ယေဟုသည် အခန်းအပြင်ဘက်ရှိ မိမိသခင်၏အမှုထမ်းတို့ထံပြန်ထွက်လာသောအခါ သူတို့က “အဆင်ပြေပါ၏လော။ ဤသူရူးက သင့်ထံအဘယ်ကြောင့် လာသနည်း”ဟုမေးသော် သူက “ဤသူနှင့်သူပြောတတ်သည့်စကားကို သင်တို့ သိပါ၏”ဟုသာ ပြန်ဖြေ၏။
ရှင်မာကု 3:21 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏ဆွေမျိုးသားချင်းတို့သည်ကြားလျှင် ကိုယ်တော်ကိုထိန်းချုပ်ရန် ထွက်လာကြ၏။ အကြောင်းမှာ “သူသည် စိတ်ဖောက်ပြန်နေပြီ”ဟု လူတို့ပြောဆိုနေကြသောကြောင့်ဖြစ်၏။ Common Language Bible လူအချို့တို့က ``ကိုယ်တော်သည်စိတ်ဖောက်ပြန် သွားပြီ'' ဟုပြောဆိုနေကြ၏။ ဤအကြောင်းကို ကိုယ်တော်၏မိသားစုတို့ကြားကြလျှင် ကိုယ်တော် ကိုစောင့်ရှောက်ရန်အထံတော်သို့လိုက်လာကြ၏။ Garrad Bible ရူး သွပ် ပြီ ဟု ဆို လျက် ကိုယ် တော် ကို ဖမ်း ဆီး ရန် ထွက် လာ ကြ ၏။ Judson Bible ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ထွက်သွားကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်၏ မိသားစုဝင်တို့သည် ဖြစ်ပျက်သမျှကို ကြားလျှင် ကိုယ်တော်ကို ထိန်းချုပ်ရန် ရောက်လာကြ၏။ သူတို့က “သူသည် စိတ်ဖောက်ပြန်နေပြီ” ဟု ဆိုကြ၏။ မြန်မာ ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ထွက်သွားကြ၏။- |
ယေဟုသည် အခန်းအပြင်ဘက်ရှိ မိမိသခင်၏အမှုထမ်းတို့ထံပြန်ထွက်လာသောအခါ သူတို့က “အဆင်ပြေပါ၏လော။ ဤသူရူးက သင့်ထံအဘယ်ကြောင့် လာသနည်း”ဟုမေးသော် သူက “ဤသူနှင့်သူပြောတတ်သည့်စကားကို သင်တို့ သိပါ၏”ဟုသာ ပြန်ဖြေ၏။
ထာဝရဘုရားသည် ယဇ်ပုရောဟိတ်ယောယဒနေရာတွင် သင့်ကိုယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူပြီ။ သင်သည် ထာဝရဘုရား၏အိမ်တော်ကိုကြီးကြပ်ရသူဖြစ်ပြီ။ ပရောဖက်အယောင်ဆောင်သောသူရူးရှိသမျှတို့ကို အချုပ်ထဲတွင် ထိပ်ခတ်ထားရမည်ဟု သင်ဆိုလေပြီ။
စစ်ကြောရာနေ့ ရောက်လာပြီ။ ဒဏ်ပေးရာနေ့ ရောက်လာပြီ။ ဤအကြောင်းကို အစ္စရေးအား သိစေလော့။ သင်တို့သည် အပြစ်ကြီးပြီး မုန်းတီးစိတ်ပြင်းထန်လွန်းသောကြောင့် ပရောဖက်တို့လည်း ဆိုးမိုက်ရလေပြီ။ ဝိညာဉ်လူတို့လည်း ရူးသွပ်ရလေပြီ။
ထိုအခါ ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ရောက်လာပြီး အပြင်၌ရပ်လျက် လူလွှတ်၍ ကိုယ်တော်ကိုခေါ်ကြ၏။
သူတို့ထဲမှ အများစုက “သူသည် နတ်ဆိုးပူး၍ ရူးသွပ်နေပြီ။ သူ့ကို အဘယ်ကြောင့် နားထောင်ကြသနည်း”ဟု ဆိုကြ၏။
ပေါလုသည် ဤသို့ချေပပြောဆိုနေစဉ် ဖေတ္တုမင်းက “ပေါလု၊ သင်သည်ရူးသွပ်နေပြီ။ သင်၏လွန်ကဲသောကျမ်းဂန်လေ့လာမှုသည် သင့်ကို သူရူးဖြစ်စေပြီ”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။
အကြောင်းမူကား ငါတို့သည် စိတ်ဖောက်ပြန်နေသည်ဆိုလျှင် ဘုရားသခင်အတွက်ဖြစ်၍ ပကတိစိတ်ရှိလျှင် သင်တို့အတွက်ဖြစ်၏။