ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ရှင်မာကု 3:27 - မြန်မာ့စံမီသမ္မာကျမ်း ခွန်အားကြီးသောသူကို ဦးစွာမချည်နှောင်လျှင် မည်သူမျှ သူ့အိမ်သို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မလုယူနိုင်။ ချည်နှောင်ပြီးမှသာ သူ၏အိမ်ကို ဖောက်ထွင်းလုယူနိုင်လိမ့်မည်။ Common Language Bible ခွန်အားကြီးသူကိုဦးစွာမချည်မနှောင်ဘဲသူ ၏အိမ်သို့ဝင်၍ ဥစ္စာပစ္စည်းများကိုမည်သူမျှမလု မယူနိုင်။ ချည်နှောင်ပြီးမှသာလုယူနိုင်ပေမည်။ Garrad Bible ခွန် အား ကြီး သူ့ ကို ဦး စွာ မ ချည် နှောင် ဘဲ သူ့ အိမ် အ တွင်း ဝင်၍ ပ စ္စည်း များ ကို မည် သူ မျှ မ လု ယူ နိုင်။ ချည် နှောင် ပြီး မှ သာ ထို အိမ် ကို လု ယက် နိုင် လိမ့် မည် ဟု ဥ ပ မာ ဆောင်၍ မိန့် တော် မူ ၏။ Judson Bible သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင်၊ သူ၏အိမ်သို့ဝင်၍ သူ၏ဥစ္စာကို အဘယ်သူမျှ မလုမယူနိုင်။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ခွန်အားကြီးသောသူကို ဦးစွာ မချည်နှောင်ဘဲ သူ၏ အိမ်သို့ ဝင်၍ ဥစ္စာပစ္စည်းများကို မည်သူမျှ မလုယူနိုင်။ ထိုသူထက် ခွန်အားကြီးသော တစ်စုံတစ်ယောက်က သူ့ကို ချည်နှောင်ပြီးမှသာ သူ၏ အိမ်ကို ဖောက်ထွင်းလုယူနိုင်မည်။ မြန်မာ သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင်၊ သူ၏အိမ်သို့ဝင်၍ သူ၏ဥစ္စာကို အဘယ်သူမျှ မလုမယူနိုင်။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။- |
ငါသည် သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်၌ ထာဝရဘုရားသည် ထွက်ပြေးနေသောမြွေကြီးလဝိသန်၊ တွန့်လိမ်နေသောမြွေကြီးလဝိသန်ကို ခိုင်မာ၍အစွမ်းထက်သော မိမိဓားကြီးဖြင့်အပြစ်ဒဏ်ပေးတော်မူမည်။ ပင်လယ်မြွေနဂါးကိုလည်း သတ်ဖြတ်တော်မူမည်။
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
ခွန်အားကြီးသောသူကို ဦးစွာမချည်နှောင်လျှင် သူ့အိမ်သို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မည်သို့လုယူနိုင်မည်နည်း။ ချည်နှောင်ပြီးမှသာ သူ၏အိမ်ကို ဖောက်ထွင်းလုယူနိုင်လိမ့်မည်။
ယခုသည် ဤလောက၏တရားစီရင်ခြင်းကာလဖြစ်၏။ ဤလောကကိုအုပ်ချုပ်သူသည် ယခု နှင်ထုတ်ခြင်းခံရမည်။
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် မကြာမီအတွင်း စာတန်ကို သင်တို့၏ခြေအောက်၌ ကြေမွစေတော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
အုပ်ချုပ်မှုများနှင့်အာဏာစက်များကိုလည်း အစွမ်းမဲ့စေ၍ လက်ဝါးကပ်တိုင်အားဖြင့် ၎င်းတို့ကို အောင်ပွဲခံပြီး အများတကာရှေ့တွင် ထင်ရှားစွာအရှက်ကွဲစေတော်မူ၏။
ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက်
အပြစ်ကိုပြုနေသောသူသည် မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား မာရ်နတ်သည် အစအဦးကပင် အပြစ်ပြုလျက်ရှိ၏။ ဘုရားသခင်၏သားတော်ပေါ်ထွန်းတော်မူခဲ့သည်မှာ မာရ်နတ်၏လုပ်ဆောင်မှုတို့ကို ပယ်ဖျက်ရန်အတွက်ဖြစ်၏။
သားသမီးတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၍ ထိုသူတို့ကိုအောင်နိုင်ကြပြီ။ အကြောင်းမူကား သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် ကြီးမြတ်တော်မူ၏။