မိန်းမမှမွေးလာသောလူသည် အသက်တာတိုတောင်း၍ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေပါ၏။
ရှင်မာကု 9:21 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်က သူငယ်၏ဖခင်အား“သူ၌ ဤသို့ဖြစ်ခဲ့သည်မှာ မည်မျှကြာပြီနည်း”ဟု မေးတော်မူရာ ဖခင်က “ငယ်စဉ်ကတည်းကဖြစ်ပါ၏။ Common Language Bible သခင်ယေရှုက ``ဤသို့ဖြစ်ပျက်နေသည်မှာ ကြာပြီလော'' ဟုသူငယ်၏ဖခင်အားမေး တော်မူ၏။ ဖခင်က ``ကလေးအရွယ်မှပင်ဖြစ်ပါသည်။- Garrad Bible ထို အ ခါ ဤ သို့ ဖြစ် လျက် ရှိ နေ သည် မှာ မည် မျှ ကြာ ပြီ နည်း ဟု သူ ငယ့် အ ဘ အား မေး တော် မူ သော်၊ Judson Bible ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ်၏အဘအား မေးတော်မူလျှင်၊ အဘက၊ ငယ်သော အရွယ်ကပင် ဖြစ်ပါ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက သူငယ်၏ ဖခင်အား “ဤသို့ဖြစ်သည်မှာ မည်မျှကြာပြီနည်း” ဟု မေးတော်မူသော် ဖခင်က “ငယ်ရွယ်စဉ်ကတည်းကပင် ဖြစ်ပါ၏။ မြန်မာ ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်းဟု သူငယ်၏အဘအား မေးတော်မူလျှင်၊ အဘက၊ ငယ်သော အရွယ်ကပင် ဖြစ်ပါ၏။- |
မိန်းမမှမွေးလာသောလူသည် အသက်တာတိုတောင်း၍ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေပါ၏။
မီးပွားတို့သည် အထက်သို့လွင့်သွားသကဲ့သို့ လူသည် အခက်အခဲပြဿနာ၌ကျင်လည်ရန် မွေးဖွားလာ၏။
အကျွန်ုပ်သည် ဒုစရိုက်ထဲ၌မွေးဖွားလာပါ၏။ အကျွန်ုပ်၏မိခင်သည် အကျွန်ုပ်ကို ကိုယ်ဝန်ရစဉ်ကပင် အကျွန်ုပ်သည် အပြစ်ထဲ၌ရှိပါ၏။
ထိုအခါ သူတို့သည် သူငယ်ကို အထံတော်သို့ခေါ်ခဲ့ကြရာ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် သူငယ်ကို ချက်ချင်းတက်စေသဖြင့် သူငယ်သည် မြေပေါ်သို့လဲကျပြီး ပါးစပ်မှအမြှုပ်ထွက်လျက် လူးလိမ့်နေ၏။
နတ်သည် သူ့ကိုသေစေရန် မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏပစ်ချတတ်ပါ၏။ သို့သော် ကိုယ်တော်တစ်စုံတစ်ခုတတ်နိုင်လျှင် အကျွန်ုပ်တို့ကိုသနား၍ ကူညီမစတော်မူပါ”ဟု လျှောက်လေ၏။
သို့ဖြစ်လျှင် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်ထားသည့် အာဗြဟံ၏သမီးဖြစ်သော ဤသူကို ဥပုသ်နေ့၌ ထိုချည်နှောင်ခြင်းမှ လွတ်စေသင့်သည်မဟုတ်လော”ဟု ပြန်၍မိန့်တော်မူ၏။
ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ ဆေးဆရာများထံ မိမိပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သူကမျှ ကျန်းမာအောင် မကုပေးနိုင်သောအမျိုးသမီးတစ်ဦးသည်
လုတ္တရမြို့တွင် ခြေချည့်သောလူတစ်ဦးထိုင်လျက်နေ၏။ သူသည် အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသူဖြစ်လျက် တစ်ခါမျှ လမ်းမလျှောက်ခဲ့ဖူးပေ။
ထိုစဉ် လူတို့သည် အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသူတစ်ဦးကို ထမ်းလာကြ၏။ သူသည် ဗိမာန်တော်ထဲသို့ဝင်သောသူတို့ထံမှ ပေးကမ်းစွန့်ကြဲခြင်းကိုတောင်းခံရန်အတွက် လူတို့သည် သူ့ကို တင့်တယ်ဟုခေါ်သော ဗိမာန်တော်တံခါးအနီးတွင် နေ့တိုင်းချထားလေ့ရှိကြ၏။
ထိုမြို့တွင် လေဖြတ်၍ ရှစ်နှစ်ပတ်လုံး အိပ်ရာပေါ်၌လဲလျောင်းနေသည့် အဲနေအမည်ရှိသောလူတစ်ဦးကို တွေ့လေ၏။