ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
ရှင်မာကု 14:11 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည်ကြားလျှင် ဝမ်းမြောက်၍ သူ့ကိုငွေပေးမည်ဟု ကတိပေးကြ၏။ သူသည်လည်း သင့်လျော်သောအချိန်၌ ကိုယ်တော်ကိုအပ်နှံနိုင်ရန် နည်းလမ်းကိုရှာကြံလျက်နေ၏။ Common Language Bible ထိုသူတို့သည်သူလာရသည့်အကြောင်းကို ကြားသိသောအခါ ဝမ်းမြောက်သဖြင့်သူ့အား ငွေပေးရန်ကတိပြုကြ၏။ သို့ဖြစ်၍ယုဒ သည်ကိုယ်တော်အားရန်သူ့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာလျက်နေ၏။ Garrad Bible ထို သူ တို့ ကြား နာ ဝမ်း မြောက်၍ ငွေ ပေး မည် ဟု က တိ ထား ကြ သ ဖြင့် ပို့ အပ် ရန် အ ချိန် အ ခွင့် ကို ယု ဒ ရှာ ကြံ လျက် နေ ၏။ Judson Bible ထိုသူတို့သည် ကြားလျှင် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ထိုနောက် အဆင်သင့်သော အချိန်ကာလ၌ ကိုယ်တော်ကို အဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက်နေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယုဒရှကာရုတ်လာရခြင်းအကြောင်းကို ကြားသောအခါ ဝမ်းမြောက်၍ သူ့အား ငွေပေးရန် ကတိပြုကြ၏။ ထို့ကြောင့် ယုဒသည် ယေရှုကို ထိုသူတို့လက်သို့ အပ်နှံရန် အခွင့်ကောင်းကို ရှာကြံလျက်နေ၏။ မြန်မာ ထိုသူတို့သည် ကြားလျှင် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ထိုနောက် အဆင်သင့်သော အချိန်ကာလ၌ ကိုယ်တော်ကို အဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက်နေ၏။ |
ထိုအခါ အာဟပ်မင်းကြီးက ဧလိယအား “အို ငါ့ရန်သူ၊ သင်သည် ငါ့ကိုတွေ့ပြီလော”ဟု ဆိုလျှင် ဧလိယက “သင်သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုပြုရန် သင့်ကိုယ်သင်ရောင်းစားသောကြောင့် သင့်ကိုငါတွေ့ပြီ။
ဧလိရှဲက သူ့အား “ထိုလူသည် ရထားပေါ်မှဆင်းလာပြီး သင်နှင့်တွေ့သည့်နေရာသို့ ငါ့ဝိညာဉ်သည် ရောက်နေသည်ကို သင်မသိသလော။ ယခုအချိန်သည် ငွေကိုလက်ခံရမည့်အချိန်လော။ အဝတ်အစား၊ သံလွင်ခြံ၊ စပျစ်ခြံ၊ သိုးနွား၊ ကျွန်ယောက်ျားကျွန်မိန်းမတို့ကို လက်ခံရမည့်အချိန်လော။
သူတို့သည် မကောင်းမှုများဖြင့် ရှင်ဘုရင်ကို ဝမ်းမြောက်စေ၏။ မုသားစကားများဖြင့် မှူးမတ်တို့ကို ဝမ်းမြောက်စေ၏။
ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့သွား၍
“ယေရှုကို သင်တို့လက်သို့အပ်နှံလျှင် သင်တို့သည် အကျွန်ုပ်အား ငွေမည်မျှပေးမည်နည်း”ဟု ဆိုသော် သူတို့သည် ယုဒအား ငွေဒင်္ဂါးသုံးဆယ်ကို သတ်မှတ်ပေးကြ၏။
ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှတစ်ပါးဖြစ်သော ယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများလက်သို့ ကိုယ်တော်ကိုအပ်နှံရန် သူတို့ထံသို့သွားလေ၏။
တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်တို့က “ပသခါပွဲတော်ညစာကိုသုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာသို့သွား၍ ပြင်ဆင်စေလိုပါသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
ထိုအခါ စာတန်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့တွင် အပါအဝင်ဖြစ်သည့် ဣရှကာရုတ်ဟုခေါ်သော ယုဒထဲသို့ဝင်သဖြင့်
အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။
သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကာဣန၏လမ်းစဉ်ကိုလိုက်၍ အခကြေးငွေအတွက် ဗာလမ်၏မှားယွင်းခြင်းထဲသို့ကျရောက်သွားကာ ကောရ၏ဆန့်ကျင်မှုမျိုး၌ ပျက်စီးဆုံးရှုံးကြ၏။