နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲနယ်သို့ထွက်ခွာရန် အလိုတော်ရှိ၏။ ထိုအခါ ဖိလိပ္ပုကိုတွေ့လျှင်“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 1:28 - မြန်မာ့စံမီသမ္မာကျမ်း ဤအခြင်းအရာတို့သည် ယောဟန်ဗတ္တိဇံပေးနေသော ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဗေသနိရွာတွင်ဖြစ်ပျက်ခဲ့၏။ Common Language Bible ယောဟန်ဗတ္တိဇံမင်္ဂလာပေးရာယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိဗေသနိရွာတွင်ဤအမှု အရာဖြစ်ပျက်သတည်း။ Garrad Bible ဤအခြင်းအရာများသည် ဗတ္တိဇံမင်္ဂလာကိုယောဟန်ပေးလျက်နေရာ ယော်ဒန်မြစ်တစ်ဖက်၊ ဗေသနိရွာတွင် ဖြစ်ပျက်သတည်း။ Judson Bible ယောဟန်သည် ဗတ္တိဇံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တစ်ဖက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအဖြစ်အပျက်သည် ယောဟန်နှစ်ခြင်းမင်္ဂလာပေးလျက်ရှိသော ဂျော်ဒန်မြစ်တစ်ဖက်ကမ်း ဗေသနိရွာတွင် ဖြစ်ပျက်ခဲ့၏။ မြန်မာ ယောဟန်သည် ဗတ္တိဇံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တစ်ဖက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။ |
နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲနယ်သို့ထွက်ခွာရန် အလိုတော်ရှိ၏။ ထိုအခါ ဖိလိပ္ပုကိုတွေ့လျှင်“ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
ထို့နောက် ကိုယ်တော်သည် ယခင်က ယောဟန်ဗတ္တိဇံပေးခဲ့ရာ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ တစ်ဖန်ကြွ၍ ထိုအရပ်၌နေတော်မူ၏။
“အဘယ်ကြောင့် ဤဆီမွှေးကို ဒေနာရိသုံးရာနှင့်ရောင်း၍ ဆင်းရဲသားတို့အား မပေးကမ်းခဲ့သနည်း”ဟု ဆို၏။
ယောဟန်သည်လည်း ရှာလိမ်မြို့အနီး အဲနုန်အရပ်တွင် ရေများစွာရှိသောကြောင့် ထိုအရပ်၌ ဗတ္တိဇံပေးလျက်နေသဖြင့် လူတို့သည်လာ၍ ဗတ္တိဇံခံကြ၏။
သူတို့သည် ယောဟန်ထံသို့လာ၍ “ရဗ္ဗိ၊ ကြည့်ပါ။ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၌ ရဗ္ဗိနှင့်အတူရှိ၍ ရဗ္ဗိက သက်သေခံပေးခဲ့သူသည် ဗတ္တိဇံပေးလျက်နေသဖြင့် လူအပေါင်းတို့သည် သူ့ထံသို့သွားကြပါသည်”ဟု လျှောက်လေ၏။
ဂိဒေါင်သည် ဧဖရိမ်တောင်ပေါ်ဒေသတစ်လျှောက်လုံးသို့ တမန်တို့ကိုစေလွှတ်၍ “ဆင်းလာပြီး မိဒျန်လူမျိုးတို့ကို တိုက်ကြလော့။ ဗက်ဗာရမြို့တိုင်အောင် ဂျော်ဒန်မြစ်တစ်လျှောက် ရေတိမ်ပိုင်းတို့ကို သိမ်းယူလော့”ဟု မှာလိုက်လေ၏။ သို့ဖြစ်၍ ဧဖရိမ်အမျိုးသားတို့သည်စုရုံး၍ ဗက်ဗာရမြို့တိုင်အောင် ဂျော်ဒန်မြစ်တစ်လျှောက် ရေတိမ်ပိုင်းတို့ကို သိမ်းယူကြ၏။