ထို့ကြောင့် နေမန်သည် မိမိအရှင်ထံသို့သွား၍ “အစ္စရေးပြည်မှခေါ်လာသောမိန်းမငယ်လေးက ဤသို့ဤနှယ်ဆိုပါသည်”ဟု လျှောက်တင်လျှင်
ရှင်မာကု 5:19 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်သည် ခွင့်ပြုတော်မမူဘဲ“သင့်အိမ်၊ သင့်မိသားစုထံသို့သွား၍ သင့်အပေါ် ထာဝရဘုရားပြုတော်မူသမျှသောအရာနှင့် သင့်ကိုသနားတော်မူကြောင်းကို သူတို့အားပြောပြလော့”ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်ကားခွင့်ပြုတော်မမူ။ ``သင်၏အိမ်သို့ သွားလော့။ ဘုရားသခင်သည်သင့်အားမည်မျှ ကျေးဇူးပြုတော်မူကြောင်းနှင့် မည်သို့သနား တော်မူကြောင်းကိုဆွေမျိုးသားချင်းတို့အား ပြောပြလော့'' ဟုမိန့်တော်မူ၏။ Garrad Bible ခွင့် ပြု တော် မ မူ ဘဲ ကိုယ့် အိမ်၊ ကိုယ့် အ ဆွေ အ မျိုး တို့ ထံ ပြန် လျက် ထာ ဝ ရ ဘု ရား သည် သင့် ကို သ နား၍ မည် မျှ ကျေး ဇူး ပြု တော် မူ ကြောင်း ကြား ပြော လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယေရှုက ခွင့်မပြုဘဲ “သင့်အိမ်သို့ ပြန်လော့။ ထာဝရဘုရားသည် သင့်အပေါ် မည်သို့ကျေးဇူးပြုတော်မူကြောင်းနှင့် မည်သို့သနားကြင်နာတော်မူကြောင်းကို သင့်လူမျိုးတို့ကို ပြောပြလော့” ဟု မိန့်တော်မူ၏။ မြန်မာ ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော်မူလျှင်၊- |
ထို့ကြောင့် နေမန်သည် မိမိအရှင်ထံသို့သွား၍ “အစ္စရေးပြည်မှခေါ်လာသောမိန်းမငယ်လေးက ဤသို့ဤနှယ်ဆိုပါသည်”ဟု လျှောက်တင်လျှင်
ဘုရားသခင်ကိုကြောက်ရွံ့သောသူအပေါင်းတို့၊ လာ၍နားထောင်ကြလော့။ ငါ၏စိတ်ဝိညာဉ်အတွက် ကိုယ်တော်ပြုတော်မူသောအရာကို ငါပြောပြမည်။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
ထိုအခါ သူသည်ထွက်သွား၍ မိမိအပေါ်ယေရှုပြုတော်မူသမျှတို့ကို ဒေကာပေါလိနယ်၌ပြောကြားသဖြင့် လူအပေါင်းတို့သည်အံ့သြကြ၏။
“သင့်အိမ်သို့ပြန်၍ သင့်အပေါ် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားလော့”ဟု မိန့်တော်မူပြီး သူ့ကိုပြန်သွားစေ၏။ ထိုအခါ သူသည်ထွက်သွား၍ မိမိအပေါ် ယေရှုပြုတော်မူသမျှတို့ကို တစ်မြို့လုံးအနှံ့ပြောကြားလေ၏။
“ကျွန်မပြုခဲ့သမျှသောအရာတို့ကို ကျွန်မအားထုတ်ဖော်ပြောဆိုသောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု လူတို့အားဆိုသဖြင့်