Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ထိုသို့​လျှောက်ထား​ခြင်း​မှာ ကိုယ်တော်​သည် ညစ်ညူး​သော​နတ်​အား ထို​သူ့​အထဲမှ​ထွက်သွား​ရန် အမိန့်​ပေး​တော်မူ​သောကြောင့်​ဖြစ်​၏။ ထို​နတ်​သည် သူ့​ကို​ကြိမ်ဖန်​များစွာ​ဝင်ပူး​သဖြင့် သူ့​ကို သံကြိုး​နှင့်​ခြေချင်း​တို့​ဖြင့် ချည်နှောင်​ဖမ်းချုပ်​လျက် စောင့်ကြပ်​ထား​သော်လည်း သူ​သည် ထို​အရာ​များ​ကို​ချိုးဖြတ်​ကာ တော​ကန္တာရ​သို့ နတ်ဆိုး​၏​နှင်​ခြင်း​ကို​ခံရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 သို့​လျှောက်​ထား​ရ​သည့်​အ​ကြောင်း​မှာ​ကိုယ်​တော် သည်​ညစ်​ညမ်း​သော​နတ်​အား​ထို​သူ​၏​အ​ထဲ​မှ ထွက်​ခဲ့​ရန်​အ​မိန့်​ပေး​လိုက်​သော​ကြောင့်​ဖြစ်​၏။ နတ်​မိစ္ဆာ​သည်​ထို​သူ​ကို​ကြိမ်​ဖန်​များ​စွာ​ပူး​ကပ် ခဲ့​၏။ သူ​၏​ခြေ​လက်​တို့​ကို​သံ​ကြိုး​များ​ဖြင့် ချည်​နှောင်​ဖမ်း​ချုပ်​စောင့်​ကြပ်​ထား​သော်​လည်း သူ​သည်​သံ​ကြိုး​များ​ကို​ချိုး​ဖြတ်​၍​တော ကန္တာ​ရ​သို့​ထွက်​ပြေး​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 လျှောက်​သည်​အ​ကြောင်း​ကား၊ နတ်​ဆိုး​သည် ထို​လူ​ကို အ​ဖန်​များ​စွာ​ဖမ်း​ဆီး​လှ​ပြီ။ ခြေ​ချင်း​သံ​ကြိုး​နှင့် အ​ကျဉ်း​ထား​သော်​လည်း ခြေ​ချင်း​သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ နတ်​ဆိုး​သည် တော​အ​ရပ်​သို့ နှင်​မြဲ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သည်​ထောက်၍၊ ညစ်​ညူး​သော​နတ်၊ ထို​လူ​မှ ထွက်​သွား​လော့​ဟု မိန့်​တော်​မူ​ခဲ့​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 ဤသို့ လျှောက်ရခြင်း​မှာ ယေရှု​သည် ထို​နတ်ဆိုး​အား သူ့​အထဲ​မှ ထွက်​ရန် မိန့်တော်မူ​သောကြောင့်​ဖြစ်၏။ ထို​နတ်ဆိုး​သည် ထို​သူ​အား မကြာခဏ​ဝင်ပူးတတ်၏။ သူ​၏ လက်ခြေ​တို့​ကို သံကြိုးများ​ဖြင့် ခတ်​၍ အစောင့်များ​နှင့် စောင့်ကြပ်​သော်လည်း သူ​သည် နတ်ဆိုး​အစွမ်း​ဖြင့် အချုပ်အနှောင်များ​ကို လွယ်ကူ​စွာ ဖျက်ဆီး​၍ တောကန္တာရ​ထဲသို့ ပြေးဝင်တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

29 လျှောက်​သည်​အ​ကြောင်း​ကား၊ နတ်​ဆိုး​သည် ထို​လူ​ကို အ​ဖန်​များ​စွာ​ဖမ်း​ဆီး​လှ​ပြီ။ ခြေ​ချင်း​သံ​ကြိုး​နှင့် အ​ကျဉ်း​ထား​သော်​လည်း ခြေ​ချင်း​သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ နတ်​ဆိုး​သည် တော​အ​ရပ်​သို့ နှင်​မြဲ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သည်​ထောက်၍၊ ညစ်​ညူး​သော​နတ်၊ ထို​လူ​မှ ထွက်​သွား​လော့​ဟု မိန့်​တော်​မူ​ခဲ့​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:29
9 ပူးပေါင်းရင်းမြစ်များ  

ထိုသို့​လျှောက်ထား​ခြင်း​မှာ ကိုယ်တော်​သည် ထို​သူ​အား“ညစ်ညူး​သော​နတ်၊ ဤ​လူ​ထဲမှ ထွက်သွား​လော့”​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။


သူ​သည် ယေရှု​ကို​မြင်​လျှင် အော်ဟစ်​လျက် ရှေ့​တော်​၌​ပျပ်ဝပ်​ကာ “အမြင့်ဆုံး​သော​ဘုရားသခင်​၏​သား​တော်​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ် မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​ကို​မ​ညှဉ်းဆဲ​ပါ​ရန် ကိုယ်တော်​ကို အကျွန်ုပ်​တောင်းပန်​ပါ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် လျှောက်ထား​လေ​၏။


ယေရှု​က​လည်း ထို​သူ​အား“သင့်​နာမည် မည်သို့​ခေါ်​သနည်း”​ဟု မေး​တော်မူ​ရာ သူ့​အထဲ၌ နတ်ဆိုး​များစွာ​ဝင်ပူး​နေ​သောကြောင့် ထို​သူ​က “လေဂေါင်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။


နတ်​သည် သူ့​ကို​ဝင်​ပူး​သဖြင့် သူ​သည် ရုတ်တရက်​အော်ဟစ်​တတ်​ပါ​၏။ ထို့နောက် သူ့​ကို​တက်​စေ​လျက် သူ့​ပါးစပ်​မှ​အမြှုပ်​များ​ထွက်​စေ​ကာ သူ့​ကို​ပွန်းပဲ့​နာကျင်​စေ​ပြီးလျှင် သူ့​အထဲမှ​ထွက်​ခဲ​လှ​ပါ​၏။


သူငယ်​လာ​နေ​စဉ်တွင် နတ်ဆိုး​သည် သူ့​ကို​လှဲချ​ကာ တက်​စေ​၏။ ယေရှု​သည် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​၍ သူငယ်​ကို​ကျန်းမာ​စေ​ပြီးလျှင် သူ့​ကို ဖခင်​ထံ ပြန်အပ်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ