သူကြီး 7:24 - မြန်မာ့စံမီသမ္မာကျမ်း
24 ဂိဒေါင်သည် ဧဖရိမ်တောင်ပေါ်ဒေသတစ်လျှောက်လုံးသို့ တမန်တို့ကိုစေလွှတ်၍ “ဆင်းလာပြီး မိဒျန်လူမျိုးတို့ကို တိုက်ကြလော့။ ဗက်ဗာရမြို့တိုင်အောင် ဂျော်ဒန်မြစ်တစ်လျှောက် ရေတိမ်ပိုင်းတို့ကို သိမ်းယူလော့”ဟု မှာလိုက်လေ၏။ သို့ဖြစ်၍ ဧဖရိမ်အမျိုးသားတို့သည်စုရုံး၍ ဗက်ဗာရမြို့တိုင်အောင် ဂျော်ဒန်မြစ်တစ်လျှောက် ရေတိမ်ပိုင်းတို့ကို သိမ်းယူကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ဂိဒေါင်သည်ဧဖရိမ်တောင်ကုန်းဒေသအရပ် ရပ်သို့စေတမန်များကိုလွှတ်၍``မိဒျန်အမျိုး သားတို့အားတိုက်ခိုက်ရန်ဆင်းခဲ့ကြလော့။ ယော်ဒန်မြစ်ကိုလည်းကောင်း၊ ဗက်ဗာရရွာတိုင် အောင်ရှိသမျှသောချောင်းငယ်တို့ကိုလည်း ကောင်း ထိုသူတို့မကူးမဖြတ်နိုင်စေရန်သိမ်း ယူကြလော့'' ဟုမှာကြားလိုက်၏။ ဧဖရိမ် အနွယ်ဝင်အပေါင်းတို့သည်စုရုံးပြီးလျှင် ယော်ဒန်မြစ်နှင့်ဗက်ဗာရရွာအထိချောင်း ငယ်ရှိသမျှတို့ကိုသိမ်းယူကြ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ဂိ ဒေါင် လည်း ဧ ဖ ရိမ် ခင် တန်း တစ် လျှောက် လုံး တွင် တ မန် တို့ ကို လွှတ်၍ မိ ဒျန် လူ မျိုး ကို မြစ် တား ရန် ယော် ဒန် မြစ် တစ် လျှောက်၊ ဗက် ဗာ ရ ရွာ တိုင် အောင် မြစ် ကူး ဆိပ် များ ကို သိမ်း ယူ စေ ဟု မှာ ထား သည့် အ တိုင်း ဧ ဖ ရိမ့် သူ ရဲ အ ပေါင်း တို့ စု ရုံး၍ ယော် ဒန် မြစ် တစ် လျှောက်၊ ဗက် ဗာ ရ ရွာ တိုင် အောင်၊ သိမ်း ယူ ကြ ကုန် ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
24 ဂိဒေါင်သည်လည်း၊ တမန်တို့ကို ဧဖရိမ်တောင်တစ်လျှောက်လုံးသို့ စေလွှတ်၍၊ သင်တို့သည် မိဒျန်လူတို့ကို ဆီးတားခြင်းငှာ ယော်ဒန်မြစ်နား၊ ဗက်ဗာရရွာတိုင်အောင် သူတို့အရင်စောင့်နေကြလော့ဟု မှာလိုက်သည်အတိုင်း၊ ဧဖရိမ်လူအပေါင်းတို့သည် စုဝေး၍၊ ယော်ဒန်မြစ်နား၊ ဗက်ဗာရရွာတိုင်အောင် စောင့်နေကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ