အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကိုအမှီပြုပြီးပြောဆိုရန် ဖာရောမင်းကြီးထံဝင်သည့်အချိန်မှစ၍ သူသည် ဤလူမျိုးကိုဒုက္ခရောက်စေပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏လူမျိုးတော်ကို အလျှင်းကယ်နုတ်တော်မမူပါ”ဟု လျှောက်လေ၏။
ရှင်မာကု 9:26 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ နတ်ဆိုးသည် အော်ဟစ်လျက် သူငယ်ကို ပြင်းထန်စွာတက်စေပြီးလျှင် ထွက်သွားလေ၏။ သူငယ်သည် လူသေကဲ့သို့ဖြစ်သွားသဖြင့် လူအပေါင်းတို့က “သူသေပြီ”ဟု ပြောဆိုကြ၏။ Common Language Bible နတ်သည်အော်ဟစ်ပြီးလျှင် သူငယ်ကိုပြင်းစွာတုန် တက်စေ၏။ ထိုနောက်သူ့ထံမှထွက်သွား၏။ သူငယ် သည်သူသေကဲ့သို့ဖြစ်နေသဖြင့် လူအများ ပင် ``သူငယ်သေပြီ'' ဟုပြောကြ၏။- Garrad Bible နတ် ဆိုး အော်၍ သူ ငယ် ကို ပြင်း စွာ တုန် တက် စေ ပြီး လျှင် ထွက် ခွာ ရာ သူ ငယ် သည် သေ ငယ် သေ သ ဖြင့် အ များ က သေ ပြီ ဟု ဆို ကြ သော် လည်း၊ Judson Bible နတ်သည် အော်ဟစ်၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ နတ်ဆိုးသည် ကျယ်လောင်စွာ အော်ဟစ်၍ သူငယ်ကို ပြင်းစွာ တက်စေပြီးလျှင် ထွက်သွား၏။ ထိုအခါ သူငယ်သည် သေသကဲ့သို့ဖြစ်သွား၏။ ထို့ကြောင့် လူတို့က “သူငယ်သေပြီ” ဟု ပြောဆိုကြ၏။ မြန်မာ နတ်သည် အော်ဟစ်၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများဆိုကြ၏။- |
အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကိုအမှီပြုပြီးပြောဆိုရန် ဖာရောမင်းကြီးထံဝင်သည့်အချိန်မှစ၍ သူသည် ဤလူမျိုးကိုဒုက္ခရောက်စေပါပြီ။ ကိုယ်တော်သည် ကိုယ်တော်၏လူမျိုးတော်ကို အလျှင်းကယ်နုတ်တော်မမူပါ”ဟု လျှောက်လေ၏။
ထိုအခါ ထိုအရပ်ဒေသမှ ခါနာန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူး၍ ပြင်းထန်စွာခံစားနေရပါ၏”ဟု အော်ဟစ်လျှောက်ထားလေ၏။
ထိုအခါ ညစ်ညူးသောနတ်သည် ထိုသူကိုတက်စေပြီးလျှင် ကျယ်လောင်သောအသံဖြင့်အော်ဟစ်လျက် သူ့အထဲမှထွက်သွားလေ၏။
နတ်သည် သူ့ကိုဖမ်းစားသည့်အခါတိုင်း သူ့ကိုလှဲချ၍ သူသည် ပါးစပ်မှအမြှုပ်ထွက်ပြီး အံသွားကြိတ်ကာ မာတောင့်လာတတ်ပါ၏။ သို့ဖြစ်၍ ကိုယ်တော်၏တပည့်တော်တို့အား ထိုနတ်ကိုနှင်ထုတ်ပေးရန် တောင်းပန်သော်လည်း သူတို့သည်မတတ်နိုင်ကြပါ”ဟု လျှောက်လေ၏။
ထိုအခါ သူတို့သည် သူငယ်ကို အထံတော်သို့ခေါ်ခဲ့ကြရာ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် သူငယ်ကို ချက်ချင်းတက်စေသဖြင့် သူငယ်သည် မြေပေါ်သို့လဲကျပြီး ပါးစပ်မှအမြှုပ်ထွက်လျက် လူးလိမ့်နေ၏။
ယေရှုသည် လူထုပရိသတ်ပြေးလာကြသည်ကိုမြင်လျှင် ညစ်ညူးသောနတ်ကိုဆုံးမလျက်“ဆွံ့အ၍ နားပင်းသောနတ်၊ သင့်အား ငါအမိန့်ပေး၏။ သူ့အထဲမှထွက်သွားလော့။ နောက်တစ်ဖန် သူ့အထဲသို့မဝင်နှင့်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌စံမြန်းသောသူတို့၊ ပျော်ရွှင်ကြလော့။ မြေကြီးနှင့်ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် သူ၏အချိန်အနည်းငယ်သာရှိကြောင်းကိုသိလျက် ပြင်းစွာသောဒေါသဖြင့် သင်တို့ထံသို့ဆင်းလာပြီ”ဟု ဆိုသည်ကို ငါကြားရ၏။