သတ္တမနေ့သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ သင်၏ကျွန်ယောက်ျားကျွန်မိန်းမ၊ သင်၏တိရစ္ဆာန်နှင့် သင့်မြို့အတွင်းရှိတိုင်းတစ်ပါးသားတို့သည် မည်သည့်အလုပ်ကိုမျှမလုပ်ရ။
ရှင်မာကု 2:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရိရှဲတို့က “သူတို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို အဘယ်ကြောင့်ပြုကြသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။ Common Language Bible ထိုအခါဖာရိရှဲများက ``ကြည့်ပါ၊ ဥပုသ်နေ့ ၌မပြုအပ်သောအမှုကို သူတို့သည်အဘယ် ကြောင့်ပြုကြပါသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ Garrad Bible ဖာ ရိ ရှဲ တို့ က ထို သူ တို့ သည် ဥ ပုသ် နေ့ တွင် မ အပ် သော အ မှု ကို အ ဘယ် ကြောင့် ပြု ကြ ပါ သ နည်း ဟု မေး ကြ သော်၊ Judson Bible ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြသော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖာရိရှဲတို့က “သူတို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။ မြန်မာ ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကားဟု လျှောက်ကြသော်၊- |
သတ္တမနေ့သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ သင်၏ကျွန်ယောက်ျားကျွန်မိန်းမ၊ သင်၏တိရစ္ဆာန်နှင့် သင့်မြို့အတွင်းရှိတိုင်းတစ်ပါးသားတို့သည် မည်သည့်အလုပ်ကိုမျှမလုပ်ရ။
ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ ထာဝရဘုရားအတွက် သန့်ရှင်းသောနေ့ဖြစ်၏။ ဥပုသ်နေ့၌အလုပ်လုပ်သောသူမည်သူမဆို မုချအသတ်ခံရမည်။
ထိုသို့ပြုသောသူ၊ ထိုအရာကိုဆုပ်ကိုင်ထားသောလူသား၊ ဥပုသ်နေ့ကိုမညစ်ညူးစေဘဲ စောင့်ထိန်းသောသူ၊ မည်သည့်မကောင်းမှုကိုမျှမပြုမိစေရန် မိမိလက်ကိုချုပ်တည်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ငါ၏ဥပုသ်နေ့ကိုစောင့်ထိန်းသော၊ ငါနှစ်သက်သောအရာကိုရွေးချယ်၍ ငါ၏ပဋိညာဉ်ကိုစွဲကိုင်ထားသော မိန်းမစိုးတို့အား
ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင်၍ နာမတော်ကိုချစ်မြတ်နိုးသောကိုယ်တော်၏အစေအပါးဖြစ်ရန် ထာဝရဘုရား၌မှီဝဲဆည်းကပ်သော တိုင်းတစ်ပါးသားတို့ကိုလည်းကောင်း၊ ဥပုသ်နေ့ကိုမညစ်ညူးစေရန် စောင့်ထိန်း၍ ငါ၏ပဋိညာဉ်ကိုစွဲကိုင်ထားသောသူအပေါင်းတို့ကိုလည်းကောင်း
ငါ၏သန့်ရှင်းရာနေ့၌ မိမိအလိုသို့မလိုက်ဘဲ ဥပုသ်နေ့ကိုစောင့်ထိန်းလျှင်၊ ဥပုသ်နေ့ကို ပျော်မွေ့ရာနေ့၊ ထာဝရဘုရား၏သန့်ရှင်းသောနေ့ကို ရိုသေဖွယ်ရာနေ့ဟုခေါ်လျှင်၊ ကိုယ့်လမ်းသို့မလိုက်၊ ကိုယ့်အလိုအတိုင်းမပြု၊ ကိုယ့်အလိုအတိုင်းမပြောဘဲ ထိုနေ့ကိုရိုသေလျှင်
ဖာရိရှဲတို့သည် ထိုအခြင်းအရာကိုမြင်လျှင် “သင်၏တပည့်တို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို ပြုနေကြပါသည်တကား”ဟု ကိုယ်တော်အား လျှောက်ကြ၏။
ကိုယ်တော်သည် အပြစ်သားများ၊ အခွန်ကောက်ခံသူများနှင့်အတူ စားသောက်လျက်နေသည်ကို ဖာရိရှဲတို့ထဲမှ ကျမ်းပြုဆရာများမြင်လျှင် “သူသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု တပည့်တော်တို့အား မေးမြန်းကြ၏။
ကိုယ်တော်ကလည်း“ဒါဝိဒ်သည် သူ၌စားစရာမရှိသဖြင့် သူမှစ၍သူနှင့်အတူရှိသောသူတို့သည် ဆာလောင်ကြသောအခါ မည်သည့်အရာပြုခဲ့သည်ကို မဖတ်ဖူးကြသလော။
“ဤသူသည် အဘယ်ကြောင့် ထိုကဲ့သို့ပြောရသနည်း။ သူသည် ဘုရားသခင်ကိုစော်ကားပြောဆို၏။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကိုခွင့်လွှတ်နိုင်သနည်း”ဟု မိမိတို့စိတ်ထဲ၌ တွေးတောဆင်ခြင်ကြ၏။
ထို့ကြောင့် သင်တို့သည် စိတ်ပင်ပန်းနွမ်းနယ်၍ စိတ်ပျက်ခြင်းမရှိစေရန် အပြစ်သားတို့၏ထိုကဲ့သို့သောဆန့်ကျင်မှုကိုသည်းခံတော်မူသောအရှင်ကို အောက်မေ့ဆင်ခြင်ကြလော့။