သို့သော် ပေတရုသည် “သင်ပြောနေသည့်အရာကို ငါမသိ၊ နားလည်းမလည်”ဟု ငြင်းဆိုလျက် ခြံအဝင်ဝဘက်သို့ထွက်သွားရာ ကြက်တွန်လေ၏။
ရှင်မာကု 14:70 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေတရုသည် တစ်ဖန်ငြင်းဆိုလေ၏။ ထို့နောက် ခဏကြာလျှင် အနီး၌ရပ်နေသောသူတို့က “သင်သည် အမှန်ပင် သူတို့အထဲမှတစ်ဦးဖြစ်၏။ အကြောင်းမူကား သင်သည်လည်း ဂါလိလဲနယ်သားဖြစ်၏”ဟု ထပ်၍ ပေတရုအားဆိုကြ၏။ Common Language Bible ပေတရုသည်လည်းမဟုတ်ကြောင်းငြင်းဆိုပြန်၏။ ထိုနောက်များမကြာမီအနီးတွင်ရပ်နေသူတို့ က ``သင်သည်ဂါလိလဲပြည်သားဖြစ်သဖြင့် အမှန်ပင်ထိုသူတို့နှင့်အပေါင်းပါဖြစ်၏'' ဟုသူ့အားဆိုကြ၏။ Garrad Bible ခ ဏ ကြာ သော် ရပ် နေ သူ တို့ က ပေ တ ရု အား သင် သည် ဂါ လိ လဲ နယ် သား ဖြစ် သည့် အ လျောက် ထို သူ တို့ အ ပေါင်း ပါ စင် စစ် ဖြစ် သည် ဟု ဆို ကြ ရာ၊ Judson Bible ပေတရုသည် တစ်ဖန် ငြင်းခုံပြန်၏၊ ထိုနောက် များမကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင့်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ပေတရုသည် ထပ်မံငြင်းဆိုလေ၏။ အချိန်အနည်းငယ်ကြာသော် ထိုနေရာ၌ ရပ်နေသောသူတို့က “သင်သည်လည်း အမှန်ပင်ထိုသူတို့ထဲမှ တစ်ယောက်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဂါလိလဲပြည်သားဖြစ်သည်” ဟု ပေတရုကို ဆိုကြ၏။ မြန်မာ ပေတရုသည် တစ်ဖန် ငြင်းခုံပြန်၏၊ ထိုနောက် များမကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင့်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊- |
သို့သော် ပေတရုသည် “သင်ပြောနေသည့်အရာကို ငါမသိ၊ နားလည်းမလည်”ဟု ငြင်းဆိုလျက် ခြံအဝင်ဝဘက်သို့ထွက်သွားရာ ကြက်တွန်လေ၏။
ထို့နောက် ထိုအစေခံမိန်းမသည် ပေတရုကို နောက်တစ်ဖန်တွေ့သဖြင့် အနီး၌ရပ်နေသောသူတို့အား “ဤသူသည် သူတို့ထဲကတစ်ဦးဖြစ်သည်”ဟု ဆို၏။
သူတို့သည် အံ့သြငေးမောကြလျက် “ကြည့်ပါ။ ယခုပြောဆိုနေသော ဤသူအားလုံးတို့သည် ဂါလိလဲနယ်သားများဖြစ်ကြသည်မဟုတ်လော။
သူတို့က “ရှိဗောလက်”ဟု ဆိုခိုင်းသည်ကို ထိုသူက အသံထွက်မမှန်ဘဲ “သိဗောလက်”ဟု အသံထွက်မိလျှင် သူ့ကိုဖမ်း၍ ဂျော်ဒန်မြစ်ရေတိမ်ပိုင်း၌ပင် သတ်ပစ်၏။ ထိုစဉ်က ဧဖရိမ်အမျိုးသားတို့ လေးသောင်းနှစ်ထောင် ကျဆုံးလေ၏။