ယေရမိက စရာယအား “ဘေဘီလုံမြို့သို့ ရောက်သောအခါ သင်သည် ဤစာကို အကုန်အစင်သေသေချာချာဖတ်ပြပြီးလျှင်
ရှင်မာကု 13:1 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဗိမာန်တော်မှထွက်ခွာသွားတော်မူစဉ် တပည့်တော်တို့ထဲမှ တစ်ပါးက “ဆရာ၊ ကြည့်ပါ။ အလွန်ကြီးမားသောကျောက်တုံးများနှင့် အလွန်ထည်ဝါသောအဆောက်အအုံများပါတကား”ဟု လျှောက်လေ၏။ Common Language Bible ဗိမာန်တော်မှကိုယ်တော်ထွက်ကြွတော်မူစဉ် တပည့် တော်တစ်ဦးက ``အရှင်ဘုရား၊ ကြည့်တော်မူပါ။ ဤ ကျောက်တုံးများသည်ကြီးမားလှ၍ ဤအဆောက် အအုံများသည်လည်းကြီးကျယ်လှပါသည် တကား'' ဟုလျှောက်ထား၏။ Garrad Bible ဗိ မာန် တော် မှ ထွက် ကြွ တော် မူ စဉ် တ ပည့် တော် တစ် ယောက် က ဆ ရာ၊ ဤ ကျောက် နှင့် အ ဆောင် များ မည် မျှ ကြီး သည် ကို ကြည့် တော် မူ ပါ ဟု လျှောက် သော်၊ Judson Bible ကိုယ်တော်သည် ဗိမာန်တော်မှ ထွက်ကြွတော်မူသော်၊ တပည့်တော်တစ်ယောက်က၊ အရှင်ဘုရား ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကားဟု လျှောက်လျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူစဉ် တပည့်တော်တစ်ဦးက “ဆရာတော်… ကြည့်တော်မူပါ။ အံ့ဖွယ်အဆောက်အအုံများနှင့် အံ့ဖွယ်ကျောက်တုံးကြီးများပင် ဖြစ်ပါသည်” ဟု လျှောက်လေ၏။ မြန်မာ ကိုယ်တော်သည် ဗိမာန်တော်မှ ထွက်ကြွတော်မူသော်၊ တပည့်တော်တစ်ယောက်က၊ အရှင်ဘုရား ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကားဟု လျှောက်လျှင်၊- |
ယေရမိက စရာယအား “ဘေဘီလုံမြို့သို့ ရောက်သောအခါ သင်သည် ဤစာကို အကုန်အစင်သေသေချာချာဖတ်ပြပြီးလျှင်
ငါကြည့်နေစဉ်မှာပင် ခေရုဗိမ်တို့သည် အတောင်ပံကိုဖြန့်၍ မြေမှကြွသွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့်အတူ လိုက်သွား၏။ ထာဝရဘုရားအိမ်တော်အရှေ့ဘက်တံခါးဝသို့ရောက်သောအခါ ရပ်နေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းအသရေတော်သည်လည်း သူတို့အပေါ်တွင် တည်နေ၏။
ထာဝရဘုရား၏ဘုန်းတော်သည် ခေရုဗိမ်အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့သွားလျှင် အိမ်တော်တစ်ခုလုံး မိုးတိမ်များလွှမ်းခြုံသွား၏။ ဝင်းတစ်ခုလုံးသည်လည်း ထာဝရဘုရား၏ဘုန်းတော်ရောင်ခြည်နှင့် ထွန်းတောက်လေ၏။
တစ်ဖန် “အချင်းလူသား၊ ငါ၏သန့်ရှင်းရာဌာနကို ငါစွန့်ပစ်အောင် အစ္စရေးအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုကြီးကို သင်မြင်ပြီလော။ ထို့ပြင် ထို့ထက်သာ၍ စက်ဆုပ်ရွံရှာဖွယ်များ ပြုနေသည်ကို သင်မြင်ရဦးမည်”ဟု မိန့်တော်မူ၏။