ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
ရှင်မာကု 6:19 - မြန်မာ့စံမီသမ္မာကျမ်း ဟေရောဒိသည် ယောဟန်ကိုရန်ငြိုးထားလျက် သတ်လိုသော်လည်း အခွင့်မရခဲ့ချေ။ Common Language Bible သို့ဖြစ်၍ဟေရောဒိသည်ယောဟန်ကိုရန်ငြိုးဖွဲ့ ၍သတ်လို၏။ သို့ရာတွင်သတ်ရန်ကားမတတ်နိုင်။- Garrad Bible ဟေ ရော ဒိ လည်း ယော ဟန် ကို ရန် ညိုး ဖွဲ့၍ သတ် လို သော် လည်း ဖြောင့် မတ် သန့် ရှင်း သူ ဖြစ် ကြောင်း ဟေ ရုဒ် မင်း သိ၍ ခန့် ညား သ ဖြင့် ယော ဟန် ကို လုံ ခြုံ စွာ ထား သည့် အ တွက် မ သတ် နိုင် ချေ။ ယော ဟန် ဟော ပြော ချက် ကို ဟေ ရုဒ် မင်း ကြား သော် အ လွန် စိတ် ရှုပ် ထွေး ခြင်း ရှိ သော် လည်း ရွှင် လန်း စွာ ကြား နာ လေ့ ရှိ ၏။ Judson Bible ထိုကြောင့်၊ ဟေရောဒိသည် ယောဟန်ကို ရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှာ အလိုရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဟေရောဒိသည် ယောဟန်ကို အငြိုးထား၍ သတ်လို၏။ သို့သော်လည်း သတ်ခွင့်မရနိုင်ဘဲရှိ၏။ မြန်မာ ထိုကြောင့်၊ ဟေရောဒိသည် ယောဟန်ကို ရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှာ အလိုရှိ၏။- |
ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
အမျက်ဒေါသသည် မိုက်မဲသောသူတို့၏ရင်ခွင်ထဲ၌ ကိန်းအောင်းတတ်သည်ဖြစ်၍ သင့်စိတ်ထဲတွင် အမျက်ဒေါသ အလျင်စလိုမထွက်ပါစေနှင့်။
သင်သည် အမှုအရာများစွာကို မြင်တွေ့သော်လည်း အလေးမထား။ နားပွင့်နေသော်လည်း မကြား။
အကြောင်းမူကား ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲ၌ချထားခဲ့၏။
သို့သော် ဟေရုဒ်၏မွေးနေ့ရောက်လာသောအခါ ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များရှေ့၌ ကပြလျက် ဟေရုဒ်ကို နှစ်သက်စေ၏။