သို့ဖြစ်၍ သူတို့သည် မိမိတို့၏အကျင့်အကြံအတိုင်း လျှောက်လှမ်းကြစေရန် သူတို့နှလုံးသား၏မာကျောမှုလက်သို့ ငါအပ်လိုက်၏။
ရှင်မာကု 8:13 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကိုထားခဲ့၍ တစ်ဖန် လှေပေါ်သို့တက်ကာ တစ်ဖက်ကမ်းသို့ကူးတော်မူ၏။ Common Language Bible ကိုယ်တော်သည်ထိုသူတို့ထံမှထွက်ကြွတော်မူ၍ လှေပေါ်သို့တစ်ဖန်တက်တော်မူပြီးလျှင်အိုင် တစ်ဖက်သို့ကူးတော်မူ၏။ Garrad Bible ထို သူ တို့ ထံ မှ ထွက်၍ လှေ ကို ပြန် စီး လျက် တစ် ဖက် ကမ်း သို့ ကြွ ရောက် တော် မူ ၏။ Judson Bible ထိုသူတို့ ရှိရာမှထွက်၍ တစ်ဖန် လှေထဲသို့ ဝင်ပြီးလျှင် ကမ်းတစ်ဖက်သို့ ပြန်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ လှေပေါ်သို့ တစ်ဖန် တက်ပြီးလျှင် တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။ မြန်မာ ထိုသူတို့ ရှိရာမှထွက်၍ တစ်ဖန် လှေထဲသို့ ဝင်ပြီးလျှင် ကမ်းတစ်ဖက်သို့ ပြန်တော်မူ၏။ |
သို့ဖြစ်၍ သူတို့သည် မိမိတို့၏အကျင့်အကြံအတိုင်း လျှောက်လှမ်းကြစေရန် သူတို့နှလုံးသား၏မာကျောမှုလက်သို့ ငါအပ်လိုက်၏။
“ဤလူမျိုးထဲမှ တစ်ယောက်ယောက်ဖြစ်စေ၊ ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ ‘ထာဝရဘုရား၏ဗျာဒိတ်တော်ကား အဘယ်သို့နည်း’ဟု သင့်ကိုမေးလာလျှင် ‘အဘယ်ဗျာဒိတ်နည်း။ သင်တို့ကို ငါပစ်ပယ်ပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု သူတို့အား ပြန်ပြောရမည်။
အကယ်၍ သားသမီးမွေးလျှင်လည်း အားလုံးကို ငါဆုံးပါးစေမည်။ သူတို့ကို ငါစွန့်ပစ်သောအခါ သူတို့ အမင်္ဂလာဖြစ်လိမ့်မည်။
သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
သန့်ရှင်းသောအရာကို ခွေးတို့အားမပေးကြနှင့်။ သင်တို့၏ပုလဲများကိုလည်း ဝက်တို့ရှေ့၌မချထားကြနှင့်။ ၎င်းတို့သည် ထိုအရာများကို မိမိတို့ခြေဖြင့်နင်းချေပြီးလျှင် လှည့်လာ၍ သင်တို့ကိုကိုက်ဖြတ်ကြမည်ကိုစိုးရိမ်ရ၏။
ကိုယ်တော်သည် မိမိစိတ်တော်ထဲ၌ သက်ပြင်းချကာ“ဤမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကိုတောင်းဆိုသနည်း။ သင်တို့အား ငါအမှန်ဆိုသည်ကား ဤမျိုးဆက်အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်”ဟု မိန့်တော်မူပြီးလျှင်
တပည့်တော်တို့သည် မုန့်ကိုယူဆောင်လာရန် မေ့လျော့ကြသဖြင့် လှေပေါ်တွင် သူတို့၌မုန့်တစ်လုံးတည်းသာရှိ၏။
ထိုအခါ ဂါရစနယ်သူနယ်သားအပေါင်းတို့သည် အလွန်ကြောက်ရွံ့သဖြင့် သူတို့ထံမှထွက်သွားတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း လှေပေါ်သို့တက်၍ ပြန်သွားတော်မူ၏။
သင်တို့သည် အလင်း၏သားများဖြစ်ကြရန် သင်တို့တွင် အလင်းရှိခိုက် အလင်းကိုယုံကြည်ကြလော့”ဟု မိန့်တော်မူ၏။ ယေရှုသည် ဤအရာများကို ဟောပြောတော်မူပြီးနောက် ထွက်သွား၍ သူတို့ကို တိမ်းရှောင်လျက်နေတော်မူ၏။
တစ်ဖန် ကိုယ်တော်က“ငါသည်သွားရတော့မည်။ သင်တို့ကား ငါ့ကိုရှာလျက် ကိုယ့်အပြစ်၌သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ”ဟု မိန့်တော်မူ၏။
သို့သော် ဂျူးလူမျိုးတို့သည် သူ့ကိုဆန့်ကျင်၍ စော်ကားပြောဆိုကြသောအခါ သူသည် အဝတ်ကိုခါချလျက် “သင်တို့၏သွေးသည် သင်တို့ခေါင်းပေါ်၌တည်စေ။ ငါမူကား ၎င်းနှင့်ကင်းရှင်း၏။ ယခုမှစ၍ ငါသည် လူမျိုးခြားတို့ထံသွားမည်”ဟု ဆိုပြီးလျှင်
ငါတို့သည် အာရှပြည် ကမ်းခြေတစ်လျှောက်ရှိ ဆိပ်ကမ်းများသို့ရွက်လွှင့်သွားမည့် အဒြာမုတ္တိသင်္ဘောကိုစီးလျက် ရွက်လွှင့်ကြ၏။ မာကေဒေါနိပြည်၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုသည်လည်း ငါတို့နှင့်အတူပါလာ၏။