ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။
ရှင်မာကု 14:69 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုအစေခံမိန်းမသည် ပေတရုကို နောက်တစ်ဖန်တွေ့သဖြင့် အနီး၌ရပ်နေသောသူတို့အား “ဤသူသည် သူတို့ထဲကတစ်ဦးဖြစ်သည်”ဟု ဆို၏။ Common Language Bible အစေခံမကလေးသည်ပေတရုကိုတစ်ဖန်မြင် ပြန်သဖြင့် အနား၌ရပ်နေသူတို့အား ``ဤသူ သည်ထိုသူတို့နှင့်အပေါင်းပါဖြစ်၏'' ဟုဆို ပြန်၏။- Garrad Bible ဤ သူ သည် ထို သူ တို့ အ ပေါင်း ပါ ဖြစ် သည် ဟု ရပ် နေ သူ တို့ အား ဆို သော် ပေ တ ရု ငြင်း ဆို ပြန်၏။ Judson Bible နောက်တစ်ဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့ အဝင်ဖြစ်သည်ဟု ဆိုသော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအစေခံမိန်းကလေးသည် ပေတရုရပ်နေသည်ကို မြင်ပြန်သောအခါ “ဤလူသည် ထိုသူတို့ထဲမှ တစ်ယောက်ဖြစ်သည်” ဟု ဆို၏။ မြန်မာ နောက်တစ်ဖန် အစေအပါမိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့ အဝင်ဖြစ်သည်ဟု ဆိုသော်၊- |
ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။
သို့သော် ပေတရုသည် “သင်ပြောနေသည့်အရာကို ငါမသိ၊ နားလည်းမလည်”ဟု ငြင်းဆိုလျက် ခြံအဝင်ဝဘက်သို့ထွက်သွားရာ ကြက်တွန်လေ၏။
သို့သော် ပေတရုသည် တစ်ဖန်ငြင်းဆိုလေ၏။ ထို့နောက် ခဏကြာလျှင် အနီး၌ရပ်နေသောသူတို့က “သင်သည် အမှန်ပင် သူတို့အထဲမှတစ်ဦးဖြစ်၏။ အကြောင်းမူကား သင်သည်လည်း ဂါလိလဲနယ်သားဖြစ်၏”ဟု ထပ်၍ ပေတရုအားဆိုကြ၏။
ထို့နောက် ခဏကြာသော် အခြားသောသူတစ်ဦးသည် ပေတရုကိုမြင်၍ “သင်သည်လည်း သူတို့ထဲကတစ်ယောက်ဖြစ်သည်”ဟု ဆို၏။ သို့သော် ပေတရုက “အချင်းလူ၊ ငါသည် သူတို့ထဲကမဟုတ်”ဟု ဆိုလေ၏။
ထိုအခါ တံခါးစောင့်ဖြစ်သော ထိုအစေခံမိန်းမက ပေတရုအား “သင်သည်လည်း ထိုသူ၏တပည့်တစ်ဦးဖြစ်သည်မဟုတ်လော”ဟု ဆိုလျှင် ပေတရုက “မဟုတ်ပါ”ဟု ဆိုလေ၏။
ရှိမုန်ပေတရုမူကား ရပ်လျက်မီးလှုံနေဆဲဖြစ်၏။ ထိုအခါ လူတို့က “သင်သည်လည်း ထိုသူ၏တပည့်များထဲမှတစ်ဦးဖြစ်သည်မဟုတ်လော”ဟု မေးကြလျှင် ပေတရုက “မဟုတ်ပါ”ဟု ငြင်းဆိုလေ၏။
ညီအစ်ကိုတို့၊ လူတစ်ဦးသည် ကျူးလွန်သောအပြစ်တစ်စုံတစ်ခုထဲ၌ နစ်မွန်းနေလျှင် ဝိညာဉ်သဘောရှိသောသင်တို့သည် နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးကြလော့။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ခြင်းသို့မကျရောက်စေရန် သတိပြုကြလော့။