သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
ရှင်မာကု 10:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် မျက်နှာညှိုးငယ်၍ ဝမ်းနည်းလျက်ထွက်သွားလေ၏။ Common Language Bible ထိုသူကားဥစ္စာပစ္စည်းများစွာကြွယ်ဝသူဖြစ် သဖြင့် ကိုယ်တော်၏စကားကိုကြားသောအခါ မျက်နှာညှိုးငယ်၍စိတ်မချမ်းမသာဖြစ်လျက် ထွက်ခွာသွားလေ၏။ Garrad Bible ထို စ ကား ကို ထောက်၍ ဥ စ္စာ ပ စ္စည်း ကြွယ် ဝ သူ ဖြစ် သော ကြောင့် မျက် နှာ ပျက် လျက် နှ လုံး မ သာ ထွက် သွား လေ ၏။ Judson Bible ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့် သွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ထိုသူသည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် မျက်နှာညိုး၍ စိတ်မသက်မသာဖြင့် ထွက်သွားလေ၏။ မြန်မာ ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့် သွားလေ၏။ |
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
ဆူးပင်တို့တွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာ၌စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်၏လှည့်ဖြားခြင်းတို့က တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူကိုဆိုလို၏။
ထိုလူငယ်သည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် ဝမ်းနည်းလျက် ထွက်သွားလေ၏။
ကိုယ်တော်ကိုအပ်နှံသောယုဒသည် ကိုယ်တော်ပြစ်ဒဏ်စီရင်ခြင်းခံရကြောင်းတွေ့မြင်လျှင် စိတ်မကောင်းဖြစ်ကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများထံ ငွေဒင်္ဂါးသုံးဆယ်ကိုပြန်ပေးလျက်
ယေရှုသည် ထိုသူကိုစူးစိုက်ကြည့်လျက် သူ့အပေါ်မေတ္တာထား၍“သင်၌တစ်ခုလိုသေး၏။ သင်၌ရှိသမျှသောအရာတို့ကို သွား၍ရောင်းပြီးလျှင် ဆင်းရဲသားတို့အားပေးကမ်းလော့။ ထိုသို့ပြုလျှင် သင်သည်ကောင်းကင်ဘုံ၌ ဥစ္စာဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုသည် ပတ်ပတ်လည်သို့ကြည့်ရှုလျက်“ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသူဖြစ်ကြောင်း ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေလျက် စောင့်ရှောက်ထားသည့်အပြင် ယောဟန်၏စကားကိုကြားရသည့်အခါ အလွန်စိတ်အနှောင့်အယှက်ဖြစ်တတ်သော်လည်း ဝမ်းမြောက်စွာနားထောင်လေ့ရှိသောကြောင့်ဖြစ်၏။
မင်းကြီးသည် အလွန်စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ စားပွဲ၌ထိုင်နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ သူ့ကို မငြင်းဆန်လိုသဖြင့်
ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
ထိုသူသည် အလွန်ချမ်းသာသောသူဖြစ်သောကြောင့် ထိုစကားကိုကြားသောအခါ အလွန်ဝမ်းနည်းလေ၏။
အကြောင်းမူကား ဘုရားသခင်၏အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ယူကျုံးမရမဖြစ်ရလေအောင် ကယ်တင်ခြင်းရရှိစေသည့် နောင်တစိတ်ကိုဖြစ်ပေါ်စေ၏။ လောကီဝမ်းနည်းခြင်းမူကား သေခြင်းကိုဖြစ်ပေါ်စေ၏။
တရားနှင့်မညီမေထုန်ပြုသူ၊ ညစ်ညူးသောသူ၊ ရုပ်တုကိုးကွယ်သူဖြစ်သော လောဘလွန်ကျူးသူတစ်စုံတစ်ဦးမျှ ခရစ်တော်နှင့်ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း ကောင်းစွာသိမှတ်ကြလော့။
အကြောင်းမူကား ဒေမသည် ယခုဘဝကိုချစ်၍ ငါ့ကိုစွန့်ပစ်ကာ သက်သာလောနိတ်မြို့သို့ သွားလေပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းကောင်း သွားကြပြီ။