လူတို့ထဲမှ အသိတရားကင်းမဲ့သောသူတို့၊ နားလည်ကြလော့။ မိုက်မဲသောသူတို့၊ မည်သည့်အချိန်မှ ပညာသတိရှိလာကြမည်နည်း။
ရှင်မာကု 8:21 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကိုယ်တော်က“သင်တို့နားမလည်ကြသေးသလော”ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က ``သို့ဖြစ်ပါလျက်သင်တို့သည် ယခု တိုင်အောင်မသိနားမလည်ဘဲရှိနေကြသေး သလော'' ဟုမေးတော်မူ၏။ Garrad Bible ယ ခု တိုင် နား မ လည် ကြ လော ဟု မိန့် တော် မူ ၏။ Judson Bible သို့ဖြစ်လျှင်၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကိုယ်တော်က “ထိုသို့ဖြစ်သည့်တိုင် နားမလည်ကြသေးသလော” ဟု မိန့်တော်မူ၏။ မြန်မာ သို့ဖြစ်လျှင်၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။ |
လူတို့ထဲမှ အသိတရားကင်းမဲ့သောသူတို့၊ နားလည်ကြလော့။ မိုက်မဲသောသူတို့၊ မည်သည့်အချိန်မှ ပညာသတိရှိလာကြမည်နည်း။
အကြောင်းမူကား သူတို့သည် မုန့်နှင့်ပတ်သက်သောဖြစ်ရပ်ကိုနားမလည်ဘဲ သူတို့၏စိတ်နှလုံးမာကျောလျက်ရှိကြသောကြောင့်ဖြစ်၏။
ကိုယ်တော်သည် မိမိစိတ်တော်ထဲ၌ သက်ပြင်းချကာ“ဤမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကိုတောင်းဆိုသနည်း။ သင်တို့အား ငါအမှန်ဆိုသည်ကား ဤမျိုးဆက်အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်”ဟု မိန့်တော်မူပြီးလျှင်
ထိုသို့ပြောဆိုကြသည်ကို ကိုယ်တော်သိတော်မူလျှင်“သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့်အချေအတင်ပြောဆိုကြသနည်း။ သင်တို့သဘောမပေါက်နားမလည်ကြသေးသလော။ သင်တို့စိတ်နှလုံးသည် မာကျောလျက်ရှိနေသေးသလော။
သူတို့သည် ဗက်ဇဲဒမြို့သို့ရောက်ကြသောအခါ လူတို့သည် မျက်မမြင်တစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာ၍ သူ့ကိုတို့ထိတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။
ကိုယ်တော်ကလည်း“အို ယုံကြည်ခြင်းမရှိသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူ့ကိုငါ့ထံသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ယေရှုက“ဖိလိပ္ပု၊ ငါသည် သင်တို့နှင့်အတူ ဤမျှလောက်ကြာမြင့်စွာရှိလျက်နှင့်ပင် သင်သည် ငါ့ကိုမသိခဲ့သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်လေပြီ။ သို့ဖြစ်လျှင် ‘ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ’ဟု သင်မည်သို့ဆိုနိုင်သနည်း။
အမြင်မှန်ရကြလော့။ အပြစ်ကိုမပြုကြနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သင်တို့ကိုအရှက်ရစေရန် ဤသို့ငါပြော၏။
သင်တို့ကိုအရှက်ရစေရန် ဤသို့ ငါဆို၏။ သင်တို့အထဲတွင် မိမိ၏ညီအစ်ကိုအချင်းချင်းကြား စီရင်ဆုံးဖြတ်ပေးနိုင်မည့် ပညာရှိတစ်စုံတစ်ဦးမျှမရှိသလော။