ထိုအခါ လူတို့က မောရှေအား “ငါတို့သောက်ဖို့ရေပေးပါလော့”ဟု ဆို၍ရန်တွေ့ကြ၏။ မောရှေကလည်း “ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့်အကဲစမ်းကြသနည်း”ဟု ဆို၏။
ရှင်မာကု 8:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရိရှဲတို့သည်ထွက်လာ၍ ကိုယ်တော်နှင့်ငြင်းခုံပြောဆိုကြကာ ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။ Common Language Bible ဖာရိရှဲအချို့တို့သည်ရောက်လာ၍ ကိုယ်တော်နှင့် အခြေအတင်ဆွေးနွေးကြ၏။ သူတို့သည်ပရိ ယာယ်ဆင်၍ ``ဘုရားသခင်သည်ကိုယ်တော်အား နှစ်သက်တော်မူကြောင်းသက်သေပြရန် နိမိတ် လက္ခဏာတစ်ပါးကိုပြတော်မူပါ'' ဟုကိုယ်တော် အားတောင်းဆိုကြ၏။- Garrad Bible ထို အ ခါ ဖာ ရိ ရှဲ တို့ သည် ထွက် လာ၍ စုံ စမ်း ခြင်း ငှါ မေး မြန်း ပြော ဆို လျက် မိုး ကောင်း ကင် မှ နိ မိတ် လ က္ခ ဏာ ကို ကိုယ် တော့် ထံ တောင်း ကြ သော်၊ Judson Bible ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ယှက်ခြင်းငှာ၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်ရောက်တော်မူကြောင်းကို ဖာရိရှဲတို့သည် ကြားသောအခါ လာ၍ ကိုယ်တော်နှင့် ငြင်းခုံဆွေးနွေးကြ၏။ သူတို့သည် ကိုယ်တော်ကို စမ်းသပ်လိုသဖြင့် ကောင်းကင်မှ နိမိတ်လက္ခဏာကိုပြရန် တောင်းဆိုကြ၏။ မြန်မာ ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ယှက်ခြင်းငှာ၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။- |
ထိုအခါ လူတို့က မောရှေအား “ငါတို့သောက်ဖို့ရေပေးပါလော့”ဟု ဆို၍ရန်တွေ့ကြ၏။ မောရှေကလည်း “ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့်အကဲစမ်းကြသနည်း”ဟု ဆို၏။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ရန်တွေ့ကြသောကြောင့်လည်းကောင်း၊ “ထာဝရဘုရားသည် ငါတို့၌ရှိသလော၊ မရှိသလော”ဟု ဆိုလျက် ထာဝရဘုရားအား အကဲစမ်းကြသောကြောင့်လည်းကောင်း ထိုအရပ်၏အမည်ကို မဿာ ဟူ၍လည်းကောင်း၊ မေရိဘ ဟူ၍လည်းကောင်း ခေါ်လေ၏။
ထို့ကြောင့် ယခုမှာ အကျွန်ုပ်တို့သည် မာနထောင်လွှားသောသူကို မင်္ဂလာရှိသောသူဟု မှတ်ယူ၏။ အကယ်စင်စစ် ဆိုးယုတ်သောသူတို့သည် ကြီးပွားတိုးတက်၏။ ဘုရားသခင်ကို စမ်းသပ်သောသူတို့သည်လည်း ဘေးဒုက္ခမရောက်”ဟု ဆိုကြပြီ။
ထို့နောက် အချို့သောကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က “ဆရာ၊ အကျွန်ုပ်တို့သည် ဆရာ့ထံမှနိမိတ်လက္ခဏာကို တွေ့မြင်လိုပါသည်”ဟု ကိုယ်တော်အားလျှောက်ကြ၏။
ထိုအခါ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် အထံတော်သို့ချဉ်းကပ်လာ၍ “လူသည် မည်သည့်အကြောင်းကြောင့်မဆို မိမိမယားကို ကွာရှင်းခြင်းသည် တရားတော်နှင့်ညီသလော”ဟု မေးလျှောက်ကြ၏။
ထို့နောက် ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်တော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှ သက်ကြီးဝါကြီးများသည် အထံတော်သို့ ချဉ်းကပ်လာ၍ “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း။ ထိုအခွင့်အာဏာကို မည်သူက သင့်အားပေးသနည်း”ဟု မေးမြန်းကြ၏။
ထိုအခါ ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်ကို နှုတ်တော်ထွက်စကားဖြင့် အကွက်ဆင်ဖမ်းနိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။
သို့သော် ယေရှုသည် သူတို့၏ဆိုးညစ်မှုကိုသိတော်မူ၍“သူတော်ကောင်းယောင်ဆောင်သောသူတို့၊ အဘယ်ကြောင့် ငါ့ကိုစမ်းသပ်ကြသနည်း။
ထိုနေ့၌ပင် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသောဇဒ္ဒုကဲတို့သည် အထံတော်သို့ ချဉ်းကပ်လာ၍
သို့သော် ကိုယ်တော်သည် သူတို့၏သူတော်ကောင်းယောင်ဆောင်မှုကို သိတော်မူ၍“အဘယ်ကြောင့် ငါ့ကိုစမ်းသပ်ကြသနည်း။ ငါကြည့်ရန်အတွက် ဒေနာရိတစ်ပြားကို ငါ့ထံယူခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် အပြစ်သားများ၊ အခွန်ကောက်ခံသူများနှင့်အတူ စားသောက်လျက်နေသည်ကို ဖာရိရှဲတို့ထဲမှ ကျမ်းပြုဆရာများမြင်လျှင် “သူသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု တပည့်တော်တို့အား မေးမြန်းကြ၏။
ကိုယ်တော်ကလည်း တပည့်တော်တို့အား“သင်တို့သည် ထိုသူတို့နှင့် မည်သည့်အကြောင်းအရာကို ဆွေးနွေးနေကြသနည်း”ဟု မေးတော်မူ၏။
တစ်ခါက ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ထ၍ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု ကိုယ်တော်ကိုအကဲစမ်း၍မေးလျှောက်လေ၏။
အချို့တို့သည်လည်း ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။
ယေရှုကလည်း“သင်တို့သည် နိမိတ်လက္ခဏာနှင့်အံ့ဩဖွယ်ရာများကို မမြင်ရလျှင် မည်သည့်အခါမျှ ယုံကြည်ကြမည်မဟုတ်”ဟု မိန့်တော်မူ၏။
သူတို့ကလည်း “သို့ဖြစ်လျှင် အကျွန်ုပ်တို့မြင်၍ ကိုယ်တော်ကိုယုံကြည်နိုင်ရန် မည်သို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူမည်နည်း။ မည်သည့်အမှုကို ဆောင်ရွက်ပေးတော်မူမည်နည်း။
အကြီးအကဲတို့နှင့်ဖာရိရှဲတို့တွင် သူ့ကိုယုံကြည်ခဲ့သူတစ်စုံတစ်ဦးပင်ရှိသလော။
သူတို့သည် ကိုယ်တော်ကို စွပ်စွဲခွင့်ရရှိရန် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ဤသို့လျှောက်ထားကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည်ငုံ့၍ လက်ညှိုးတော်ဖြင့် မြေပေါ်၌ရေးလျက်နေတော်မူ၏။
ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။
သူတို့ထဲမှ အချို့တို့သည် အကဲစမ်းသကဲ့သို့ ငါတို့သည် ခရစ်တော်ကို အကဲမစမ်းဘဲ နေကြကုန်စို့။ ထိုသို့အကဲစမ်းသောသူတို့သည် မြွေများအားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
သင်တို့သည် မဿာအရပ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အကဲစမ်းသကဲ့သို့ အကဲမစမ်းရ။