သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
ရှင်မာကု 14:55 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကိုသေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့်သက်သေကို ရှာကြသော်လည်း မတွေ့ကြ။ Common Language Bible ယဇ်ပုရောဟိတ်ကြီးများနှင့်တကွ ယုဒ တရားလွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည် သခင်ယေရှုအားသေဒဏ်ပေးနိုင်ရန်သက်သေ ကိုရှာသော်လည်းမတွေ့ကြ။- Garrad Bible ထို အ ခါ ပ ရော ဟိတ် ကြီး တို့ နှင့် လွှတ် တော် အ ရာ ရှိ အ ပေါင်း တို့ သည် ယေ ရှု ကို ကွပ် မျက် ရ စေ ရန် သက် သေ ရှာ၍၊ Judson Bible ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း သက်သေကို ရှာသော်လည်း မတွေ့ကြ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ အကြီးအကဲများနှင့် တရားလွှတ်တော်တစ်ရပ်လုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် သက်သေကို ရှာဖွေကြသော်လည်း မတွေ့ကြ။ မြန်မာ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကို သတ်ရမည်အကြောင်း သက်သေကို ရှာသော်လည်း မတွေ့ကြ။- |
သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
ထိုအခါ လူမိုက်နှစ်ဦးက သူနှင့်မျက်နှာချင်းဆိုင်တွင် လာထိုင်၍ “နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲပါပြီ”ဟု လူတို့ရှေ့တွင် သက်သေခံကြ၏။ ထို့နောက် သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီး ကျောက်ခဲနှင့်ပေါက်ကြသဖြင့် သူသေလေ၏။
အကျွန်ုပ်၏ရန်သူတို့အလိုအတိုင်းပြုကြစေရန် အကျွန်ုပ်ကိုအပ်တော်မမူပါနှင့်။ အကြောင်းမူကား မုသားသက်သေတို့သည် အကျွန်ုပ်တစ်ဖက်၌ထကြလျက် ရက်စက်ကြမ်းကြုတ်သောစကားကို တရစပ်ပြောဆိုကြပါ၏။
ရက်စက်ကြမ်းကြုတ်သောသက်သေတို့သည် ထကြ၍ ငါမသိသောအရာများကို ငါ့အားမေးမြန်းကြ၏။
ထိုအခါ အခြားအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအရာရှိတို့သည် နိုင်ငံအရေးနှင့်ပတ်သက်၍ ဒံယေလကို စွပ်စွဲနိုင်ရန် သူ၏အမှားကို ရှာကြံကြ၏။ သို့သော် ဒံယေလသည် သစ္စာရှိသူဖြစ်သည်နှင့်အညီ သူ၌ မှားယွင်းမှု၊ ပေါ့ဆမှုတစ်စုံတစ်ရာမျှမရှိ။ သူ၌အမှားမတွေ့သောကြောင့် သူ့ကိုစွပ်စွဲ၍မရကြ။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။
အကြောင်းမူကား လူများစွာတို့သည် ကိုယ်တော်၏တစ်ဖက်၌ မမှန်သောသက်သေထွက်ဆိုကြသော်လည်း သူတို့၏သက်သေခံချက်များသည် ကိုက်ညီမှုမရှိကြပေ။
ထိုစဉ်တွင် ယဇ်ပုရောဟိတ်မင်းသည် ယေရှုအား တပည့်တော်တို့နှင့်ပတ်သက်၍လည်းကောင်း၊ သူ၏သွန်သင်ချက်နှင့်ပတ်သက်၍လည်းကောင်း မေးမြန်း၏။
သင်သည် အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း။ လူတို့အား မည်သို့ ငါဟောပြောခဲ့သည်ကို ကြားနာသောသူတို့ထံ မေးမြန်းလော့။ ငါပြောဆိုခဲ့သောအရာများကို ထိုသူတို့သိကြ၏”ဟု ပြန်၍မိန့်တော်မူ၏။