ပထမလ၊ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်မှစ၍ နှစ်ဆယ့်တစ်ရက်နေ့ နေဝင်ချိန်တိုင်အောင် တဆေးမဲ့မုန့်ကို သင်တို့စားရမည်။
ရှင်မာကု 14:12 - မြန်မာ့စံမီသမ္မာကျမ်း တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်တို့က “ပသခါပွဲတော်ညစာကိုသုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာသို့သွား၍ ပြင်ဆင်စေလိုပါသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။ Common Language Bible ပသခါသိုးသူငယ်ကိုသတ်၍ပူဇော်ရသော နေ့တည်းဟူသော တဆေးမဲ့မုန့်ပွဲတော်ပထမ နေ့၌တပည့်တော်တို့က ``အရှင့်အတွက်ပသခါ ပွဲညစာကို အကျွန်ုပ်တို့အဘယ်အရပ်သို့သွား ၍ပြင်ဆင်ရပါမည်နည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ Garrad Bible ပ သ ခါ ယဇ် ကို စီ ရင် လေ့ ရှိ သော တ ဆေး မဲ့ မုန့် ပွဲ ပ ဌ မ နေ့ တွင် တ ပည့် တော် တို့ က ပ သ ခါ ပွဲ ကို စား တော် ခေါ် ရန် မည် သည့် အ ရပ် သို့ သွား၍ ပြင် ဆင် စေ တော် မူ လို ပါ သ နည်း ဟု မေး လျှောက် ကြ ရာ၊ Judson Bible ပသခါသိုးသငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပထမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဖို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း တဆေးမဲ့မုန့်ပွဲတော်ပထမနေ့ဖြစ်သည့် ပသခါသိုးသငယ်ကို ယဇ်ပူဇော်ရသောနေ့တွင် ယေရှု၏ တပည့်တော်တို့က “သခင့်အတွက် ပသခါပွဲတော်ညစာကို အကျွန်ုပ်တို့ မည်သည့်နေရာသို့ သွား၍ ပြင်ဆင်ရပါမည်နည်း” ဟု မေးလျှောက်ကြ၏။ မြန်မာ ပသခါသိုးသငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပထမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဖို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊- |
ပထမလ၊ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်မှစ၍ နှစ်ဆယ့်တစ်ရက်နေ့ နေဝင်ချိန်တိုင်အောင် တဆေးမဲ့မုန့်ကို သင်တို့စားရမည်။
ထိုသိုးသငယ်ကို ဤလတစ်ဆယ့်လေးရက်တိုင်အောင် သင်တို့ထံ၌ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အစ္စရေးလူထုအစုအဝေးအပေါင်းတို့သည် နေဝင်ချိန်၌သတ်၍
ဤည၌ပင် အသားကိုမီးကင်၍ တဆေးမဲ့မုန့်နှင့်ခါးသောဟင်းရွက်တို့ဖြင့် စားရမည်။
ထို့နောက် မောရှေက အစ္စရေးလူမျိုးတို့အား “ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ထွက်လာသော ဤနေ့ရက်ကို အောက်မေ့လော့။ အကြောင်းမူကား ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ဤအရပ်မှ ထုတ်ဆောင်တော်မူခဲ့၏။ တဆေးပါသောမုန့်ကိုမစားရ။
ယေရှုကလည်း“ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။
ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော်များကျရောက်ရန် နှစ်ရက်သာလိုတော့၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများသည် ယေရှုကို ပရိယာယ်အားဖြင့် မည်ကဲ့သို့ဖမ်းဆီးသတ်ဖြတ်ရမည်ကို ရှာကြံနေကြ၏။
သူတို့သည်ကြားလျှင် ဝမ်းမြောက်၍ သူ့ကိုငွေပေးမည်ဟု ကတိပေးကြ၏။ သူသည်လည်း သင့်လျော်သောအချိန်၌ ကိုယ်တော်ကိုအပ်နှံနိုင်ရန် နည်းလမ်းကိုရှာကြံလျက်နေ၏။
ကိုယ်တော်ကလည်း တပည့်တော်နှစ်ပါးကိုစေလွှတ်၍“မြို့ထဲသို့သွားကြလော့။ ထိုအခါ ရေအိုးထမ်းသောသူတစ်ဦးကို သင်တို့တွေ့ကြလိမ့်မည်။ ထိုသူ၏နောက်သို့လိုက်သွားကြပြီး
သို့သော် အချိန်ကာလပြည့်စုံခြင်းသို့ရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကိုစေလွှတ်တော်မူ၍ ထိုသားတော်သည် မိန်းမတစ်ဦးမှမွေးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။
သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော မည်သည့်မြို့၌မျှ ပသခါယဇ်ကို မပူဇော်ရ။