သင်တို့အား ငါအမှန်ဆိုမည်။ တပည့်တော်ဟူသောအမည်နာမကိုထောက်၍ ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးအား ရေအေးတစ်ခွက်မျှပင် တိုက်သောသူသည် အကျိုးကျေးဇူးကို လုံးဝဆုံးရှုံးရမည်မဟုတ်”ဟု မိန့်တော်မူ၏။
ရှင်မာကု 9:41 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်ဆိုသည်ကား ခရစ်တော်၏တပည့်ဟူသောအမည်နာမကိုထောက်၍ သင်တို့အား ရေတစ်ခွက်ကိုတိုက်သောသူသည် အကျိုးကျေးဇူးကို လုံးဝဆုံးရှုံးရမည်မဟုတ်။ Common Language Bible အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏ တပည့်များဖြစ်သည်ကိုထောက်လျက် သင်တို့အား သောက်ရေတစ်ခွက်ကိုပေးသူသည်မုချအကျိုး ခံစားရလိမ့်မည်။ Garrad Bible မည် သူ မ ဆို ခ ရစ် တော့် တ ပည့် ဖြစ် သည် ကို ထောက်၍ သင် တို့ အား ရေ တစ် ခွက် မျှ တိုက် လျှင် အ ကျိုး မ ရ ဘဲ အ လျှင်း မ ရှိ ရ။ ငါ အ မှန် ဆို ၏။ Judson Bible သင်တို့သည် ခရစ်တော်နှင့် ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက်၍ အကြင်သူသည် သင်တို့အား ရေတစ်ခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ခရစ်တော်၏တပည့်ဖြစ်သည်ကို ထောက်၍ သင်တို့အား ရေတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏။ မြန်မာ သင်တို့သည် ခရစ်တော်နှင့် ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက်၍ အကြင်သူသည် သင်တို့အား ရေတစ်ခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆို၏။ |
သင်တို့အား ငါအမှန်ဆိုမည်။ တပည့်တော်ဟူသောအမည်နာမကိုထောက်၍ ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးအား ရေအေးတစ်ခွက်မျှပင် တိုက်သောသူသည် အကျိုးကျေးဇူးကို လုံးဝဆုံးရှုံးရမည်မဟုတ်”ဟု မိန့်တော်မူ၏။
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ငါ၏ဤညီအစ်ကိုတို့တွင် အငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့ပြုခဲ့သမျှသည် ငါ့ကိုပြုခဲ့ခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
ကိုယ်တော်တစ်ပါးတည်းရှိတော်မူသောအခါ ကိုယ်တော်၏နောက်လိုက်နောက်ပါတို့နှင့် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် ထိုပုံဥပမာများအကြောင်းကို မေးလျှောက်ကြ၏။
အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။
သို့သော် ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် သင်တို့သည် သွေးသားဇာတိ၌မဟုတ်ဘဲ ဝိညာဉ်တော်၌ရှိကြ၏။ ခရစ်တော်၏ဝိညာဉ်တော်ကိုမရသောသူသည် ခရစ်တော်နှင့်မဆိုင်။
သို့သော် တစ်ဦးစီ၌ မိမိအလှည့်ရှိ၍ ခရစ်တော်သည် အသီးဦးဖြစ်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည် ကိုယ်တော်ကြွလာတော်မူသောအခါ ထမြောက်ကြလိမ့်မည်။
သင်တို့ကိုမူကား ခရစ်တော်ပိုင်ဆိုင်တော်မူပြီး ခရစ်တော်ကို ဘုရားသခင်ပိုင်ဆိုင်တော်မူ၏။
သင်တို့သည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်နေကြ၏။ မည်သူမဆို မိမိကိုယ်ကို ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သည်ဟု ယုံမှတ်လျှင် သူသည် ခရစ်တော်နှင့်ဆိုင်သောသူဖြစ်သကဲ့သို့ ငါတို့သည်လည်း ခရစ်တော်နှင့်ဆိုင်သောသူဖြစ်ကြောင်း သူကိုယ်တိုင် ပြန်လည်ဆင်ခြင်သိမှတ်ပါစေ။
သင်တို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ ကတိတော်အရ အမွေခံများဖြစ်ကြ၏။
ခရစ်တော်ယေရှုနှင့်ဆိုင်သောသူတို့သည် သွေးသားဇာတိကို ၎င်း၏စိတ်ပြင်းပြမှုများ၊ တပ်မက်မှုများနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားကြပြီ။