အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 9:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ သူ​တို့​သည် သူငယ်​ကို အထံ​တော်​သို့​ခေါ်​ခဲ့​ကြ​ရာ ထို​နတ်​သည် ကိုယ်တော်​ကို​မြင်​လျှင် သူငယ်​ကို ချက်ချင်း​တက်​စေ​သဖြင့် သူငယ်​သည် မြေ​ပေါ်သို့​လဲကျ​ပြီး ပါးစပ်​မှ​အမြှုပ်​ထွက်​လျက် လူးလိမ့်​နေ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​သည်​ထို​သူ​ငယ်​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့ ကြ​၏။ နတ်​သည်​ကိုယ်​တော်​ကို​မြင်​လျှင်​မြင်​ချင်း​သူ​ငယ် အား ပြင်း​ထန်​စွာ​တုန်​တက်​စေ​သ​ဖြင့် သူ​ငယ်​သည် ပါး​စပ်​မှ​အ​မြှုပ်​များ​ထွက်​လျက်​မြေ​သို့​လဲ ကျ​လူး​လှိမ့်​နေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ယူ ခဲ့ ကြ ရာ ကိုယ် တော် ကို မြင် လျှင် မြင် ချင်း နတ် သည် ပြင်း စွာ တုန် တက် စေ သ ဖြင့် မြေ ပေါ် မှာ သူ ငယ် လဲ၍ နှုတ် က အ မြှုပ် ထွက် လျက် လှိမ့် လျက် နေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ယူ​ခဲ့​ကြ၏။ ထို​နတ်​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း သူ​ငယ်​ကို တောင့်​မာ​စေ​သ​ဖြင့် သူ​ငယ်​သည် မြေ​ပေါ်​မှာ​လဲ၍ အ​မြှုပ်​ထွက်​လျက် ကိုယ်​ကို လှိမ့်​လျက်​နေ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုအခါ သူတို့​သည် သူငယ်​ကို ခေါ်ဆောင်လာကြ၏။ နတ်ဆိုး​သည် ယေရှု​ကို မြင်သည်​နှင့်​တစ်ပြိုင်နက် သူငယ်​ကို ပြင်းထန်​စွာ တက်စေ​သဖြင့် သူသည် မြေပေါ်​တွင် လှဲ​လျက် ပါးစပ်​မှလည်း​အမြှုပ်များ​ထွက်​ကာ လူးလိမ့်နေလေ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ယူ​ခဲ့​ကြ၏။ ထို​နတ်​သည် ကိုယ်​တော်​ကို​မြင်​လျှင် ချက်​ချင်း သူ​ငယ်​ကို တောင့်​မာ​စေ​သ​ဖြင့် သူ​ငယ်​သည် မြေ​ပေါ်​မှာ​လဲ၍ အ​မြှုပ်​ထွက်​လျက် ကိုယ်​ကို လှိမ့်​လျက်​နေ၏။-

အခန်းကိုကြည့်ပါ။



ရှင်မာကု 9:20
14 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ညစ်ညူး​သော​နတ်​သည် ထို​သူ​ကို​တက်​စေ​ပြီးလျှင် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် သူ့​အထဲမှ​ထွက်သွား​လေ​၏။


နတ်​သည် သူ့​ကို​ဖမ်းစား​သည့်​အခါ​တိုင်း သူ့​ကို​လှဲချ​၍ သူ​သည် ပါးစပ်​မှ​အမြှုပ်​ထွက်​ပြီး အံသွား​ကြိတ်​ကာ မာတောင့်​လာ​တတ်​ပါ​၏။ သို့ဖြစ်၍ ကိုယ်တော်​၏​တပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်ထုတ်​ပေး​ရန် တောင်းပန်​သော်လည်း သူ​တို့​သည်​မ​တတ်နိုင်​ကြ​ပါ”​ဟု လျှောက်​လေ​၏။


ကိုယ်တော်​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​ရ​မည်နည်း။ သင်​တို့​ကို မည်မျှ​ကြာအောင်​သည်းခံ​ရ​မည်နည်း။ သူ့​ကို​ငါ့​ထံသို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ကိုယ်တော်​က သူငယ်​၏​ဖခင်​အား“သူ​၌ ဤသို့​ဖြစ်​ခဲ့​သည်​မှာ မည်မျှ​ကြာ​ပြီ​နည်း”​ဟု မေး​တော်မူ​ရာ ဖခင်​က “ငယ်စဉ်​ကတည်းက​ဖြစ်​ပါ​၏။


ထိုအခါ နတ်ဆိုး​သည် အော်ဟစ်​လျက် သူငယ်​ကို ပြင်းထန်​စွာ​တက်​စေ​ပြီးလျှင် ထွက်သွား​လေ​၏။ သူငယ်​သည် လူသေ​ကဲ့သို့​ဖြစ်​သွား​သဖြင့် လူ​အပေါင်း​တို့​က “သူ​သေ​ပြီ”​ဟု ပြောဆို​ကြ​၏။


ယေရှု​က​လည်း ထို​နတ်​ကို​ဆုံးမ​လျက်“တိတ်ဆိတ်​၍ သူ့​အထဲမှ ထွက်သွား​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ နတ်ဆိုး​သည် ထို​သူ​ကို လူ​များ​အလယ်​တွင်​လှဲချ​၍ အနာတရ​မ​ဖြစ်​စေ​ဘဲ သူ့​အထဲမှ ထွက်သွား​လေ​၏။


ထိုသို့​လျှောက်ထား​ခြင်း​မှာ ကိုယ်တော်​သည် ညစ်ညူး​သော​နတ်​အား ထို​သူ့​အထဲမှ​ထွက်သွား​ရန် အမိန့်​ပေး​တော်မူ​သောကြောင့်​ဖြစ်​၏။ ထို​နတ်​သည် သူ့​ကို​ကြိမ်ဖန်​များစွာ​ဝင်ပူး​သဖြင့် သူ့​ကို သံကြိုး​နှင့်​ခြေချင်း​တို့​ဖြင့် ချည်နှောင်​ဖမ်းချုပ်​လျက် စောင့်ကြပ်​ထား​သော်လည်း သူ​သည် ထို​အရာ​များ​ကို​ချိုးဖြတ်​ကာ တော​ကန္တာရ​သို့ နတ်ဆိုး​၏​နှင်​ခြင်း​ကို​ခံရ​၏။


နတ်​သည် သူ့​ကို​ဝင်​ပူး​သဖြင့် သူ​သည် ရုတ်တရက်​အော်ဟစ်​တတ်​ပါ​၏။ ထို့နောက် သူ့​ကို​တက်​စေ​လျက် သူ့​ပါးစပ်​မှ​အမြှုပ်​များ​ထွက်​စေ​ကာ သူ့​ကို​ပွန်းပဲ့​နာကျင်​စေ​ပြီးလျှင် သူ့​အထဲမှ​ထွက်​ခဲ​လှ​ပါ​၏။


သူငယ်​လာ​နေ​စဉ်တွင် နတ်ဆိုး​သည် သူ့​ကို​လှဲချ​ကာ တက်​စေ​၏။ ယေရှု​သည် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​၍ သူငယ်​ကို​ကျန်းမာ​စေ​ပြီးလျှင် သူ့​ကို ဖခင်​ထံ ပြန်အပ်​တော်မူ​၏။


သင်​တို့​သည် သင်​တို့​၏​အဖ​မာရ်နတ်​နှင့်​စပ်ဆိုင်​ကြ​ပြီး သင်​တို့​အဖ​၏​ဆန္ဒ​အတိုင်း​ပြု​လို​ကြ​၏။ မာရ်နတ်​သည် အစအဦး​ကပင် လူသတ်သမား​ဖြစ်​၏။ သူ​၌​သမ္မာတရား​မ​ရှိ​သောကြောင့် သမ္မာတရား​၌​မ​ရပ်တည်။ သူ​သည် လိမ်လည်​သော​သူ​ဖြစ်​ပြီး လိမ်လည်​ခြင်း​၏​အဖ​လည်း​ဖြစ်​သောကြောင့် လိမ်လည်​ပြောဆို​သောအခါ မိမိ​ပင်ကိုစရိုက်​အတိုင်း​ပြောဆို​၏။


သမ္မာသတိ​ရှိ​လျက် နိုးကြား​စွာ​စောင့်​နေ​ကြ​လော့။ သင်​တို့​၏​ရန်သူ​တည်းဟူသော​မာရ်နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ ဝါးမျို​ရ​မည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ​၏။