ငါသည် သုတ္တံစကားတို့ကိုဂရုစိုက်နားထောင်မည်။ ငါ၏ပဟေဠိကို စောင်းတီး၍ဖွင့်ပြမည်။
ရှင်မာကု 4:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည် များစွာသောအကြောင်းအရာတို့ကို ပုံဥပမာတို့ဖြင့် သူတို့အား သွန်သင်တော်မူ၏။ ထိုသို့သွန်သင်ရာတွင် ကိုယ်တော်က Common Language Bible ကိုယ်တော်ကပုံဥပမာဆောင်၍များစွာသော အကြောင်းအရာများကိုသွန်သင်တော်မူ၏။- Garrad Bible အ ကြောင်း အ ရာ များ ကို ဥ ပ မာ ဖြင့် သွန် သင်၍ မိန့် တော် မူ သည် မှာ၊ Judson Bible ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍ မြွက်ဆိုတော်မူသည်မှာ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် သွန်သင်တော်မူ၏။ ထိုသို့ သွန်သင်ရာတွင် ကိုယ်တော်က မြန်မာ ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍ မြွက်ဆိုတော်မူသည်မှာ၊- |
ငါသည် သုတ္တံစကားတို့ကိုဂရုစိုက်နားထောင်မည်။ ငါ၏ပဟေဠိကို စောင်းတီး၍ဖွင့်ပြမည်။
ငါသည် ပုံဥပမာများဆောင်လျက် ငါ့နှုတ်ကိုဖွင့်၍ ရှေးကာလမှ ပဟေဠိတို့ကို ထုတ်ဖော်ပြောဆိုမည်။
ထို့နောက် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် အဘယ်ကြောင့် သူတို့အား ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသနည်း”ဟု မေးလျှောက်ကြ၏။
ထိုအခါ ကိုယ်တော်သည် များစွာသောအရာတို့ကို ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန် ထွက်သွားလေ၏။
ဤတရားစကားတို့ကို ယေရှုသွန်သင်တော်မူပြီးသောအခါ လူထုပရိသတ်တို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ ယုဒနယ်ဆိုင်ရာအရပ်ဒေသနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ကြွတော်မူရာ လူထုပရိသတ်တို့သည် အထံတော်သို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ပြုလေ့ရှိသည့်အတိုင်း သူတို့ကိုသွန်သင်တော်မူ၏။
ထို့နောက် ယေရှုသည် ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံစည်းရိုးခတ်လျက် စပျစ်သီးနယ်ရာကျင်းကိုတူးကာ မျှော်စင်ကိုဆောက်လေ၏။ ထို့နောက် ထိုခြံကို ခြံသမားတို့အားငှားရမ်း၍ ခရီးထွက်လေ၏။
ကိုယ်တော်သည် ဆက်၍ဟောပြောသွန်သင်တော်မူရာ၌“ကျမ်းပြုဆရာတို့ကို သတိထားကြလော့။ သူတို့သည် ဝတ်လုံကိုဝတ်၍ သွားလာခြင်းကိုလည်းကောင်း၊ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊
ထိုအခါ ကိုယ်တော်သည် သူတို့ကိုခေါ်၍ ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသည်မှာ“စာတန်သည် စာတန်ကို မည်ကဲ့သို့နှင်ထုတ်နိုင်မည်နည်း။
ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို သိခွင့်ပေးထား၏။ အပြင်လူတို့အတွက်မူကား အရာရာကို ပုံဥပမာများဖြင့်ဖော်ပြရ၏။
ထိုစဉ်တွင် ယဇ်ပုရောဟိတ်မင်းသည် ယေရှုအား တပည့်တော်တို့နှင့်ပတ်သက်၍လည်းကောင်း၊ သူ၏သွန်သင်ချက်နှင့်ပတ်သက်၍လည်းကောင်း မေးမြန်း၏။