ယောသပ်သည် မိမိညီကို အလွန်ကရုဏာသက်သောကြောင့် အလျင်အမြန်ထွက်သွား၍ ငိုကြွေးရန်နေရာရှာပြီး အတွင်းခန်းထဲသို့ဝင်၍ ငိုကြွေးလေ၏။
ရှင်ယောဟန် 11:35 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် မျက်ရည်ကျတော်မူ၏။ Common Language Bible သခင်ယေရှုသည်မျက်ရည်ကျတော်မူ၏။ Garrad Bible ထိုအခါ ယေရှုမျက်ရည်ကျတော်မူသဖြင့်၊ Judson Bible ယေရှုသည် မျက်ရည်ကျတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုသည် မျက်ရည်ကျတော်မူ၏။ မြန်မာ ယေရှုသည် မျက်ရည်ကျတော်မူ၏။- |
ယောသပ်သည် မိမိညီကို အလွန်ကရုဏာသက်သောကြောင့် အလျင်အမြန်ထွက်သွား၍ ငိုကြွေးရန်နေရာရှာပြီး အတွင်းခန်းထဲသို့ဝင်၍ ငိုကြွေးလေ၏။
ဒုက္ခရောက်သောသူအတွက် ငါမငိုကြွေးဘဲနေခဲ့သလော။ နွမ်းပါးသောသူအတွက် ငါဝမ်းမနည်းဘဲနေခဲ့သလော။
လူတို့သည် ကိုယ်တော်၏တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။
သူသည် မထီမဲ့မြင်ပြုခြင်းကိုခံရ၏။ လူတို့၏ငြင်းပယ်ခြင်းကိုခံရ၏။ ဒုက္ခဝေဒနာခံရသောသူ၊ နာကျင်ခြင်းဝေဒနာနှင့် မိတ်ဖွဲ့ရသူဖြစ်၏။ မျက်နှာလွှဲခြင်းဖြင့် သူ့ကိုမထီမဲ့မြင်ပြုကြ၏။ ငါတို့သည်လည်း သူ့ကိုအလေးမထားကြ။
သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။
သင်တို့နားမထောင်လျှင် သင်တို့၏မာန်မာနကြောင့် ငါ့စိတ်ဝိညာဉ်သည် ကွယ်ရာ၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောကြောင့် ငါသည် ဝမ်းနည်းပက်လက်ငိုကြွေးမည်၊ မျက်ရည်ဖြိုင်ဖြိုင်စီးကျမည်။
ထို့ကြောင့် သင်သည် သူတို့အား ‘ငါ့လူမျိုးသမီးပျိုသည် ကျိုးပဲ့ကြေမွသောဒဏ်ရာရ၍ ပြင်းထန်စွာဝေဒနာခံစားရသောကြောင့် ငါသည် အငိုမရပ်၊ နေ့နေ့ညညငိုမည်။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ထို့ကြောင့် ငါငိုကြွေးနေရပြီ။ ငါ့မျက်စိမှ မျက်ရည်များစီးကျရလေပြီ။ နှစ်သိမ့်ပေးမည့်သူ၊ ငါ့စိတ်ဝိညာဉ်ကို ပြန်လည်အားဖြည့်ပေးမည့်သူသည် ငါနှင့်အလှမ်းဝေးလေပြီ။ ရန်သူက အနိုင်ရသောကြောင့် ငါ့သားသမီးတို့ ညှိုးငယ်ရလေပြီ။
ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို နားထောင်နေသောသူတို့အား ပုံဥပမာတစ်ခုကိုထပ်မံ၍ပေးတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာသဖြင့် ဘုရားသခင်၏နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းလာမည်ဟု သူတို့ထင်မှတ်ကြသောကြောင့်ဖြစ်၏။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်
ယေရှုသည် မာရိငိုကြွေးနေသည်ကိုလည်းကောင်း၊ လိုက်လာသောဂျူးလူမျိုးတို့သည်လည်း ငိုကြွေးနေကြသည်ကိုလည်းကောင်း မြင်တော်မူလျှင် စိတ်တော်ထဲတွင်ညည်းတွားလျက် ရင်တွင်း၌မငြိမ်မသက်ဖြစ်ကာ
“သူ့ကိုအဘယ်မှာသင်္ဂြိုဟ်ကြသနည်း”ဟု မေးတော်မူ၏။ သူတို့ကလည်း “သခင်ဘုရား၊ ကြွ၍ကြည့်ရှုတော်မူပါ”ဟု လျှောက်ကြ၏။
အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မထောက်ထားမညှာတာနိုင်သူမဟုတ်။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကိုခံခဲ့ဖူးသူဖြစ်တော်မူ၏။ သို့သော် အပြစ်နှင့်ကင်းလွတ်တော်မူ၏။