ရှင်ယောဟန် 1:2 - မြန်မာ့စံမီသမ္မာကျမ်း နှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ Common Language Bible နှုတ်ကပတ်တော်သည်အစအဦး၌ ဘုရားသခင်နှင့်အတူရှိတော်မူ၏။- Garrad Bible အစအဦး၌ပင်၊ ထို နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ Judson Bible ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ မြန်မာ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။- |
ငါသည် လက်မှုပညာရှင်ကဲ့သို့ ကိုယ်တော်၏အနားတွင်ရှိ၍ နေ့စဉ်နေ့တိုင်း ကိုယ်တော်၏ကြည်နူးတော်မူရာဖြစ်ခဲ့ပြီး ရှေ့တော်၌ အစဉ်အမြဲပျော်မြူး၏။
ငါက “ကိုယ်တော်ကို မအောက်မေ့၊ နာမတော်ဖြင့် မဟောပြောလိုတော့ပြီ”ဟု ဆိုသော်လည်း ငါ့စိတ်နှလုံးထဲ၌ မီးတောက်လောင်သကဲ့သို့ ပူလောင်၏။ ငါ့အရိုးထဲထိ ပူလောင်၏။ ငါမခံမရပ်နိုင်အောင် ပင်ပန်းလှ၏။
အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။
ခပ်သိမ်းသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် ဖြစ်လာ၏။ ဖြစ်လာသောအရာတို့တွင် တစ်စုံတစ်ခုမျှ နှုတ်ကပတ်တော်နှင့်ကင်းလွတ်၍ ဖြစ်လာခြင်းမရှိ။