ယေရမိ 36:3 - မြန်မာ့စံမီသမ္မာကျမ်း3 ယုဒအမျိုးသားတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ၏အကြံအစည်ကို သူတို့ကြားလျှင် သူတို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကောင်းပြန်လာကြလိမ့်မည်။ သို့ပြုလျှင် သူတို့၏အပြစ်ဒုစရိုက်များကို ငါခွင့်လွှတ်မည်”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ယုဒပြည်သားများသည်မိမိတို့အတွက် ငါ ရည်မှန်းထားသည့်ဘေးအန္တရာယ်ဆိုး၏အ ကြောင်းကိုကြားသိရပါမူ မိမိတို့၏အကျင့် ဆိုးများကိုစွန့်ပစ်ကောင်းစွန့်ပစ်ကြလိမ့်မည်။ ထိုအခါငါသည်သူတို့ပြုကျင့်သည့်မ ကောင်းမှုဒုစရိုက်များအတွက်အပြစ် ဖြေလွှတ်တော်မူမည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 ငါ ပြ ဋ္ဌာန်း သ မျှ သော မ ကောင်း ကျိုး ကို ကြား သိ လျှင် အ ပြစ် ဒု စ ရိုက် ကို ငါ ဖြေ လွှတ် ရ စေ ခြင်း ငှာ၊ ယု ဒ အ မျိုး သား အ သီး သီး တို့ သည် ကိုယ့် မ ကောင်း လမ်း မှ ကြဉ် ရှောင် ကောင်း ကြဉ် ရှောင် ကြ လိမ့် မည် ဟု ရောက် လာ သော်၊ အခန်းကိုကြည့်ပါ။Judson Bible3 ယုဒအမျိုးတို့၌ပြုမည်ဟု ငါကြံစည်သမျှသော ဘေးဥပဒ်တို့ကို သူတို့သည် ကြားသောအခါ၊ သူတို့ ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း၊ အသီးအသီးလိုက်ဖူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်း ရှောင်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အချင်းလူသား၊ သင်သည် သုံ့ပန်းကဲ့သို့ အထုပ်အပိုးကို ပြင်ဆင်လော့။ နေ့အချိန်၌ သူတို့မျက်စိရှေ့တွင်ပင် သုံ့ပန်းပါသွားသောသူကဲ့သို့ ထွက်သွားလော့။ သူတို့မျက်စိရှေ့တွင်ပင် တစ်နေရာမှတစ်နေရာသို့ သွားလာလော့။ သို့ပြုလျှင် သူတို့သည် ပုန်ကန်တတ်သောသဘောရှိသော်လည်း သတိပြုမိကောင်း ပြုမိကြပါလိမ့်မည်။
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ခံရမည့် ဘေးအန္တရာယ်ကို ပြင်ဆင်နေပြီ။ သင်တို့ကိုဆန့်ကျင်မည့်အကြံအစည်ကို ကြံစည်နေပြီ။ မကောင်းသောလမ်းမှ အသီးသီးပြန်လာကြ။ သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြ”ဟူ၍ မိန့်တော်မူကြောင်း ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ယခု ဆင့်ဆိုလော့။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။
ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။
သို့သော် သင်တို့သည် ငါ့ထံပြန်လာ၍ ငါ့ပညတ်တို့ကို လိုက်နာစောင့်ထိန်းမည်ဆိုလျှင် မိုးကောင်းကင်အစွန်းသို့ နှင်ထုတ်ခြင်းခံရသော်လည်း ထိုအရပ်မှပြန်လည်စုစည်း၍ ငါ့နာမတည်စေရန် ငါရွေးချယ်ထားသောအရပ်သို့ ပြန်လည်ခေါ်ဆောင်လာမည်’ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်ကို သတိရတော်မူပါ။