အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏စားကျက်၌ ကျက်စားသောသူ၊ ကိုယ်တော်၏လက်တော်ထဲမှ သိုးစုဖြစ်ကြ၏။ ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင်
ရှင်ယောဟန် 10:9 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆို ငါ့အားဖြင့်ဝင်လျှင် ကယ်တင်ခြင်းခံရမည်။ ထိုသူသည် ဝင်ထွက်ကာ ကျက်စားရာကိုတွေ့ရလိမ့်မည်။ Common Language Bible ငါသည်တံခါးပေါက်ဖြစ်၏။ ထိုတံခါးပေါက် ဖြင့်ဝင်သူသည် ဘေးနှင့်ကင်းလွတ်၍ဝင်ထွက် သွားလာလျက်ကျက်စားရာကိုတွေ့ရလိမ့်မည်။- Garrad Bible ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆိုငါဖြင့်ဝင်လျှင် ဘေးလွတ်ရာရောက်၍ ဝင်ထွက်ရလျက် ကျက်စားရာတွေ့လိမ့်မည်။ Judson Bible ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့် ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် တံခါးဝဖြစ်၏။ ဤတံခါးဝမှ ဝင်သောသူသည် ဘေးကင်း၍ ဝင်ထွက်သွားလာလျက် ကျက်စားရာအရပ်ကို တွေ့လိမ့်မည်။ မြန်မာ ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့် ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။- |
အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏စားကျက်၌ ကျက်စားသောသူ၊ ကိုယ်တော်၏လက်တော်ထဲမှ သိုးစုဖြစ်ကြ၏။ ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင်
ကိုယ်တော်သည် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်းတော်မူမည်။ သိုးသငယ်တို့ကို လက်ရုံးတော်ဖြင့်စုစည်း၍ ရင်ခွင်၌ပွေ့ပိုက်တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ညင်ညင်သာသာပို့ဆောင်တော်မူမည်။
ဆိတ်ညံခဲ့သောမြို့တို့သည် သတ်မှတ်ထားသောပွဲတော်ကာလတွင် ဂျေရုဆလင်မြို့၌ ယဇ်ပူဇော်ရန်သိုးများနှင့် ပြည့်နှက်နေသကဲ့သို့ လူအုပ်များနှင့် ပြည့်နေလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ငါ ထာဝရဘုရားကြောင့် သူတို့သည် အားပြည့်၍ ငါ့နာမတော်၌ အသက်ရှင်လျှောက်လှမ်းကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ သိုးခြံထဲသို့ တံခါးပေါက်မှမဝင်ဘဲ အခြားနည်းဖြင့်ကျော်ဝင်သောသူသည် သူခိုး၊ ဓားပြဖြစ်၏။
တံခါးစောင့်သည် သူ့ကို တံခါးဖွင့်ပေးတတ်၏။ သိုးတို့သည် သူ၏အသံကိုနားထောင်တတ်ကြ၏။ သူသည် မိမိ၏သိုးတို့ကို နာမည်ဖြင့်ခေါ်၍ ထုတ်ဆောင်တတ်၏။
ထို့ကြောင့် တစ်ဖန် ယေရှုက“သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါသည် သိုးတို့ဝင်သောတံခါးပေါက်ဖြစ်၏။
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
ဤသို့ဖြင့် ငါတို့နှစ်မျိုးစလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၌ ခမည်းတော်ထံသို့တိုးဝင်ခွင့်ကို ကိုယ်တော်အားဖြင့်ရရှိကြ၏။