မိုးကောင်းကင်ငှက်တို့သည် ၎င်းတို့အနီးတွင် နေကြပြီး သစ်ကိုင်းများကြားတွင် တွန်ကျူးကြ၏။
ရှင်မာကု 4:32 - မြန်မာ့စံမီသမ္မာကျမ်း စိုက်ပြီး ကြီးထွားလာသောအခါတွင်မူ ဟင်းသီးဟင်းရွက်ပင်အားလုံးထက်ကြီး၍ ၎င်း၏အရိပ်အောက်တွင် မိုးကောင်းကင်ငှက်တို့သည် အသိုက်ဖွဲ့နေနိုင်လောက်သော ကြီးမားသည့်အကိုင်းများထွက်လာ၏”ဟု မိန့်တော်မူ၏။ Common Language Bible စိုက်ပြီးနောက်ကြီးပွားလာသောအခါ အခြား အပင်ငယ်များအားလုံးထက်ပို၍ကြီးမား၏။ အကိုင်းအခက်ကြီးများလည်းပေါ်ထွက်လာ၏။ ကောင်းကင်ငှက်များပင်ထိုအပင်အရိပ်ဝယ် နားနေနိုင်ကြ၏'' ဟုမိန့်တော်မူ၏။ Garrad Bible စိုက် ပျိုး ပြီး မှ ပေါက် ပွား၍ ဟင်း သီး ဟင်း ရွက် ပင် ရှိ သ မျှ ထက် ကြီး လျက် အ ရိပ် အောက် တွင် လေ သ တ္တ ဝါ တို့ နား နေ လောက် သော အ ခက် ကြီး များ ထွက် သည် ဟု မိန့် တော် မူ၏။ Judson Bible မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုးကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက်သော အကိုင်းအခက်ကြီးတို့ကို ဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကြီးထွားလာသောအခါ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ကြီးမားသောအကိုင်းအခက်များလည်း ထွက်လာ၏။ ငှက်များပင် ထိုအပင်၏အရိပ်၌ နား၍ အသိုက်ဆောက်ကြ၏” ဟု မိန့်တော်မူ၏။ မြန်မာ မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုးကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက်သော အကိုင်းအခက်ကြီးတို့ကို ဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။- |
မိုးကောင်းကင်ငှက်တို့သည် ၎င်းတို့အနီးတွင် နေကြပြီး သစ်ကိုင်းများကြားတွင် တွန်ကျူးကြ၏။
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
သို့သော် ဖြောင့်မတ်သောသူတို့၏လမ်းသည် မိုးစင်စင်လင်းသည့်တိုင်အောင် ပို၍ပို၍ထွန်းလင်းလာသည့် အရုဏ်ဦး၏အလင်းရောင်ကဲ့သို့ဖြစ်၏။
“ယောက်ျားများအလယ်တွင် အကျွန်ုပ်ချစ်သူသည် တောသစ်ပင်တို့အလယ်မှ ပန်းသီးပင်ကဲ့သို့ ဖြစ်ပါ၏။ သူ့အရိပ်၌ ခိုနားရသည်ကို အကျွန်ုပ်အလွန်နှစ်သက်ပါ၏။ သူ့အသီးသည်လည်း အကျွန်ုပ်အဖို့ အလွန်ချိုမြိန်၍ အရသာရှိပါ၏။
ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်။ အကြောင်းမူကား ပင်လယ်သည် ရေများနှင့်ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းနှင့်ပြည့်လိမ့်မည်။
သူတို့သည် လေဘေးမှခိုလှုံရာ၊ မုန်တိုင်းဘေးမှကွယ်ကာရာကဲ့သို့၊ ခြောက်သွေ့သောအရပ်မှ စမ်းချောင်းကဲ့သို့၊ ပူပြင်းသောအရပ်မှ ကျောက်ဆောင်ကြီး၏အရိပ်ကဲ့သို့ ဖြစ်ကြမည်။
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
မြင့်မားသောအစ္စရေးတောင်ပေါ်မှာ စိုက်မည်။ အကိုင်းအခက်ထွက်လာ၍ အသီးသီးသဖြင့် လှပတင့်တယ်သောသစ်ကတိုးပင်ဖြစ်လာလိမ့်မည်။ အရပ်ရပ်မှ ငှက်အပေါင်းတို့သည် ထိုအပင်၌အသိုက်ဆောက်၍ အကိုင်းအခက်တို့၏အရိပ်၌ ခိုနားကြလိမ့်မည်။
၎င်းသည် အစေ့တကာတို့ထက် သေးငယ်၏။ သို့သော် ကြီးထွားလာသောအခါတွင်မူ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ၎င်း၏အကိုင်းများတွင် မိုးကောင်းကင်ငှက်တို့သည်လာ၍ အသိုက်ဖွဲ့နေနိုင်လောက်သောအပင်ဖြစ်လာ၏”ဟု မိန့်တော်မူ၏။
၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ ထိုအစေ့သည် မြေ၌စိုက်သောအခါ မြေကြီးပေါ်ရှိ အစေ့တကာတို့ထက် သေးငယ်၏။
ကိုယ်တော်သည် ထိုသို့သောပုံဥပမာများစွာတို့ဖြင့် လူတို့ကြားနာနိုင်သည့်အတိုင်း တရားစကားကို သူတို့အား ဟောပြောတော်မူ၏။