ပျင်းရိသောသူသည် မိမိ၏လက်ကိုပန်းကန်ထဲသို့နှိုက်သော်လည်း ၎င်းကို မိမိပါးစပ်ထဲသို့ ပြန်၍မသွင်းလို။
ရှင်မာကု 14:20 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“တစ်ဆယ့်နှစ်ပါးသောသူတို့ထဲမှ တစ်ဦးဖြစ်ပြီး ငါနှင့်အတူတစ်ပန်းကန်ထဲတွင် လက်နှိုက်သောသူဖြစ်၏။ Common Language Bible ကိုယ်တော်က ``ထိုသူသည်တစ်ကျိပ်နှစ်ပါးတွင် အပါအဝင်ဖြစ်၏။ ငါနှိုက်သောပန်းကန်တွင် နှိုက်၍စားသူဖြစ်၏။- Garrad Bible ပန်း ကန် တွင် ငါ နှင့် အ တူ နှိုက် သူ၊ တစ် ဆယ့် နှစ် ပါး ပါ ဝင် သူ ဖြစ် သ တည်း။ Judson Bible ကိုယ်တော်ကလည်း၊ တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်၍ ငါနှင့်အတူ ပန်းကန်တွင် နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်က “ထိုသူသည် သင်တို့ဆယ့်နှစ်ပါးထဲမှ ဖြစ်၍ ငါ့နှင့်အတူ ပန်းကန်တွင် မုန့်ကို တို့စားသောသူဖြစ်၏။ မြန်မာ ကိုယ်တော်ကလည်း၊ တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်၍ ငါနှင့်အတူ ပန်းကန်တွင် နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။- |
ပျင်းရိသောသူသည် မိမိ၏လက်ကိုပန်းကန်ထဲသို့နှိုက်သော်လည်း ၎င်းကို မိမိပါးစပ်ထဲသို့ ပြန်၍မသွင်းလို။
ကိုယ်တော်ကလည်း“ငါနှင့်အတူတစ်ပန်းကန်ထဲတွင် လက်နှိုက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်။
ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများက စေလွှတ်လိုက်သည့် များစွာသောလူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။
သူတို့သည် စိတ်မကောင်းဖြစ်လျက် “အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ယောက်ပြီးတစ်ယောက်မေးလျှောက်ကြ၏။
လူ့သားသည် မိမိနှင့်ပတ်သက်၍ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မမွေးဖွားလာခဲ့လျှင် သူ့အတွက် သာ၍ကောင်းပေလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ်၌ပင် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် သက်ကြီးဝါကြီးများကစေလွှတ်လိုက်သော လူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။
ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် လူအစုအဝေးတို့သည်ရောက်လာကြ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သော ယုဒဆိုသူသည် သူတို့ကိုဦးဆောင်လာ၍ ယေရှုကိုနမ်းရန် ချဉ်းကပ်လေ၏။
ယေရှုကလည်း“ထိုသူကား မုန့်တစ်ဖဲ့ကိုငါနှစ်၍ ပေးသောသူဖြစ်၏”ဟု ပြန်၍မိန့်တော်မူပြီးလျှင် မုန့်တစ်ဖဲ့ကိုနှစ်ပြီးမှ ၎င်းကိုယူ၍ ရှိမုန်၏သား ယုဒဣရှကာရုတ်အား ပေးတော်မူ၏။
ဤသည်ကား ရှိမုန်၏သား ယုဒဣရှကာရုတ်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ သူသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်လျက် ကိုယ်တော်ကိုအပ်နှံရန် ကြံရွယ်နေ၏။