အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 8:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် ကိုယ်တော်​သည် သူ​၏​မျက်စိ​ပေါ်သို့ လက်​တော်​ကို တစ်ဖန်​တင်​တော်မူ​၏။ ထိုအခါ သူ​သည် ရှင်းလင်း​စွာ​မြင်​ရ​၍ အကောင်း​ပကတိ​ဖြစ်လာ​၏​။ အလုံးစုံ​ကို​လည်း ကြည်လင်​စွာ​မြင်​ရ​လေ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ခါ​ကိုယ်​တော်​သည် ထို​သူ​၏​မျက်​စိ​များ အ​ပေါ်​၌​လက်​တော်​ကို​တင်​တော်​မူ​ပြန်​၏။ ယ​ခု အ​ကြိမ်​၌​ထို​သူ​သည်​အား​စိုက်​၍​ကြည့်​လိုက်​ရာ မျက်​စိ​အ​လင်း​ကို​ပြန်​လည်​ရ​ရှိ​သ​ဖြင့် အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​စွာ​မြင်​လေ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

တစ် ဖန် မျက် စိ များ ပေါ် တွင် လက် တင် တော် မူ သော် မျက် မ မြင် သူ စေ့ စေ့ ကြည့် လျက် စ က္ခု အာ ရုံ ပြန် ရ သ ဖြင့် အ ရာ ခပ် သိမ်း ကို ကြည် လင် စွာ မြင် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

နောက်​တစ်​ဖန် သူ၏​မျက်​စိ​ပေါ်​မှာ လက်​တော်​ကို​တင်၍ ကြည့်​မျှော်​စေ​တော်​မူ​လျှင်၊ သူ​သည် ပ​က​တိ​အ​ဖြစ်​သို့ ရောက်၍ အ​လုံး​စုံ​တို့​ကို ရှင်း​လင်း​စွာ​မြင်​လေ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

တစ်ဖန် ယေရှု​သည် ထို​သူ​၏ မျက်စိ​ပေါ်သို့ လက်တော်​ကို တင်တော်မူ၏။ ထိုအခါ သူ​သည် အကောင်း​ပကတိအတိုင်း​ပြန်ဖြစ်​၍ အရာ​အားလုံး​ကို ရှင်းလင်း​စွာ မြင်လေ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

နောက်​တစ်​ဖန် သူ၏​မျက်​စိ​ပေါ်​မှာ လက်​တော်​ကို​တင်၍ ကြည့်​မျှော်​စေ​တော်​မူ​လျှင်၊ သူ​သည် ပ​က​တိ​အ​ဖြစ်​သို့ ရောက်၍ အ​လုံး​စုံ​တို့​ကို ရှင်း​လင်း​စွာ​မြင်​လေ၏။-

အခန်းကိုကြည့်ပါ။



ရှင်မာကု 8:25
9 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဖြောင့်မတ်​သော​သူ​တို့​၏​လမ်း​သည် မိုး​စင်စင်လင်း​သည့်​တိုင်အောင် ပို၍ပို၍​ထွန်းလင်း​လာ​သည့် အရုဏ်ဦး​၏​အလင်းရောင်​ကဲ့သို့​ဖြစ်​၏​။


အကြောင်းမှာ ရှိ​သော​သူ​အား ထပ်၍​ပေး​သဖြင့် သူ​သည် ကြွယ်ဝ​ပြည့်စုံ​လိမ့်မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။


သူ​သည် မော့ကြည့်​လျက် “လူ​တို့​ကို​မြင်​ရ​ပါ​၏။ သစ်ပင်​များ​ကဲ့သို့​ဖြစ်​ကြ​ပြီး လမ်းလျှောက်​နေ​ကြ​သည်​ကို မြင်​ရ​ပါ​၏”​ဟု လျှောက်​လေ​၏။


ကိုယ်တော်​က​လည်း“ရွာ​ထဲသို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်မူ​ပြီး သူ့​ကို မိမိ​အိမ်​သို့ ပြန်လွှတ်​တော်မူ​၏။


ထိုသို့ ကိုယ်တော်​တက်သွား​တော်မူ​စဉ် သူ​တို့​သည် ကောင်းကင်​သို့ စေ့စေ့​ကြည့်​နေ​ကြ​ရာ ဖြူဖွေး​သော​အဝတ်​ကို​ဝတ်ဆင်​ထား​သော လူ​နှစ်​ဦး​တို့​သည် သူ​တို့​အနီး​၌​ရပ်​၍


ထို​သူ​သည် ပေါလု​ဟောပြော​သည်​ကို နားထောင်​နေ​၏။ ပေါလု​သည် ထို​သူ​ကို စေ့စေ့​ကြည့်​၍ အကောင်း​ပကတိ​ဖြစ်​ရန် သူ​၌ ယုံကြည်​ခြင်း​ရှိ​ကြောင်း မြင်​လျှင်


သင်​တို့​၌ ကောင်း​သော​အမှု​ကို​အစပြု​ခဲ့​သော​အရှင်​သည် ခရစ်တော်​ယေရှု​၏​နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်​စေ​တော်မူ​လိမ့်မည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။


သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။


ငါ​တို့​၏​သခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​၌​လည်းကောင်း၊ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၌​လည်းကောင်း ကြီးထွား​ကြ​လော့။ ယခု​မှစ၍ ထာဝရ​နေ့ရက်​ကာလ​တိုင်အောင် ကိုယ်တော်​၌ ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။