မျက်စိရှိသော်လည်း မမြင်သောသူ၊ နားရှိသော်လည်း မကြားသောသူတို့ကို ထုတ်ဆောင်ခဲ့လော့။
ရှင်မာကု 4:12 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား သူတို့သည် မြင်လျက်ပင် သတိမမူဘဲမြင်၍ ကြားလျက်ပင် နားမလည်ဘဲကြားကြစေရန်ဖြစ်၏။ သို့မဟုတ်လျှင် သူတို့သည် ပြောင်းလဲ၍ ခွင့်လွှတ်ခြင်းခံရကြလိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်၊ `သူတို့သည်ကြည့်လျက်နှင့်လည်းမမြင်၊ ကြားလျက်နှင့်လည်းနားမလည်ကြ။ အကယ်၍သူတို့သာမြင်၍နားလည်ပါမူ ဘုရားသခင်ထံတော်သို့ပြောင်းလဲကြမည် ဖြစ်သဖြင့်၊ ကိုယ်တော်သည်သူတို့အားအပြစ် ဖြေလွှတ်တော်မူပေအံ့' ဟုကျမ်းစာလာသောကြောင့်ဖြစ်၏'' ဟူ၍မိန့်တော်မူ၏။ Judson Bible ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားသဖြင့်၊ သူတို့အကျင့် မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာအားဖြင့် ဟောရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ‘သူတို့သည် ငါလုပ်ဆောင်သည့်အရာကို ကြည့်လျက်နှင့်ပင် သဘောမပေါက်နိုင်ကြ။ ငါပြောသည့်စကားကို နားထောင်လျက်နှင့်ပင် နားမလည်။ အကယ်၍ သူတို့သည် သဘောပေါက်၍ နားလည်ပါက ငါ့ထံသို့ ပြောင်းလဲ၍ ခွင့်လွှတ်တော်မူခြင်းကို ခံရကြလိမ့်မည်’ ” ဟု မိန့်တော်မူ၏။ မြန်မာ ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားသဖြင့်၊ သူတို့အကျင့် မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာအားဖြင့် ဟောရ၏။ |
မျက်စိရှိသော်လည်း မမြင်သောသူ၊ နားရှိသော်လည်း မကြားသောသူတို့ကို ထုတ်ဆောင်ခဲ့လော့။
သူတို့၏မျက်စိသည် မမြင်နိုင်အောင်၊ သူတို့၏စိတ်နှလုံးသည် နားမလည်နိုင်အောင်ပိတ်လျက်ရှိသဖြင့် သူတို့သည် ဘာမျှမသိ၊ ဘာမျှနားမလည်ကြ။
ယုဒအမျိုးသားတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ၏အကြံအစည်ကို သူတို့ကြားလျှင် သူတို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကောင်းပြန်လာကြလိမ့်မည်။ သို့ပြုလျှင် သူတို့၏အပြစ်ဒုစရိုက်များကို ငါခွင့်လွှတ်မည်”ဟု မိန့်ဆို၏။
‘မျက်စိရှိသော်လည်း မမြင်၊ နားရှိသော်လည်း မကြား၊ မိုက်မဲ၍ အသိဉာဏ်မရှိသောလူတို့၊ ယခု ဤစကားကိုနားထောင်ကြလော့။
“အချင်းလူသား၊ ပုန်ကန်တတ်သောအမျိုးတို့ကြားတွင် သင်နေရ၏။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် မျက်စိရှိလျက် မမြင်၊ နားရှိလျက် မကြားကြ။
သင်တို့သည် မျက်စိရှိလျက်နှင့်မမြင်ကြသလော။ နားရှိလျက်နှင့်မကြားကြသလော။သင်တို့မမှတ်မိကြသလော။
ကိုယ်တော်ကလည်း“သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထား၏။ အခြားသောသူတို့မူကား မြင်လျက်ပင် မမြင်စေရန်နှင့် ကြားလျက်ပင် နားမလည်စေရန် သူတို့အား ပုံဥပမာများဖြင့်ဟောပြောရ၏။
ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။
သို့သော် ယနေ့ထိတိုင် ထာဝရဘုရားသည် သင်တို့အား နားလည်နိုင်သောစိတ်၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ပေးတော်မမူ။
ဆန့်ကျင်ဘက်ပြုသောသူတို့ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ဆုံးမသွန်သင်ရမည်။ သို့ပြုလျှင် ဘုရားသခင်သည် သူတို့အား နောင်တရသောအခွင့်ကိုပေးတော်မူသဖြင့် သူတို့သည် သမ္မာတရားကိုသိရှိလာကာ
ရွေ့လျောဖောက်ပြန်သောသူတို့သည် ဘုရားသခင်၏သားတော်ကို သူတို့ကိုယ်တိုင် လက်ဝါးကပ်တိုင်ပေါ်၌ပြန်တင်၍ အရှက်ကွဲစေသောသူများဖြစ်ကြသောကြောင့် သူတို့ကို အသစ်တစ်ဖန်နောင်တရခြင်းသို့မရောက်စေနိုင်ရာ။