အို ဘုရားရှင်၊ မေတ္တာကရုဏာကို ကိုယ်တော်ပိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။
ရှင်မာကု 10:48 - မြန်မာ့စံမီသမ္မာကျမ်း လူအများတို့သည် သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူသည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု ပို၍အော်ဟစ်လေ၏။ Common Language Bible လူတို့ကသူ့အားဆိတ်ဆိတ်နေရန်ငေါက်ငမ်း ပြောဆိုကြ၏။ သို့သော်လည်းသူသည် ``ဒါဝိဒ် ၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော် မူပါ'' ဟုပို၍ပင်ဟစ်အော်လေ၏။ Garrad Bible ဆိတ် ဆိတ် နေ စေ ရန် လူ အ များ တို့ ဆုံး မ ကြ သော် လည်း ဒါ ဝိဒ် မင်း သား တော် သ နား တော် မူ ပါ ဟု တိုး ၍ အော် ဟစ် လေ၏။ Judson Bible ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ လူအများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်လေသော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့က သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြသော်လည်း သူသည် ပို၍ကျယ်သောအသံဖြင့် “ဒါဝိဒ်မင်း၏သားတော် ယေရှု… အကျွန်ုပ်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။ မြန်မာ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ လူအများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်လေသော်၊- |
အို ဘုရားရှင်၊ မေတ္တာကရုဏာကို ကိုယ်တော်ပိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။
သင်တို့သည် ငါ့ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောအခါ ငါ့ကို ရှာတွေ့လိမ့်မည်ဟူ၍ မိန့်တော်မူ၏။
ထို့နောက် လက်တော်တင်လျက် ဆုတောင်းပေးစေရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။
လူထုပရိသတ်သည် သူတို့ကိုတိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူတို့သည် “သခင်ဘုရား၊ ဒါဝိဒ်၏သားတော် အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု ပို၍အော်ဟစ်ကြ၏။
ယေရှုသည် ထိုအရပ်မှကြွတော်မူစဉ် မျက်မမြင်နှစ်ဦးတို့သည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်လျက်ကိုယ်တော်၏နောက်မှလိုက်လာကြ၏။
ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။
ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံ၏အိမ်မှ လူတို့သည် ရောက်လာ၍ “သင်၏သမီးသေဆုံးသွားပါပြီ။ ဆရာ့ကို အဘယ်ကြောင့် ဆက်၍နှောင့်ယှက်နေဦးမည်နည်း”ဟု ပြောကြ၏။
ရှေ့မှသွားသောသူတို့သည် သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူသည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု ပို၍အော်ဟစ်လေ၏။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် အချိန်ရှိသရွေ့ ဝိညာဉ်တော်၌ဆုတောင်းကြလော့။ ထိုသို့ပြုနိုင်ရန် နိုးနိုးကြားကြားရှိလျက် ဇွဲလုံ့လအပြည့်အဝဖြင့် သန့်ရှင်းသူအပေါင်းတို့အတွက် အသနားခံကြလော့။
ခရစ်တော်သည် လူသားအဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သောအော်ဟစ်သံနှင့်မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။