ထာဝရဘုရား၏ဝိညာဉ်တော်ဖြစ်သည့် ဉာဏ်ပညာနှင့်အသိဉာဏ်ကို ပေးသောဝိညာဉ်၊ အကြံဉာဏ်နှင့်အစွမ်းတန်ခိုးကို ပေးသောဝိညာဉ်၊ အသိပညာနှင့်ထာဝရဘုရားအား ကြောက်ရွံ့ခြင်းကို ပေးသောဝိညာဉ်သည် သူ့အပေါ်တွင် ကိန်းဝပ်တော်မူမည်။
ရှင်ယောဟန် 1:32 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ယောဟန်သည် သက်သေခံသည်ကား “ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကောင်းကင်မှဆင်းသက်၍ သူ့အပေါ်၌တည်တော်မူသည်ကို ငါမြင်ရပြီ။ Common Language Bible ထိုနောက်ယောဟန်က ``ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်အသွင်ဖြင့်ဆင်းသက်၍ ကိုယ်တော်၏အပေါ်မှာနားသည်ကိုငါမြင် ရ၏။- Garrad Bible ယောဟန်သက်သေခံသေးသည်မှာ ဝိညာဉ်တော်သည် ကောင်းကင်မှချိုးငှက်သဏ္ဌာန် ကိုယ်တော့်အပေါ်သို့ဆင်းသက်နားနေသည်ကို ငါမြင်ရ၏။ Judson Bible ထိုမှတစ်ပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယောဟန်က “သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ကောင်းကင်မှ ဆင်းသက်၍ ထိုအရှင်အပေါ်၌ နားတော်မူသည်ကို ငါမြင်ရ၏။ မြန်မာ ထိုမှတစ်ပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။- |
ထာဝရဘုရား၏ဝိညာဉ်တော်ဖြစ်သည့် ဉာဏ်ပညာနှင့်အသိဉာဏ်ကို ပေးသောဝိညာဉ်၊ အကြံဉာဏ်နှင့်အစွမ်းတန်ခိုးကို ပေးသောဝိညာဉ်၊ အသိပညာနှင့်ထာဝရဘုရားအား ကြောက်ရွံ့ခြင်းကို ပေးသောဝိညာဉ်သည် သူ့အပေါ်တွင် ကိန်းဝပ်တော်မူမည်။
ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။
ထို့နောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ်သို့ဆင်းသက်သည်ကိုမြင်တော်မူ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့သောအဆင်းသဏ္ဌာန်ဖြင့် ကိုယ်တော်အပေါ်သို့ ဆင်းသက်တော်မူ၏။ ကောင်းကင်မှလည်း “သင်သည် ငါ၏ချစ်သားပေတည်း။ သင့်ကို ငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။
ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် အစ္စရေးလူမျိုးရှေ့၌ သူ့ကိုထင်ရှားစေရန် ငါသည်လာ၍ ရေ၌ဗတ္တိဇံပေးလျက်နေသည်”ဟု ဆို၏။
လူအပေါင်းတို့သည် သူ့အားဖြင့် ယုံကြည်လာမည့်အကြောင်း သူသည် အလင်း၏အကြောင်းကိုသက်သေခံရန် သက်သေအဖြစ်လာ၏။
ငါ့အကြောင်းကိုသက်သေခံသည့် အခြားသောအရှင်တစ်ပါးရှိ၏။ ထိုအရှင်ပေးသည့် ငါနှင့်ပတ်သက်သောသက်သေခံချက်သည် မှန်ကန်ကြောင်းကို ငါသိ၏။