ထို့ကြောင့် နေမန်သည် မိမိအရှင်ထံသို့သွား၍ “အစ္စရေးပြည်မှခေါ်လာသောမိန်းမငယ်လေးက ဤသို့ဤနှယ်ဆိုပါသည်”ဟု လျှောက်တင်လျှင်
ရှင်မာကု 16:9 - မြန်မာ့စံမီသမ္မာကျမ်း [ယေရှုသည် ရက်သတ္တပတ်၏ပထမနေ့ နံနက်စောစောအချိန်တွင် ထမြောက်တော်မူပြီးနောက် မာဂဒလမြို့သူမာရိအား ပထမဦးစွာ ကိုယ်ထင်ရှားပြတော်မူ၏။ ထိုမာရိကား နတ်ဆိုးခုနစ်ကောင်ကို သူ့ထံမှ ကိုယ်တော်နှင်ထုတ်ပေးခဲ့သောသူဖြစ်၏။ Common Language Bible [တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။- Garrad Bible ကိုယ် တော် သည် ခု နစ် ရက် တွင် ပ ဌ မ နေ့ နံ နက် စော စော ရှင် ပြန် ထ မြောက် ပြီး မှ နတ် ခု နစ် ကောင် ကို နှင် ထုတ် တော် မူ ဖူး သော မာ ဂ ဒ လ မာ ရိ အား ဦး စွာ ထင် ရှား တော် မူ လျှင်၊ အ စား၊ တစ် နည်း၊ ပေ တ ရု နှင့် အ ပေါင်း အ ဖော် တို့ အား မိန့် တော် မူ ခဲ့ သ မျှ ကို အ ချုပ် အား ဖြင့် ပြန် ကြား ကြ ပြီး နောက် ယေ ရှု ကိုယ် တော် တိုင် သည် ထာ၀ ရ ကယ် တင် ခြင်း ဆိုင် ရာ သင်္ခါ ရ ကင်း၍ သန့် ရှင်း သော သ တင်း တော် ကို အ ရှေ့ စွန်း မှ အ နောက် စွန်း တိုင် အောင် တ ပည့် တော် တို့ အား ဖြင့် လွှင့် တော် မူ သ တည်း။ Judson Bible ကိုယ်တော်သည် ခုနစ်ရက်တွင် ပထမနေ့ရက် စောစောအချိန်၌ ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလမာရိကို ကိုယ်ထင်ပြတော်မူ၏။ ထိုမာရိမှာ ယေရှု နတ်ဆိုးခုနစ်ကောင် နှင်ထုတ်ပေးတော်မူခဲ့ဖူးသည့်သူဖြစ်၏။ မြန်မာ ကိုယ်တော်သည် ခုနစ်ရက်တွင် ပထမနေ့ရက် စောစောအချိန်၌ ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။- |
ထို့ကြောင့် နေမန်သည် မိမိအရှင်ထံသို့သွား၍ “အစ္စရေးပြည်မှခေါ်လာသောမိန်းမငယ်လေးက ဤသို့ဤနှယ်ဆိုပါသည်”ဟု လျှောက်တင်လျှင်
သူတို့အထဲတွင် မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏မိခင်ဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားများ၏မိခင်တို့ပါ၏။
ထိုအရပ်၌ အဝေးမှကြည့်နေသောအမျိုးသမီးများလည်းရှိကြ၏။ သူတို့အထဲတွင် မာဂဒလမြို့သူမာရိ၊ ယာကုပ်အငယ်နှင့်ယောသေတို့၏မိခင်ဖြစ်သောမာရိနှင့် ဆလိုမေတို့လည်းပါ၏။
မာဂဒလမြို့သူမာရိနှင့် ယောသေ၏မိခင်ဖြစ်သောမာရိတို့သည်လည်း မည်သည့်နေရာ၌ အလောင်းတော်ထားကြသည်ကို ကြည့်ရှုကြ၏။
ထိုအခါ သူတို့သည်တုန်လှုပ်လျက် မိန်းမောတွေဝေသဖြင့် သင်္ချိုင်းဂူထဲမှထွက်လာပြီးလျှင် ထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့သောကြောင့် မည်သူ့ကိုမျှ မည်သည့်အရာမျှမပြောကြချေ။
တမန်တော်တို့အား ဤအကြောင်းအရာများကိုပြောပြသောသူတို့မှာ မာဂဒလမြို့သူမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင်ဖြစ်သူမာရိမှစ၍ သူတို့နှင့်အတူရှိသော အခြားအမျိုးသမီးများဖြစ်ကြ၏။
သူတို့အပြင်အနာရောဂါများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သော အမျိုးသမီးအချို့ဖြစ်ကြသည့် နတ်ဆိုးခုနစ်ကောင်ထွက်သွားခဲ့သော မာဂဒလမြို့သူဟုခေါ်သည့်မာရိ၊
ဖြူသောအဝတ်ကိုဝတ်ဆင်သည့် ကောင်းကင်တမန်နှစ်ပါးသည် ယေရှုအလောင်းတော်လဲလျောင်းခဲ့ရာအရပ်၏ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်နေကြသည်ကို မြင်လေ၏။
ရက်သတ္တပတ်၏ပထမနေ့တွင် ငါတို့သည် မုန့်ကိုဖဲ့ရန် စုဝေးကြ၏။ ပေါလုသည် သူတို့နှင့်ဆွေးနွေးပြောဆိုလျက်နေ၏။ သူသည် နောက်တစ်နေ့တွင် ထွက်ခွာရန်ကြံရွယ်ထားသည်ဖြစ်၍ သန်းခေါင်အချိန်တိုင်အောင် တရားစကားကို ဆက်၍ဟောပြောလေ၏။
ငါလာသောအခါမှ အလှူကောက်ခံခြင်းမရှိစေရန် ရက်သတ္တပတ်၏ပထမနေ့တိုင်းတွင် သင်တို့တစ်ဦးစီသည် မိမိတို့ကြီးပွားသည့်အတိုင်း တစ်စုံတစ်ခုကိုဖယ်ထား၍ စုဆောင်းထားကြလော့။
သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။