ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊
ရှင်ယောဟန် 11:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဒိဒုမုဟုခေါ်သည့်သောမက “ကိုယ်တော်နှင့်အတူအသေခံရန် ငါတို့လည်း လိုက်သွားကြစို့”ဟု အခြားတပည့်တော်တို့အားပြောဆို၏။ Common Language Bible (အမြွှာပူးဟုနာမည်တွင်သည့်) သောမက ``ငါ တို့သည်လည်းသခင်နှင့်အတူအသေခံရန် လိုက်သွားကြကုန်အံ့'' ဟုမိမိ၏အဖော် တပည့်တော်တို့အားပြောဆို၏။ Garrad Bible ဒိဒုမုခေါ်သောမက၊ ငါတို့လည်း ကိုယ်တော်နှင့်အတူအသေခံရန်လိုက်သွားကြကုန်အံ့ဟု တပည့်တော်ချင်းတို့အားဆိုလေ၏။ Judson Bible ဒိဒုမုအမည်ရှိသော သောမက၊ အကျွန်ုပ်တို့လည်းလိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်ချင်းတို့အား ပြောဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အမြွှာပူးဟု ခေါ်တွင်သော သောမက “ငါတို့သည်လည်း ကိုယ်တော်နှင့်အတူ အသေခံရန် လိုက်သွားကြစို့” ဟု အခြားတပည့်တော်တို့အား ပြောလေ၏။ မြန်မာ ဒိဒုမုအမည်ရှိသော သောမက၊ အကျွန်ုပ်တို့လည်းလိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်ချင်းတို့အား ပြောဆို၏။ |
ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့်အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊
ပေတရုက “အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူသေရလျှင်ပင် ကိုယ်တော်ကို လုံးဝမငြင်းပယ်ပါ”ဟု လျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့်
ထိုအခါ ပေတရုက “သခင်၊ အကျွန်ုပ်သည် ထောင်ထဲသို့ဖြစ်စေ၊ သေခြင်းအထိဖြစ်စေ ကိုယ်တော်နှင့်အတူလိုက်ရန် အသင့်ရှိပါသည်”ဟု လျှောက်လေ၏။
မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်နှင့် မျိုးချစ်ပုဂ္ဂိုလ်ဟုခေါ်ကြသောရှိမုန်၊
သို့သော် သင်တို့ယုံကြည်ကြရန် ထိုအရပ်၌ ငါမရှိခဲ့သည်ကို သင်တို့အတွက် ငါဝမ်းမြောက်၏။ မည်သို့ပင်ဖြစ်စေ သူ့ထံသို့သွားကြစို့”ဟု မိန့်တော်မူ၏။
တပည့်တော်တို့က “ရဗ္ဗိ၊ ဂျူးလူမျိုးတို့သည် မကြာသေးမီကပင် ကိုယ်တော်ကိုခဲနှင့်ပေါက်သတ်ရန် ရှာကြံနေကြပါလျက်နှင့် ထိုအရပ်သို့ နောက်တစ်ဖန်ကြွတော်မူမည်လော”ဟု လျှောက်ကြ၏။
ပေတရုကလည်း “သခင်ဘုရား၊ အဘယ်ကြောင့် ကိုယ်တော့်နောက်သို့ ယခုမလိုက်နိုင်ရသနည်း။ ကိုယ်တော်အတွက် အကျွန်ုပ်၏အသက်ကိုစွန့်ပါမည်”ဟု လျှောက်လေ၏။
သောမက “သခင်ဘုရား၊ ကိုယ်တော်သည် မည်သည့်အရပ်သို့ ကြွတော်မူမည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍ ထိုလမ်းကို မည်သို့သိနိုင်ပါမည်နည်း”ဟု လျှောက်လျှင်
ရှိမုန်ပေတရုနှင့် ဒိဒုမုဟုခေါ်သည့်သောမ၊ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြစဉ်
သူတို့သည် မြို့ထဲသို့ဝင်သောအခါ မိမိတို့တည်းနေသော အိမ်၏အထက်ခန်းသို့တက်ကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ယာကုပ်၏သားယုဒတို့ဖြစ်ကြ၏။