အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့၏လမ်းကို သိတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား ပျက်စီးသွားလိမ့်မည်။
ရှင်ယောဟန် 10:14 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည် ခမည်းတော်ကိုသိသကဲ့သို့ ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ Common Language Bible ငါသည်သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်းခမည်းတော် ကိုသိသကဲ့သို့ ငါသည်သိုးတို့ကိုသိ၍သိုး တို့သည်လည်းငါ့ကိုသိကြ၏။ ငါသည်သိုးများ အတွက်အသက်ကိုစွန့်၏။- Garrad Bible ငါမူကား ခမည်းတော်သည်ငါ့ကိုသိတော်မူ၍ ငါလည်းခမည်းတော်ကိုသိသည့်နည်းတူပင်၊ ငါ့ကိုကိုယ်ပိုင်သိုးတို့သိ၍ ကိုယ်ပိုင်သိုးတို့ကိုသိသောသိုးထိန်းမြတ်ဖြစ်လျက် သိုးတော်တို့အတွက်အသက်စွန့်၏။ Judson Bible ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိ၏။ ထိုကဲ့သို့ပင် ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။ ငါသည် ထိုသိုးတို့အတွက် အသက်ကို စွန့်၏။ မြန်မာ ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။- |
အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့၏လမ်းကို သိတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား ပျက်စီးသွားလိမ့်မည်။
ကိုယ်တော်သည် သိုးထိန်းကဲ့သို့ သိုးစုကို ထိန်းကျောင်းတော်မူမည်။ သိုးသငယ်တို့ကို လက်ရုံးတော်ဖြင့်စုစည်း၍ ရင်ခွင်၌ပွေ့ပိုက်တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ညင်ညင်သာသာပို့ဆောင်တော်မူမည်။
သူသည် မိမိစိတ်ဝိညာဉ်ခံစားရသော ဒုက္ခဝေဒနာ၏အကျိုးကိုမြင်၍ အားရကျေနပ်မည်။ ဖြောင့်မတ်သောငါ၏အစေအပါးသည် သူ၏အသိပညာအားဖြင့် လူများစွာတို့ကို ဖြောင့်မတ်သောသူဖြစ်စေမည်။ သူတို့၏ဒုစရိုက်များကို ထမ်းသွားမည်။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်ချိန်၌ မှီခိုရာဖြစ်တော်မူ၏။ ကိုယ်တော်၌ ခိုလှုံသောသူတို့ကို စောင်မတော်မူ၏။
ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ကောင်းမြတ်သောသိုးထိန်းသည် သိုးတို့အတွက် မိမိအသက်ကိုစွန့်တတ်၏။
ထိုသို့ဖြစ်ရခြင်းမှာ လူငှားသည် လူငှားဖြစ်သည့်အလျောက် သိုးတို့၏အရေးကိစ္စကို ဂရုမစိုက်သောကြောင့်ဖြစ်၏။
ငါ့သိုးတို့သည် ငါ့အသံကိုနားထောင်ကြ၏။ ငါသည်လည်း သူတို့ကိုသိ၍ သူတို့သည် ငါ့နောက်သို့လိုက်ကြ၏။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
အကြောင်းမူကား အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောနှုတ်ကပတ်တရားတို့ကို အကျွန်ုပ်သည် သူတို့အား ပေးအပ်သဖြင့် သူတို့သည် ခံယူကြကာ ကိုယ်တော်ထံမှ အကျွန်ုပ်ကြွလာခဲ့ကြောင်းကို အမှန်ပင်သိရှိလျက် ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းကိုလည်း ယုံကြည်ကြပါပြီ။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ”ဟု မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်တော်၏မျက်နှာတော်၌ထွန်းလင်းသည့် ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်အလင်းရောင်အား ငါတို့စိတ်နှလုံးထဲ၌ ထွန်းလင်းစေတော်မူ၏။
ငါတို့သခင်ယေရှုခရစ်တော်၏ဘုရားသခင်တည်းဟူသော ဘုန်းအသရေနှင့်ပြည့်စုံတော်မူသည့်ခမည်းတော်သည် မိမိကိုသိရှိစေရန် ဉာဏ်ပညာနှင့်ဗျာဒိတ်တော်ဆိုင်ရာဝိညာဉ်ကို သင်တို့အား ပေးတော်မူမည့်အကြောင်းနှင့်
အသိပညာထက် ထူးကဲသောခရစ်တော်၏ချစ်ခြင်းမေတ္တာတော်ကိုသိရှိ၍ ဘုရားသခင်၏ပြည့်စုံတော်မူခြင်းအပေါင်းတို့ဖြင့် ပြည့်စုံခြင်းသို့ရောက်ကြမည့်အကြောင်း ငါဆုတောင်း၏။
ထိုမျှမက ငါ၏သခင်ခရစ်တော်ယေရှုကို သိသောဉာဏ်၏ထူးမြတ်သောအကျိုးကျေးဇူးကြောင့် အရာခပ်သိမ်းကို အရှုံးဟူ၍ ငါမှတ်ယူ၏။ ထိုသခင်ကိုထောက်၍ အရာခပ်သိမ်းတို့ကို ငါအဆုံးရှုံးခံပြီး ၎င်းတို့ကို မစင်ကဲ့သို့ ငါမှတ်ယူ၏။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။
သင်သည် မည်သည့်အရပ်၌နေထိုင်သည်ကို ငါသိ၏။ ထိုအရပ်၌ စာတန်၏ပလ္လင်ရှိ၏။ ငါ၌သစ္စာရှိသော ငါ၏သက်သေအန္တိပသည် စာတန်နေထိုင်ရာအရပ်ဖြစ်သောသင်တို့ထံ၌ အသတ်ခံရသည့်အချိန်၌ပင် သင်သည် ငါ၏နာမကိုစွဲကိုင်လျက် ငါ့အပေါ်ထားသောယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ။
သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ချစ်ခြင်း၊ ယုံကြည်ခြင်း၊ အမှုတော်ဆောင်ခြင်းနှင့် သည်းခံခြင်းတို့ကို ငါသိ၏။ သင်၏နောက်ပိုင်းလုပ်ဆောင်မှုများသည် ကနဦးလုပ်ဆောင်မှုများထက် သာလွန်ကြောင်းကိုလည်း ငါသိ၏။
သင်၏လုပ်ဆောင်မှုများမှစ၍ သင်၏ကြိုးပမ်းအားထုတ်မှုနှင့် သည်းခံမှုတို့ကိုငါသိ၏။ သင်သည် ဆိုးယုတ်သောသူတို့ကို လက်မခံနိုင်ကြောင်းနှင့် မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုကြသော်လည်း တမန်တော်မဟုတ်သောသူတို့ကို စမ်းသပ်စစ်ဆေး၍ သူတို့သည် လိမ်လည်သောသူများဖြစ်ကြသည်ဟု သင်တွေ့ရှိကြောင်းကိုလည်း ငါသိ၏။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းတို့ကို ငါသိ၏။ အမှန်မှာ သင်သည် ချမ်းသာ၏။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့ထံမှ သင်ခံရသောစော်ကားပြောဆိုခြင်းကိုလည်း ငါသိ၏။
သာဒိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူက ဤသို့မိန့်တော်မူ၏။ သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ သင်သည် အသက်ရှင်နေသည်ဟု နာမည်ခံထားသော်လည်း သေသောသူဖြစ်၏။
သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ သင်သည် အအေးလည်းမဟုတ်၊ အပူလည်းမဟုတ်။ ငါသည် သင့်အား အအေး၊ သို့မဟုတ် အပူတစ်ခုခုဖြစ်စေလို၏။
သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ ကြည့်ရှုလော့။ မည်သူမျှမပိတ်နိုင်သောတံခါးကို သင်၏ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား သင်သည် ခွန်အားအနည်းငယ်သာရှိသော်လည်း ငါ၏နှုတ်ကပတ်တရားကိုလိုက်နာစောင့်ထိန်း၍ ငါ၏နာမကိုမငြင်းပယ်ခဲ့ချေ။