ဤအမှုသည် ထာဝရဘုရားအဖို့ သေးငယ်သောအမှုသာဖြစ်၏။ မောဘလူမျိုးကိုလည်း သင်တို့လက်သို့ အပ်တော်မူလိမ့်မည်။
ရှင်မာကု 10:27 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက်“ဤအရာသည် လူတို့အတွက်မဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက်မူကား ထိုသို့မဟုတ်။ အကြောင်းမှာ ဘုရားသခင်အတွက် အရာခပ်သိမ်းသည်ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုသည်သူတို့ကိုစေ့စေ့ကြည့်တော်မူ ၍ ``ဤအမှုကိုလူမတတ်နိုင်သော်လည်းဘုရား သခင်တတ်နိုင်တော်မူ၏။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူ၏'' ဟုမိန့်တော်မူ၏။ Garrad Bible ယေ ရှု လည်း တ ပည့် တော် တို့ ကို ရှု ကြည့် လျက် ဤ သို့ လူ မ တတ် နိုင်။ ဘု ရား သ ခင် မူ ကား မ တတ် နိုင် သည် မ ဟုတ်။ အ ရာ ခပ် သိမ်း ကို တတ် နိုင် တော် မူ သည် ဟု မိန့် တော် မူ ၏။ Judson Bible ယေရှုကလည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း၊ ဘုရားသခင် မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် သူတို့ကို စူးစိုက်ကြည့်တော်မူ၍ “ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင်တတ်နိုင်တော်မူ၏။ ဘုရားသခင်သည် အရာအားလုံးကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း၊ ဘုရားသခင် မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ |
ဤအမှုသည် ထာဝရဘုရားအဖို့ သေးငယ်သောအမှုသာဖြစ်၏။ မောဘလူမျိုးကိုလည်း သင်တို့လက်သို့ အပ်တော်မူလိမ့်မည်။
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။
“ကိုယ်တော်သည် အရာခပ်သိမ်းကိုတတ်နိုင်တော်မူ၍ ကိုယ်တော်၏အကြံအစည်ကို မည်သူမျှ မဆီးတားနိုင်ကြောင်းကို အကျွန်ုပ်သိပါ၏။
‘အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော်အတွက် ခက်ခဲလွန်းသောအမှုတစ်စုံတစ်ခုမျှမရှိပေ။
“ကြည့်ရှုလော့။ ငါသည် သတ္တဝါအပေါင်းတို့ကိုဖန်ဆင်းသော ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါ့အတွက် ခက်ခဲလွန်းသောအရာရှိမည်လော။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ထိုကာလတွင် ထိုအမှုသည် ကြွင်းကျန်သော ဤလူမျိုးတော်တို့အဖို့ အံ့ဩဖွယ်ရာဖြစ်လျှင်လည်း ငါ့အဖို့မူကား အံ့ဩဖွယ်ရာဖြစ်လိမ့်မည်လော’ဟု မိန့်တော်မူ၏။
သို့သော် ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက်“ဤအရာသည် လူတို့အတွက် မဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
ထိုအခါ တပည့်တော်တို့သည် ပို၍ပင်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု အချင်းချင်းပြောဆိုကြ၏။
ဘုရားသခင်အတွက် မဖြစ်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်၍မြွက်ဆိုလေ၏။
ကိုယ်တော်ကလည်း“လူတို့အတွက်မဖြစ်နိုင်သောအရာများသည် ဘုရားသခင်အတွက်ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။
ထိုသခင်သည် အရာခပ်သိမ်းတို့ကို မိမိအားနာခံစေနိုင်သောတန်ခိုးအားဖြင့် ငါတို့၏ဂုဏ်သေးသိမ်သောကိုယ်ခန္ဓာကို မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာနှင့်တူညီစေရန် ပြောင်းလဲစေတော်မူလိမ့်မည်။
ဘုရားသခင်သည် သေလွန်သောသူတို့ကိုပင် ထမြောက်စေနိုင်သည်ဟု သူသည်မှတ်ယူလျက် ထိုသို့ပူဇော်၏။ ပုံဥပမာအဖြစ်ဆိုရလျှင် သူသည် ထိုသားကို သေသောသူတို့ထဲမှ ပြန်ရခဲ့၏။
ထို့ကြောင့် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သောသူတို့ကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အမြဲအသက်ရှင်လျက်ရှိတော်မူ၏။