပိုင်​တို့​သည်​လာ​၍​ငါ တို့​၏​ဗိ​မာန်​တော်​ကို​လည်း​ကောင်း၊ ငါ​တို့ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​လည်း​ကောင်း ဖျက်​ဆီး​ပစ်​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

48 ထိုသို့နေစေလျှင် သူ့ကိုလူခပ်သိမ်းယုံကြည်ကြလိမ့်မည်။ ရောမလူမျိုးတို့လည်းလာ၍ ငါတို့တိုင်းပြည်နှင့်လူမျိုးကို တိုက်သိမ်းကြလိမ့်မည်ဟု ဆိုကြရာ၌၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

48 သူ့​ကို ဤ​သို့​အ​လွတ်​ထား​လျှင် လူ​ခပ်​သိမ်း​တို့​သည် ယုံ​ကြည်​ကြ​လိမ့်​မည်။ ရော​မ​လူ​တို့​သည်​လည်း လာ၍ ငါ​တို့​အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း၊ ငါ​တို့​အ​မျိုး​ကို​လည်း​ကောင်း သုတ်​သင်​ပယ်​ရှင်း​ကြ​လိမ့်​မည်​ဟု ပြော​ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

48 ထို​သူ​ကို ဤအတိုင်း​လွှတ်​ထား​လျှင် လူ​အားလုံး​တို့​သည် သူ့​ကို​ယုံကြည်​ကြ​လိမ့်မည်။ ထိုအခါ ရောမ​လူမျိုး​တို့​သည်​လာ​၍ ငါ​တို့​၏​အရပ်​ဌာန​နှင့်တကွ ငါ​တို့​၏​လူမျိုး​ကို​ပါ သိမ်းယူ​ကြ​လိမ့်မည်”​ဟု ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

48 ဤသို့ ခွင့်ပြုထား​လျှင် လူအပေါင်းတို့​သည် သူ့​ကို ယုံကြည်လာကြ​လိမ့်မည်။ ထိုအခါ ရောမတပ်​သည် လာ​၍ ငါတို့​၏​ဗိမာန်တော်​နှင့် ငါတို့​တစ်မျိုးသားလုံး​ကို ဖျက်ဆီးပစ်ကြ​လိမ့်မည်” ဟု ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 11:48
19 ပူးပေါင်းရင်းမြစ်များ  

ထို​မင်း​ကြီး​သည်​ကြား​လျှင် အ​မျက်​ထွက်၍ စစ်​ချီ​စေ​သ​ဖြင့်၊ လူ​အ​သက်​ကို​သတ်​သော ထို​သူ​တို့​ကို အ​ပြီး​လုပ်​ကြံ၍ သူ​တို့၏​မြို့​ကို မီး​ရှို့​လေ၏။


လမ်း​မ​လမ်း​ကြား​သို့​သွား၍ တွေ့​သ​မျှ​သော​သူ​တို့​ကို ပွဲ​သို့​ခေါ်​ဖိတ်​ကြ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊-


ထို​ကြောင့် ပ​ရော​ဖက်​ဒံ​ယေ​လ ဟော​သည်​အ​တိုင်း ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် သန့်​ရှင်း​သော​အ​ရပ်​ဌာ​န၌ စိုက်​နေ​သည်​ကို သင်​တို့​မြင်​ရ​လျှင်၊ ကျမ်း​စာ​ကို​ကြည့်​သော​သူ​သည် နား​လည်​ပါ​စေ။-


ထို​လူ​အ​ပေါင်း​တို့​က သူ၏​အ​သွေး​သည် ငါ​တို့၏ ခေါင်း​ပေါ်၌​လည်း​ကောင်း၊ သား​မြေး​တို့​ခေါင်း​ပေါ်၌​လည်း​ကောင်း တည်​ရှိ​ပါ​စေ​ဟု ပြန်​ပြော​ကြ၏။-


ကျမ်း​တတ်​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​ဖွင့်​သော​သော့​ကို သိမ်း​ထား​ကြ​ပြီ။ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ​သည်​ဟု မိန့်​တော်​မူ၏။-


လမ်း၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ ယုံ​ကြည်​ခြင်း၊ ကယ်​တင်​ခြင်း​သို့ မ​ရောက်​စေ​ခြင်း​ငှာ၊ မာရ်​နတ်​သည် လာ၍ တ​ရား​စ​ကား​ကို နှ​လုံး​ထဲ​မှ နုတ်​ယူ​သော​သူ​ကို ဆို​လို​သ​တည်း။-


ထို​သူ​ကို​လူ​အ​ပေါင်း​တို့​သည် အ​မှီ​ပြု၍ ယုံ​ကြည်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း ထို​သူ​သည် သက်​သေ​ခံ​ဖြစ်၍၊ အ​လင်း​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​ခြင်း​ငှာ​လာ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ