ဧလိယသည် ထိုအသံကိုကြားလျှင် မိမိမျက်နှာကို ဝတ်လုံနှင့်အုပ်ပြီး တောင်ထိပ်လိုဏ်ဂူဝတွင် ထွက်ရပ်နေ၏။ ထိုအခါ အသံတော်က “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မေး၏။
ရှင်မာကု 14:54 - မြန်မာ့စံမီသမ္မာကျမ်း ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအတွင်းထဲအထိ ကိုယ်တော့်နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ အစောင့်တပ်သားများနှင့်အတူထိုင်လျက် မီးလှုံနေ၏။ Common Language Bible ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းအတွင်းသို့တိုင် အောင် ကိုယ်တော်၏နောက်တော်ကလိုက်လာခဲ့၏။ သူသည်ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူ မီးလှုံလျက်နေ၏။- Garrad Bible ပေ တ ရု သည် ပ ရော ဟိတ် မင်း၏ ကျောင်း တော့် တံ တိုင်း အ တွင်း တိုင် အောင် အ ဝေး က လိုက်၍ မင်း မှု ထမ်း တို့ နှင့် အ တူ မီး လှုံ လျက် ထိုင် နေ၏။ Judson Bible ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်အတူ ထိုင်၍မီးလှုံလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းတိုင်အောင် မလှမ်းမကမ်းမှ လိုက်လေ၏။ သူသည် အတွင်းသို့ ဝင်၍ အစောင့်တပ်သားများနှင့်အတူ ထိုင်ကာ မီးလှုံလျက် နေ၏။ မြန်မာ ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်အတူ ထိုင်၍မီးလှုံလေ၏။- |
ဧလိယသည် ထိုအသံကိုကြားလျှင် မိမိမျက်နှာကို ဝတ်လုံနှင့်အုပ်ပြီး တောင်ထိပ်လိုဏ်ဂူဝတွင် ထွက်ရပ်နေ၏။ ထိုအခါ အသံတော်က “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မေး၏။
ထိုနေရာရှိလိုဏ်ဂူတစ်ခုထဲသို့ဝင်၍ ညအိပ်၏။ ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မိန့်ဆို၏။
ထိုအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများသည် ကယာဖဟုခေါ်သော ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲ၌ စုဝေးလျက်
ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအထိ ကိုယ်တော်၏နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ နောက်ဆုံးမည်သို့ဖြစ်မည်ကိုသိမြင်ရန် အထဲသို့ဝင်၍ အစောင့်တပ်သားများနှင့်အတူထိုင်နေ၏။
ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။
ပေတရုသည် ခြံဝင်းအောက်ဘက်၌ရှိစဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမိန်းမတစ်ဦးသည်လာ၍
ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။
ထို့နောက် သူတို့သည် ကိုယ်တော်ကိုဖမ်းဆီး၍ ဆွဲခေါ်သွားကာ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်လာကြ၏။ ပေတရုမူကား မလှမ်းမကမ်းမှလိုက်သွားလေ၏။
ထိုကာလသည်ချမ်းအေးသောကြောင့် အစေအပါးတို့နှင့် အစောင့်တပ်သားတို့သည် မီးခဲဖိုပြီး ရပ်လျက်မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံနေ၏။
ရှိမုန်ပေတရုမူကား ရပ်လျက်မီးလှုံနေဆဲဖြစ်၏။ ထိုအခါ လူတို့က “သင်သည်လည်း ထိုသူ၏တပည့်များထဲမှတစ်ဦးဖြစ်သည်မဟုတ်လော”ဟု မေးကြလျှင် ပေတရုက “မဟုတ်ပါ”ဟု ငြင်းဆိုလေ၏။
ဟေဗြဲလူမျိုးတို့သည် ဂျော်ဒန်မြစ်တစ်ဖက် ဂဒ်ပြည်၊ ဂိလဒ်ပြည်တို့သို့ ကူးသွားကြ၏။ ရှောလုမင်းကြီးသည် ဂိလဂါလမြို့၌ပင်ရှိပြီး သူနှင့်အတူရှိသောစစ်သည်အပေါင်းတို့မှာလည်း ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်၏။